အချိန်တိုအတွင်း တော်လှန်ရေးအင်းအားစုတွေရဲ့ နည်းပညာတွေ တိုးတက်လာပြီ

အာဠာဝက ပြောက်ကျားတပ်ဖွဲ့ ရဲ့ အမြှောက်ထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းထိအောင်‌မြင်နေပြီဟုဆို

စစ်ကိုင်းတိုင်းအတွင် စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ Alawak Guerrilla Forces က အမြှောက်ထုတ်လုပ်နေတာ ၉၀ ရာခိုင်နှုန်းထိအောင်‌မြင်နေပြီလို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ခုထုတ်လုပ်နေတာက အမြှောက်အခေါ်တာပေါ့။ ပုခုံးထမ်းရယ်၊ ပြောင်းတိုက်တွေ ထုတ်လုပ်နေတာပါ။ အောင်မြင်မှုကတော့ ၉၀ ရာခိုင်နှုန်းတော့ အောင်မြင်ပါပြီ၊ ၁၀ လပိုင်းကစပြီးထုတ်လုပ်မှုတွေ လုပ်နေတာပါ၊

ကျနော်တို့အနေနဲ့ လိုအပ်ချက်ကတော့ အမှန်တိုင်းပြောရရင်ဖြင့် ကူညီပံ့ပိုးပေးမယ့်လူတွေ လိုပါတယ်။ ဒါမှလည်း ကျနော်တို့အနေနဲ့ အကြမ်းဖက်စစ်ခွေးတွေများများသတ်နိုင်မှာပါ၊ ထောက်ပံ့ပေးမဲ့အဖွဲ့အစည်းများတော့ လိုအပ်ပါတယ်လို့ပြောချင်ပါတယ်။” လို့ သူကဆက်ပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို စုပေါင်းတော်လှန်ကြရန်နဲ့ စိတ်ဝမ်းမကွဲပဲ စုစုစည်းစည်း ဝိုင်းဝန်တော်လှန်ကြဖို့ လိုအပ်ကြောင်းလည်း သူကဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြောင်၊ ဝက်လက်စတဲ့ ဒေသခံ PDF တွေကလည်း လက်လုပ်သေနတ်တွေအပါအဝင် လက်နက်ကြီးတွေနဲ့ ရေမြှပ်မိုင်းတီထွင်မှုတွေလည်း အောင်မြင်တဲ့ ဒေသတခုဖြစ်ပြီး၊ အဓိကလက်နက်ထုတ်လုပ်ဖို့ ကုန်းကြမ်းကိုတော့ Mytel Tower တိုင်တွေကို ဖျက်ဆီးပြီး ထုတ်လုပ်နေကြတာဖြစ်ကြောင်း သိရပါတယ်။#မြေလတ်အသံ

အာဠာဝက ေျပာက္က်ားတပ္ဖြဲ႕ ရဲ႕ အေျမႇာက္ထုတ္လုပ္မႈ ၉၀ ရာခိုင္ႏႈန္းထိေအာင္‌ျမင္ေနၿပီဟုဆို

စစ္ကိုင္းတိုင္းအတြင္ စစ္ေကာင္စီကို တိုက္ခိုက္ေနတဲ့ အာဠာဝက ေျပာက္က်ားတပ္ဖြဲ႕ Alawak Guerrilla Forces က အေျမႇာက္ထုတ္လုပ္ေနတာ ၉၀ ရာခိုင္ႏႈန္းထိေအာင္‌ျမင္ေနၿပီလို႔ အဲဒီအဖြဲ႕ရဲ႕ တာဝန္ရွိသူတဦးက ေျမလတ္အသံကို ေျပာပါတယ္။

“ခုထုတ္လုပ္ေနတာက အေျမႇာက္အေခၚတာေပါ့။ ပုခုံးထမ္းရယ္၊ ေျပာင္းတိုက္ေတြ ထုတ္လုပ္ေနတာပါ။ ေအာင္ျမင္မႈကေတာ့ ၉၀ ရာခိုင္ႏႈန္းေတာ့ ေအာင္ျမင္ပါၿပီ၊ ၁၀ လပိုင္းကစၿပီးထုတ္လုပ္မႈေတြ လုပ္ေနတာပါ၊

က်ေနာ္တို႔အေနနဲ႔ လိုအပ္ခ်က္ကေတာ့ အမွန္တိုင္းေျပာရရင္ျဖင့္ ကူညီပံ့ပိုးေပးမယ့္လူေတြ လိုပါတယ္။ ဒါမွလည္း က်ေနာ္တို႔အေနနဲ႔ အၾကမ္းဖက္စစ္ေခြးေတြမ်ားမ်ားသတ္ႏိုင္မွာပါ၊ ေထာက္ပံ့ေပးမဲ့အဖြဲ႕အစည္းမ်ားေတာ့ လိုအပ္ပါတယ္လို႔ေျပာခ်င္ပါတယ္။” လို႔ သူကဆက္ေျပာပါတယ္။

စစ္အာဏာရွင္စနစ္ကို စုေပါင္းေတာ္လွန္ၾကရန္နဲ႔ စိတ္ဝမ္းမကြဲပဲ စုစုစည္းစည္း ဝိုင္းဝန္ေတာ္လွန္ၾကဖို႔ လိုအပ္ေၾကာင္းလည္း သူကဆိုပါတယ္။

စစ္ကိုင္းတိုင္းအတြင္း ေျမာင္၊ ဝက္လက္စတဲ့ ေဒသခံ PDF ေတြကလည္း လက္လုပ္ေသနတ္ေတြအပါအဝင္ လက္နက္ႀကီးေတြနဲ႔ ေရျမႇပ္မိုင္းတီထြင္မႈေတြလည္း ေအာင္ျမင္တဲ့ ေဒသတခုျဖစ္ၿပီး၊ အဓိကလက္နက္ထုတ္လုပ္ဖို႔ ကုန္းၾကမ္းကိုေတာ့ Mytel Tower တိုင္ေတြကို ဖ်က္ဆီးၿပီး ထုတ္လုပ္ေနၾကတာျဖစ္ေၾကာင္း သိရပါတယ္။#ေျမလတ္အသံ

credit all

Add a Comment

Your email address will not be published.