ဒီနေ့မှာ အသက်(၅)နှစ်ပြည့်ပြီဖြစ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ သမီးလေး ခေတ်ခေတ်နဲ့သစ်သစ်

ဒီနေ့မှာ အသက်(၅)နှစ်ပြည့်ပြီဖြစ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ သမီးလေး ခေတ်ခေတ်နဲ့သစ်သစ်

ပရိသတ်ကြီးရေ အဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေတို့ ဇနီးမောင်နှံ ကတော့ သူတို့ရဲ့ အနုပညာ ဖန်တီးမှုတွေကြောင့် သာမကပဲ သူတို့ နှစ်ယောက်ရဲ့ ချစ်စရာ ကောင်းတဲ့ သမီးလေး နှစ်ယောက်ကြောင့် မျက်နှာပွင့်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေး ကလည်း ချစ်စရာကောင်းပြီး အရုပ်လေးတွေလို အသည်းယားဖို့ ကောင်းတာမို့ ပရိသတ်တွေက ချစ်လို့မဝနိုင်ဖြစ် နေကြတာပဲ ဖြစ်ပါတယ်။လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံဟာဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူရပ်တည်ခဲ့ပြီး

တော်လှန်ရေးမှာတစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တာကြောင့် ပုဒ်မ (၅၀၅) က နဲ့ အမှုဖွင့်အရေးယူခံခဲ့ရတဲ့အတွက် လွတ်မြောက်ရာသို့မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်နော်။ဒီကနေ့ ဇန်နဝါရီလ (၁၉) ရက်နေ့ကတော့ ချစ်သုဝေနဲ့ လင်းလင်းရဲ့ အမြွှာသမီးလေး နှစ်ယောက် ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ရဲ့ (၅) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေလည်း ခေတ်ခေတ်လေးနဲ့သစ်သစ်လေးရဲ့မွေးနေ့လေးကိုဆုမွန်ကောင်းတောင်းပေးပါအုံးနော်။ ထွက်ပြေးတိမ်းရှောင်ရင်း (၅)နှစ်ပြည့်သွားပြီဖြစ်တဲ့ ခေတ်လေးနဲ့သစ်လေးလည်း ချစ်ရတဲ့ဖေဖေမေမေတို့နဲ့အတူ အမြန်ဆုံးအိမ်ပြန်ရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်.။

Zawgyi






Add a Comment

Your email address will not be published.