ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဝင်များနှင့် မြန်မာလူထုကိုယ်စားပြုကိုယ်စားလှယ်များတွေ့ဆုံ၊ နော်ဝေးအစိုးရက အစွမ်းကုန်ကူညီမည်

ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဝင်များနှင့် မြန်မာလူထုကိုယ်စားပြုကိုယ်စားလှယ်များတွေ့ဆုံ၊ နော်ဝေးအစိုးရက အစွမ်းကုန်ကူညီမည်

မြန်မာနိုင်ငံ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် နော်ဝေးနိုင်ငံခြားရေးဝန်ကြီး မဒမ်တို့တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ၊

စစ်ပြေးရှောင်ဒုက္ခသည်များ တနေ့တခြား တိုးပွားလာမှုအခြေအနေနှင့် မြန်မာပြည်သူတို့၏လူမှုဒုက္ခများကို ဆွေးနွေးခဲ့ကြပြီး နော်ဝေးအစိုးရမှ မြန်မာပြည်သူများအပေါ် အစွမ်းကုန်ကူညီသွားမည်ဟု ပြောသည်။

ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် မြန်မာအမျိုးသမီးများတွေ့ဆုံခဲ့ကြသေးပြီး ၎င်းတို့ထံမှအချက်အလက်သည် UNSC အတွက် များစွာအထောက်အကူပြုသည်ဟု ၎င်းကဆက်ပြောသည်။

မြန်မာပြည်အကျပ်အတည်းအတွက် ကုလသမဂ္ဂလုံ‌ခြုံရေးကောင်စီကို အမြန်ခေါ်ယူမည်ဟု ယခင်ရက်သတ္တပတ်က နော်ဝေးအစိုးရက ကြေညာချက်ထုတ်ပြန်ထားတာပါ။






Be the first to comment

Leave a Reply

Your email address will not be published.


*