ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်လာမှာ မဟုတ်ဘဲ နိုင်ငံရေးလေလုံးထွားမယ့်ပွဲသာ ဖြစ်လာမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

လက်ရှိအခြေအနေအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်လာမှာ မဟုတ်ဘဲ နိုင်ငံရေးလေလုံးထွားမယ့်ပွဲသာ ဖြစ်လာမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

စစ်တွေ၊ ဇန်နဝါရီ ၁၉

လက်ရှိအခြေအနေအရ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်လာမှာမဟုတ်ဘဲ နိုင်ငံရေးလေလုံးထွားမယ့်ပွဲပဲ ဖြစ်လာမယ်လို့ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇန်နဝါရီ ၁၈ ရက်နေ့က ပြည်ပသတင်းမီဒီယာတစ်ခုနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

လက်ရှိအခြေအနေအရ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆပြီး အခုလို အမုန်းတရားတွေ လွှမ်းမိုးနေတဲ့အချိန်မှာ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတော့ ဖြစ်လာမှာမဟုတ်ဘဲ နိုင်ငံရေး လေလုံးထွားမယ့်ပွဲသာ ဖြစ်နိုင်တယ်လို့ ပြောကြားတာဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-SAC က NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ကို တွေ့ဆုံဆွေးနွေးဖို့ အကြောင်းကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။

SAC ရဲ့ နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ကို လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ရည်ရွယ်ပါက ကြိုဆိုကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS) က ထုတ်ပြန်ထားပါတယ်။

လက္ရွိအေျခအေနအရ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲျဖစ္လာမွာ မဟုတ္ဘဲ ႏိုင္ငံေရးေလလုံးထြားမယ့္ပြဲသာ ျဖစ္လာမယ္လို႔ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ေျပာ

စစ္ေတြ၊ ဇန္နဝါရီ ၁၉

လက္ရွိအေျခအေနအရ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲျဖစ္လာမွာမဟုတ္ဘဲ ႏိုင္ငံေရးေလလုံးထြားမယ့္ပြဲပဲ ျဖစ္လာမယ္လို႔ ရကၡိဳင့္တပ္ေတာ္ (AA) စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ဇန္နဝါရီ ၁၈ ရက္ေန႔က ျပည္ပသတင္းမီဒီယာတစ္ခုနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ေျဖၾကားထားပါတယ္။

လက္ရွိအေျခအေနအရ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ယူဆၿပီး အခုလို အမုန္းတရားေတြ လႊမ္းမိုးေနတဲ့အခ်ိန္မွာ တကယ့္စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး ေစ့စပ္ညႇိႏႈိင္းမႈေတာ့ ျဖစ္လာမွာမဟုတ္ဘဲ ႏိုင္ငံေရး ေလလုံးထြားမယ့္ပြဲသာ ျဖစ္ႏိုင္တယ္လို႔ ေျပာၾကားတာျဖစ္ပါတယ္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ-SAC က NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST)ကို ေတြ႕ဆုံေဆြးေႏြးဖို႔ အေၾကာင္းၾကားစာေပးပို႔ထားတယ္လို႔ သိရပါတယ္။

SAC ရဲ႕ ႏိုင္ငံေရးေဆြးေႏြးဖို႔ ဖိတ္ေခၚခ်က္ကို လက္ရွိ ႏိုင္ငံေရး အက်ပ္အတည္း ေျဖရွင္းႏိုင္ေရးနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးတို႔အတြက္ ရည္႐ြယ္ပါက ႀကိဳဆိုေၾကာင္း ရွမ္းလက္နက္ကိုင္အဖြဲ႕(RCSS) က ထုတ္ျပန္ထားပါတယ္။

credit all

Be the first to comment

Leave a Reply

Your email address will not be published.


*