ခြေဖနောင့်ကွဲတာကို အချိန်တိုတိုနဲ့ သက်သာသွားစေမယ့် သဘာဝနည်းလမ်းများ

ခြေဖနောင့်ကွဲနေပြီ ဆိုရင် ခန္ဓါကိုယ်မှာ ရေဓါတ်ခန်းခြောက် တယ် ဆိုပြီး လူအများစု ထင်ကြ ပါတယ်။ ဒါပေမယ့် တခြားသော အကြောင်းအရင်းတွေ ကြောင့်လည်း ခြေဖနောင့် ကွဲတတ် ပါတယ်။

1-ကိုယ်အလေး ချိန်များခြင်း

ကိုယ်အလေးချိန် များလာတဲ့ အခါ ခြေဖနောင့်မှာ ဖိအားတွေ များလာ ပါတယ်။ အဲဒီအခါ ခြေဖနောင့်မှာ အစိုဓါတ် မရှိတော့ဘဲ ခြေဖနောင့်ကွဲ သွားတာပါ။ ကိုယ်အလေးချိန်ကို ထိန်းသိမ်း လိုက်ရင် ခြေဖနောင့်ကွဲ တာလည်း သက်သာ သွားမှာ ပါ။

2- ဗီတာမင်ဓါတ် ချို့တဲ့ခြင်း

ခန္ဓါကိုယ်မှာ ဗီတာမင်၊ သတ္ထုဓါတ်နဲ့ တခြားအာဟာရ ဓါတ်တွေ နည်းပါးလာတဲ့ အခါ အသားအရေကလည်း ခြောက်ပြီးကြမ်း လာပါ တယ်။ အဲဒါကြောင့် ဗီတာမင် A,B3, C,E, ဇင့်နဲ့ အိုမီဂါ၃ တို့ကို ပါဝင်အောင် စားပေး သင့်ပါ တယ်။

3- ဖိနပ်ရွေးချယ်မှု

နောက်ပိတ်မပါတဲ့ဖိနပ်တွေ၊ sole သေးတဲ့ ဖိနပ်တွေကို အချိန်ကြာကြာ စီးခြင်း ကလည်း ခြေဖနောင့် ကို ကွဲစေ ပါတယ်။ နောက်ပိတ် ပါတဲ့ ဖိနပ်တွေက အဆင်အပြေ ဆုံး ပါ ပဲ ။

4- သွေးဆုံးချိန်

အချို့အမျိုးသမီးတွေ မှာ သွေးဆုံးပြီးချိန် ဆိုရင်လည်း ခြေဖနောင့်နဲ့ တခြားခန္ဓါကိုယ် အစိတ်အပိုင်းတွေမှာ အရေပြားကြမ်း လာပြီး ကွဲတတ် ပါတယ်။ Estrogen ပါတဲ့ လိမ်းဆေးကို လိမ်းပေးလို့ရပါ တယ် ။

5- အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း

အချိန်အကြာကြာ မတ်တပ်ရပ်တဲ့ အခါ ခြေထောက်ပေါ်မှာ ဖိအားတွေ များနေတ တ် ပါတယ်။

6- ရေချိုးမှုပုံစံမမှန်ခြင်း

ရေပူနဲ့ အချိန်ကြာကြာ ရေချိုးခြင်းက အရေပြားက သဘာဝ အဆီ လျော့ပါးသွားစေ ပါတယ်။ ဆပ်ပြာတွေ အများကြီးသုံးပြီး ခြေထောက်ကို ပွတ်တိုက်တာ ကလည်း အသားအရေကို ပျက်စီးစေပါတယ်။ ရေနွေးနွေးလေးနဲ့ ရေချိူးတာက အကောင်းဆုံး ပါပဲ။

ရေနှစ်ခွက်တို့ကို ဇလုံတစ်ခု ထဲမှာ ရောပြီး ခြေထောက်ကို ၁၅မိနစ်ကြာ စိမ်ထားပါ။ စိမ်ထားတဲ့ အချိန်မှာ ခြေထောက်ကို ရေမြှုပ်ကျောက်နဲ့ ပွတ်တိုက်ပေးလို့ ရပါတယ်။ ပြီးရင်တော့ ခြေထောက်ကို ရေနွေးနဲ့ဆေးပြီး ပိတ်စတစ်ခုခုနဲ့ ခြောက်အောင်သုတ်လို့ရပါပြီ။

Credit

Add a Comment

Your email address will not be published.