ကြက်ဥ , ဘဲဥ စားခြင်းအကျိုးကျေးဇူးများ
|ကြက်ဥ , ဘဲဥ စားခြင်းအကျိုးကျေးဇူးများ
အာရုံစူးစိုက်မူကို အားကောင်းစေသည်။
အသားအရေကို လှပစေသည်။
လက်သည်းများကို သန်စွမ်းစေသည် ။
ဆံကေသာကို တောက်ပစေသည်။
1 – မျက်လုံးကျန်းမာရေး
အာရုံစူးစိုက်မူအားကောင်းစေသည့် ဗီတာမင် B12 Selenium ဗီတာမင် D အမိုင်နိုအက်ဆစ် Antioxidant စသည်အဟာရဓာတ်များနဲ့အတူ အခြားအဟာရ ဓာတ်များစွာပါဝင်ပါသည်။
မျက်စိကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်။
2 – ဦးနှောက်ကျန်းမာရေး
ကြက်ဥတွင်ပါဝင်သော ဗီတာမင် ဘီနဲ့ ကိုလင်းဓာတ်သည်
ဦးနောက်၏လုပ်ငန်းဆောင်တာများကိုပိုမိုကောင်းမွန်လာစေအောင် စွမ်းဆောင်ပေးနိုင်သည်။
ကြက်ဥသည် အဟာရ ဓာတ်အများဆုံးပါဝင်သော အစားအစာများထဲက တစ်ခုဖြစ်သည်။
3 – သွေးတွင်းသကြားဓာတ်ထိန်းပေး
အာရုံစူးစိုက်မူကိုလည်း ပိုမိုအားကောင်းစေနိုင်သည်။
ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက် သွေးတွင်းသကြားဓာတ်ကိုထိန်းပေးပါသည်။
4 – ကိုယ်ဝန်ဆောင်သည်များအတွက်
သန္ဓေသား၏ဦးနှောက်ဖွံဖြိုးမူအတွက်အလွန်အသုံံးဝင်သောကြောင့်ကိုယ်ဝန်ဆောင်မိခင်များကြက်ဥစားပေးသင့်ပါသည်။
5 – နှလုံးနဲ့လေဖြတ်ခြင်းကင်းအောင်
တစ်နေ့တစ်လုံး ပုံမှန်စားပေး..ပါက သွေးခဲနူန်း.နှလုံးရောဂါဖြစ်ပွားနူန်းနင့်လေဖြတ်ရောဂါဖြစ်နိုင်ချေတို့ကို လျော့ချစေနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။
6 – ကိုယ်အလေးချိန်ထိန်းချုပ်
ကြက်ဥကို အသင့်အတင့်စားပေးခြင်းဖြင့် ကိုယ်အလေးချိန်ထိန်းရာတွင် အထောက်အကူဖြစ်စေတယ် ။
နံနက်စာအဖြစ် စားသုံးပါကကြာကြာဗိုက်ပြည့်စေပြီးကယ်လိုရီ ရရှိမူကို ထိန်းချုပ်ပေးနိုင်ကြောင်းလေ့လာသိရှိရသည်။
7 – ငှက်ဖျားရောဂါ
8 – ကျန်းမာရေး အထောက်အကူပြုခြင်း
အချို့သည် သွေးအတွင်း မကောင်းသောကိုလက်စထရောမြင့်တက်စေသည်ဟု ယူဆကာကြက်ဥစားခြင်းကိုရှောင်ကျဉ်ကြသည်။
မည်သည့်အစားအစာမဆို အသင့်အတင့် စားပါကကျန်းမာရေးအတွက်အထောက်အကူဖြစ်သည်။
9 – အတွင်းတိမ်လျော့ကျစေခြင်း
အသက်ကြီးချိန်တွင်ဖြစ်တတ်သော မက်ကူလာယိုယွင်းပျက်ဆီးမူနဲ့ အတွင်းတိမ်ရောဂါဖြစ်နိုင်ချေကိုလျော့ကျစေသည်။
အသားအရေလှပစေခြင်း လက်သည်းများကိုသန်စွမ်းစေခြင်း
ဆံကေသာကိုတောက်ပစေခြင်း စသည့်အစွမ်းသတ္တိများကို ပေးစွမ်းသော ဆာလဖာဓာတ်ကကြက်ဥထဲတွင်ပါဝင်သည်။
ဆာလဖာသည် ကော်လာဂျင်နဲ့အီရာတင် ထုတ်လုပ်မူ အလွန်အားကောင်းပါသည်။
ကြက်ဥတစ်လုံးသည် အရွယ်ရောက်သူတစ်ဦးအတွက် တစ်နေ့တာလိုအပ်သော အဟာရ ၂၅ % ခန့်ပါဝင်သည်။
10 – ကြွက်သားများကို သန်မာစေခြင်း
လူ၏ခန္ဓာကိုယ်ကိုသန်မာထွားကျိုင်းစေပြီး ကြွက်သားများကိုသန်မာစေနိုင်သည်။
အမိုင်နိုအက်ဆစ်သည် ကလေးများ ဆယ်ကျော်သက်များ နဲ့လူငယ်များအတွက် မရှိမဖြစ်လိုအပ်
သောကြောင့် ကြက်ဥကို နံနက်စာအနေနဲ့ တစ်နေ့တစ်လုံးစားသင့်ပါသည်။
11 – ခါးနာ ဒူးနာခြင်းများအတွက်
ဘဲဥကို ပွက်နေသော ရေနွေးထဲသို့ ၂ မိနစ်ခန့်ပြုတ်ပါ – ပြီးရင် ပုဂံ တစ်ခုထဲသို့ ဖောက် ထည့်ပါ ။
စားကောင်းရုံ သကြားထည့်ပြီး ခေါက်စားလိုက်ပါ ( ဘာမှမရောပဲ ဘဲဥ ၁ လုံးကုန်အောင် စားရမည်။
တစ်နေ့လျှင်ဘဲဥ ၁ လုံးကို မိမိရဲ့အသက် တဝက်သို့မဟုတ်အသက်ပြည့် အရေအတွက်ထိစားပေးလျှင်ပိုကောင်းပါ၏။
ဘဲဥ စားပေးခြင်းဖြင့် လိုအပ်သော ချဉ်ဆီ ဓာတ်ကို ပြန်လည် ဖြစ်ပေါ် စေရန်ဖြစ်သည်။
ခါး ဒူးတို့တွင် ရိုးတွင်း ချဉ်ဆီ ခမ်းခြောက်ခြင်းကို ပြန်လည် ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာကို ပျောက်ကင်းသွားပါမည်။
မှတ်ချက် –
ကြက်ဥများကို ပြုတ်ပြီး အခွံမခွာပဲ ရေခဲသေတ္တာတွင်း ဘူးနဲ့သေချာထည့်ရင် ၁၀ ရက်ခံသည်။
အခွံခွာရင် ၃ ရက်ထက် ပိုမခံ
ဟင်းချက်လျှင် ပြန်ပြီးနွေးမစားသင့်
အစာပြေလွယ် ကိုယ်မလေးချိန်လျော့ချသူစားပေးသင့်
နှလုံးကျန်းမာရေးကောင်းစေ
မျက်စိအမြင်ကောင်းစေ
တစ်ပတ်မှာ ၂ ကြိမ်လောက် ပုံမှန်စားပေးသင့်
ကြက်ဥ ၁ လုံးမှာ ကိုလက်စထရော ၂၁၀ မီလီဂရမ်ပါတယ် – ကြော်ခြင်း , ပြုတ်ခြင်း အတူတူပါ။
credit