တိုင်းနဲ့ပြည်နယ် (၉) ခုမှာ ဇန်နဝါရီ ၂၀ ရက်ကနေ ၂၃ ရက်အတွင်း မိုးရွာမည့် သတိပေးထုတ်ပြန်ချက်

တိုင်းနဲ့ပြည်နယ် (၉) ခုမှာ ဇန်နဝါရီ ၂၀ ရက်ကနေ ၂၃ ရက်အတွင်း မိုးရွာမည့် သတိပေးထုတ်ပြန်ချက်

ဇန်နဝါရီ ၂၀ ရက်ကနေ ၂၃ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ အချိန် အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုး/ဇလကထုတ်ပြန်လိုက်ပါတယ်။အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်မည့်သတိပေးချက်အမှတ်စဉ် (၀၃/၂၀၂၂) အရ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသောလေအေးများတွေ့ဆုံမှုကြောင့်

ဇန်နဝါရီ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကျဲကျဲရွာသွန်းနိုင်တယ်လို့ မိုးဇလမှ ထုတ်ပြန်ထားပါတယ်။

မိုးလေဝသ စုစုစံရဲ့ ထုတ်ပြန်ချက်အရ “၂၀၂၂ ဇန်နဝါရီလ ၂၀ရက် ၂၁ရက်နေ့တွေမှာ ကျောက်ဆည် စဥ့်ကိုင် တံတားဦး မြို့သာ မြင်းမူ စစ်ကိုင်း အမရပူရ မန္တလေးပုသိမ်ကြီး အုန်းချော အနီးစခမ်း ပြင်ဦးလွင် မိုးကုတ်မတ္တရာ နောင်ချို ဂုတ်တွင်း ကျောက်မဲ သီပေါ နမ္မတူ လားရှိူး ဒေသများတွင် မိုးရွာနိုင်ပါတယ်” လို့ ခန့်မှန်းပေးထားပါတယ်။

အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးဇလမှ အကြံပြုထားပါတယ်။

Zawgyi

တိုင္းနဲ႔ျပည္နယ္ (၉) ခုမွာ ဇန္နဝါရီ ၂၀ ရက္ကေန ၂၃ ရက္အတြင္း မိုး႐ြာမည့္ သတိေပးထုတ္ျပန္ခ်က္

ဇန္နဝါရီ ၂၀ ရက္ကေန ၂၃ ရက္အတြင္း ရန္ကုန္အပါအဝင္ တိုင္းနဲ႔ျပည္နယ္ ၉ ခုမွာ အခ်ိန္ အခါမဟုတ္ မိုး႐ြာသြန္းႏိုင္တယ္လို႔ မိုး/ဇလကထုတ္ျပန္လိုက္ပါတယ္။အခ်ိန္အခါမဟုတ္မိုး႐ြာသြန္းႏိုင္မည့္သတိေပးခ်က္အမွတ္စဥ္ (၀၃/၂၀၂၂) အရ တ႐ုတ္ျပည္မႀကီးေပၚရွိ ေလဖိအားႀကီးရပ္ဝန္းေဒသမွေ႐ြ႕လ်ားလာေသာေလေအးမ်ားေတြ႕ဆုံမႈေၾကာင့္

ဇန္နဝါရီ ၂၀ ရက္ေန႔မွ ၂၃ ရက္ေန႔အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ၿပီး

စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ႐ြာသြန္းႏိုင္တယ္လို႔ မိုးဇလမွ ထုတ္ျပန္ထားပါတယ္။

မိုးေလဝသ စုစုစံရဲ႕ ထုတ္ျပန္ခ်က္အရ “၂၀၂၂ ဇန္နဝါရီလ ၂၀ရက္ ၂၁ရက္ေန႔ေတြမွာ ေက်ာက္ဆည္ စဥ့္ကိုင္ တံတားဦး ၿမိဳ႕သာ ျမင္းမူ စစ္ကိုင္း အမရပူရ မႏၲေလးပုသိမ္ႀကီး အုန္းေခ်ာ အနီးစခမ္း ျပင္ဦးလြင္ မိုးကုတ္မတၱရာ ေနာင္ခ်ိဳ ဂုတ္တြင္း ေက်ာက္မဲ သီေပါ နမၼတူ လားရွိူး ေဒသမ်ားတြင္ မိုး႐ြာႏိုင္ပါတယ္” လို႔ ခန႔္မွန္းေပးထားပါတယ္။

အခ်ိန္အခါမဟုတ္မိုး႐ြာျခင္းႏွင့္အတူ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းႏွင့္ မိုးသီးေႂကြျခင္းစသည့္ မိုးေလဝသျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳႏိုင္ရန္ မိုးဇလမွ အႀကံျပဳထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*