ထီဆိုရင်အသံတောင် မကြားချင်တော့တဲ့ ပြည်သူတွေနဲ့တွေ့သွားတဲ့ အောင်ဘာလေထီရဲ့ နောက်ဆုံး နိဂုံး

ထီဆိုရင်အသံတောင် မကြားချင်တော့တဲ့ ပြည်သူတွေနဲ့တွေ့သွားတဲ့ အောင်ဘာလေထီရဲ့ နောက်ဆုံး နိဂုံး

အောင်ဘာလေထီအတွက် တလလျှင် အက္ခရာ ၁၀ လုံးထုတ်သော်လည်း အက္ခရာ နှစ်လုံးကျော်သာ ရောင်းချနိုင်ပြီး အက္ခရာ ခုနစ်လုံးကျော် ပိုလျက်ရှိကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထီကိုယ်စားလှယ်ရောင်းချသူ အချို့ထံမှ သိရပါတယ်။

အက္ခရာတစ်လုံးလျှင် ထီစာအုပ် ရှစ်သောင်းကျော် ထုတ်ဝေပြီး အက္ခရာ ၁၀ လုံးအတွက် ထီစာအုပ် ရှစ်သိန်းကျော် ထုတ်လုပ်သော်လည်း ထီထိုးမည့်သူ မရှိခြင်းကြောင့် အက္ခရာ နှစ်လုံးကျော် (ထီစာအုပ် နှစ်သိန်းကျော်)သာ ရောင်းချနိုင်တယ်လို့ သိရပါတယ်။အက္ခရာ ၁၀ လုံးအတွက် ထီစာအုပ် ရှစ်သိန်းကျော်ထုတ်သော်လည်း အက္ခရာ နှစ်လုံးကျော်သာ ရောင်းချနိုင်ခြင်းကြောင့် တစ်လလျှင် အက္ခရာ ခုနစ်လုံးကျော် (ထီစာအုပ် ငါးသိန်းကျော်) ပိုနေကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ၃၄ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို ‘က’ အက္ခရာမှ ‘ည’ ထိ စုစုပေါင်းအက္ခရာ ၁၀ လုံးနှင့် ထီစာအုပ် ၂၅၉၅၇၅ အုပ် ရောင်းချခဲ့ပြီး ထီလက်မှတ်များ ရောင်းချရငွေမှ ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားပါတယ်။

ယင်းသို့ ရာခိုင်နှုန်း ၇၀ ပေါ် အခြေခံ၍ ခွဲဝေထားခြင်းဖြစ်သော်လည်း ထီဖွင့်ပွဲတွင် ဝေဝေဆာဆာ ပဒေသာဆုမဲစနစ်မှ ရောင်းမကုန်ထီလက်မှတ်နံပါတ်များ ထွက်ပေါ်လာပါက အဆိုပါ ဆုမဲတန်ဖိုးစုစုပေါင်းအား အခြားသင့်လျော်သော ဆုမဲအဖြစ် ဆုတစ်ဆုချင်းစနစ်နှင့် ဝေဝေဆာဆာပဒေသာ ကျပ်ငါးသောင်းဆုမဲများ ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်သဖြင့်

ခွဲဝေထားသော ဆုမဲအရေအတွက် အပြောင်းအလဲရှိနိုင်ကြောင်း၊ သို့သော် ဆုမဲတန်ဖိုးငွေ စုစုပေါင်းမှာ ပြောင်းလဲမှုမရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ပြည်တွင်းထီဖြစ်တဲ့ အောင်ဘာလေထီ ဖွင့်ပွဲကို ပြည်သူများ စိတ်ဝင်စားမှု လျော့ကျခဲ့ပြီး လက်ရှိအချိန်တွင် မဖြစ်မနေ ထီထိုးရမည့်သူများမှအပ မည်သူမျှ မထိုးတော့ကြောင်း တွေ့ရှိလာရပါတယ်။

လက်ရှိပုံစံအတိုင်း ဆက်လက် သွားနေပါက မီးစာကုန် ဆီခမ်းတော့မယ့် အောင်ဘာလေထီဟာ လုံးဝ နိဂုံး အဆုံးသတ်သွားနိုင်တယ်လို့ ခန့်မှန်းနိုင်ကြောင်း ဖော်ပြလိုက်ပါတယ် ခင်ဗျာ။

Zawgyi

ထီဆိုရင္အသံေတာင္ မၾကားခ်င္ေတာ့တဲ့ ျပည္သူေတြနဲ႔ေတြ႕သြားတဲ့ ေအာင္ဘာေလထီရဲ႕ ေနာက္ဆုံး နိဂုံး

ေအာင္ဘာေလထီအတြက္ တလလွ်င္ အကၡရာ ၁၀ လုံးထုတ္ေသာ္လည္း အကၡရာ ႏွစ္လုံးေက်ာ္သာ ေရာင္းခ်ႏိုင္ၿပီး အကၡရာ ခုနစ္လုံးေက်ာ္ ပိုလ်က္ရွိေၾကာင္း ဇန္နဝါရီ ၁၇ ရက္တြင္ ထီကိုယ္စားလွယ္ေရာင္းခ်သူ အခ်ိဳ႕ထံမွ သိရပါတယ္။

အကၡရာတစ္လုံးလွ်င္ ထီစာအုပ္ ရွစ္ေသာင္းေက်ာ္ ထုတ္ေဝၿပီး အကၡရာ ၁၀ လုံးအတြက္ ထီစာအုပ္ ရွစ္သိန္းေက်ာ္ ထုတ္လုပ္ေသာ္လည္း ထီထိုးမည့္သူ မရွိျခင္းေၾကာင့္ အကၡရာ ႏွစ္လုံးေက်ာ္ (ထီစာအုပ္ ႏွစ္သိန္းေက်ာ္)သာ ေရာင္းခ်ႏိုင္တယ္လို႔ သိရပါတယ္။အကၡရာ ၁၀ လုံးအတြက္ ထီစာအုပ္ ရွစ္သိန္းေက်ာ္ထုတ္ေသာ္လည္း အကၡရာ ႏွစ္လုံးေက်ာ္သာ ေရာင္းခ်ႏိုင္ျခင္းေၾကာင့္ တစ္လလွ်င္ အကၡရာ ခုနစ္လုံးေက်ာ္ (ထီစာအုပ္ ငါးသိန္းေက်ာ္) ပိုေနေၾကာင္း သိရပါတယ္။

ၿပီးခဲ့သည့္ ၃၄ ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲအတြက္ ထီလက္မွတ္မ်ားကို ‘က’ အကၡရာမွ ‘ည’ ထိ စုစုေပါင္းအကၡရာ ၁၀ လုံးႏွင့္ ထီစာအုပ္ ၂၅၉၅၇၅ အုပ္ ေရာင္းခ်ခဲ့ၿပီး ထီလက္မွတ္မ်ား ေရာင္းခ်ရေငြမွ ရာခိုင္ႏႈန္း ၇၀ ခြဲေဝခ်ီးျမႇင့္ေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခြဲက ထုတ္ျပန္ထားပါတယ္။

ယင္းသို႔ ရာခိုင္ႏႈန္း ၇၀ ေပၚ အေျခခံ၍ ခြဲေဝထားျခင္းျဖစ္ေသာ္လည္း ထီဖြင့္ပြဲတြင္ ေဝေဝဆာဆာ ပေဒသာဆုမဲစနစ္မွ ေရာင္းမကုန္ထီလက္မွတ္နံပါတ္မ်ား ထြက္ေပၚလာပါက အဆိုပါ ဆုမဲတန္ဖိုးစုစုေပါင္းအား အျခားသင့္ေလ်ာ္ေသာ ဆုမဲအျဖစ္ ဆုတစ္ဆုခ်င္းစနစ္ႏွင့္ ေဝေဝဆာဆာပေဒသာ က်ပ္ငါးေသာင္းဆုမဲမ်ား ျပန္လည္ဖြင့္လွစ္ေပးမည္ ျဖစ္သျဖင့္

ခြဲေဝထားေသာ ဆုမဲအေရအတြက္ အေျပာင္းအလဲရွိႏိုင္ေၾကာင္း၊ သို႔ေသာ္ ဆုမဲတန္ဖိုးေငြ စုစုေပါင္းမွာ ေျပာင္းလဲမႈမရွိေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္မွ စတင္ၿပီး ျပည္တြင္းထီျဖစ္တဲ့ ေအာင္ဘာေလထီ ဖြင့္ပြဲကို ျပည္သူမ်ား စိတ္ဝင္စားမႈ ေလ်ာ့က်ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ မျဖစ္မေန ထီထိုးရမည့္သူမ်ားမွအပ မည္သူမွ် မထိုးေတာ့ေၾကာင္း ေတြ႕ရွိလာရပါတယ္။

လက္ရွိပုံစံအတိုင္း ဆက္လက္ သြားေနပါက မီးစာကုန္ ဆီခမ္းေတာ့မယ့္ ေအာင္ဘာေလထီဟာ လုံးဝ နိဂုံး အဆုံးသတ္သြားႏိုင္တယ္လို႔ ခန္႔မွန္းႏိုင္ေၾကာင္း ေဖာ္ျပလိုက္ပါတယ္ ခင္ဗ်ာ။

Add a Comment

Your email address will not be published.