MRTV-4 နဲ့ စာချုပ်သစ်ထပ်မချုပ်ဖြစ်တဲ့ အကြောင်းအရင်းမှန်ကို ပြောပြလာခဲ့တဲ့ ခေးဆက်သွင်

MRTV-4 နဲ့ စာချုပ်သစ်ထပ်မချုပ်ဖြစ်တဲ့ အကြောင်းအရင်းမှန်ကို ပြောပြလာခဲ့တဲ့ ခေးဆက်သွင်

သရုပ်ဆောင် ခေးဆက်သွင်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျသရုပ်ဆောင်နိုင်သူတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပါပဲ။ MRTV-4 သရုပ်ဆောင်အဖြစ် လူသိများခဲ့တဲ့ ခေးဆက်သွင်ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာတော့ MRTV-4 နဲ့ လက်တွဲဖြုတ်ခဲ့ပြီး သူမတစ်ယောက်တည်း သီးသန့် အနုပညာအလုပ်တွေလုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။

ထိုကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ခေးဆက်သွင်ကို MRTV-4 နဲ့ ပြဿနာတစ်စုံတစ်ရာရှိလို့ လက်တွဲဖြုတ်ခဲ့တယ်လို့ထင်ကြပေမယ့် ခေးဆက်သွင်က တကယ့်အကြောင်းအရင်းမှန်ကို အခုလိုပဲပြောပြလာပါတယ်။ “Forever groupနဲ့ ၉နှစ်တာ လက်တွဲပြီးတဲ့နောက် ဘာပြသနာ တစ်စုံတစ်ရာမှ မရှိပဲ 2021 February ကစလို့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နောက်ထပ်နှစ်တိုးစာချုပ် ထပ်မချုပ်ဖြစ်တာပါ။

ဘယ်သူကမှထုတ်လိုက်တာလည်း မဟုတ်သလို လက်တွဲခဲ့တဲ့ကာလ အတွင်းမှာလည်း မိသားစုလို ဖေးမကူညီစောင့်ရှောက်ကြရင်း အဆိုးအကောင်းကို နားလည်မှုနဲ့ ညှိယူရင်း အလုပ်လုပ်ခဲ့ကြပါတယ်။ ကျေးဇူးရှင် ဆရာဦးဝင်းမော်နဲ့မိသားစု လက်ဦးဆရာ ဦးသီ Talent Centreမှအမ မမေသူစိုးနဲ့ TCတွေ သင်ပြဆုံးမယုံကြည်ပေးခဲ့တဲ့ အထက်လူကြီးများနဲ့ဆရာသမားများ လက်တွဲပြီးအတူတူ အလုပ်လုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဘက်များ အားလုံးကို အမြဲကျေးဇူးတင် သတိရနေမှာပါ🙏🤍” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးခဲ့ပါတယ်။

ခေးဆက်သွင်က MRTV-4 Forever Group နဲ့ ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပေမယ့် သူမကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သူမ စာချုပ်သစ်ထပ်မချုပ်ဖြစ်တော့တာလို့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းအသိပေးခဲ့တာဖြစ်ပါတယ်။ ခေးဆက်သွင်တစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းခရီးမှာ ပိုမိုတိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Zawgyi

MRTV-4 နဲ႔ စာခ်ဳပ္သစ္ထပ္မခ်ဳပ္ျဖစ္တဲ့ အေၾကာင္းအရင္းမွန္ကို ေျပာျပလာခဲ့တဲ့ ေခးဆက္သြင္

သ႐ုပ္ေဆာင္ ေခးဆက္သြင္ကေတာ့ သ႐ုပ္ေဆာင္ေကာင္းၿပီး က်ရာဇာတ္႐ုပ္ကို အံဝင္ခြင္က်သ႐ုပ္ေဆာင္ႏိုင္သူတစ္ေယာက္အျဖစ္ ပရိသတ္ေတြၾကားမွာ နာမည္ႀကီးသူတစ္ေယာက္ပါပဲ။ MRTV-4 သ႐ုပ္ေဆာင္အျဖစ္ လူသိမ်ားခဲ့တဲ့ ေခးဆက္သြင္ဟာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းမွာေတာ့ MRTV-4 နဲ႔ လက္တြဲျဖဳတ္ခဲ့ၿပီး သူမတစ္ေယာက္တည္း သီးသန႔္ အႏုပညာအလုပ္ေတြလုပ္ကိုင္ခဲ့တာပဲျဖစ္ပါတယ္။

ထိုကိစၥနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြက ေခးဆက္သြင္ကို MRTV-4 နဲ႔ ျပႆနာတစ္စုံတစ္ရာရွိလို႔ လက္တြဲျဖဳတ္ခဲ့တယ္လို႔ထင္ၾကေပမယ့္ ေခးဆက္သြင္က တကယ့္အေၾကာင္းအရင္းမွန္ကို အခုလိုပဲေျပာျပလာပါတယ္။ “Forever groupနဲ႔ ၉ႏွစ္တာ လက္တြဲၿပီးတဲ့ေနာက္ ဘာျပသနာ တစ္စုံတစ္ရာမွ မရွိပဲ 2021 February ကစလို႔ ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ကိုယ္ ေနာက္ထပ္ႏွစ္တိုးစာခ်ဳပ္ ထပ္မခ်ဳပ္ျဖစ္တာပါ။

ဘယ္သူကမွထုတ္လိုက္တာလည္း မဟုတ္သလို လက္တြဲခဲ့တဲ့ကာလ အတြင္းမွာလည္း မိသားစုလို ေဖးမကူညီေစာင့္ေရွာက္ၾကရင္း အဆိုးအေကာင္းကို နားလည္မႈနဲ႔ ညႇိယူရင္း အလုပ္လုပ္ခဲ့ၾကပါတယ္။ ေက်းဇူးရွင္ ဆရာဦးဝင္းေမာ္နဲ႔မိသားစု လက္ဦးဆရာ ဦးသီ Talent Centreမွအမ မေမသူစိုးနဲ႔ TCေတြ သင္ျပဆုံးမယုံၾကည္ေပးခဲ့တဲ့ အထက္လူႀကီးမ်ားနဲ႔ဆရာသမားမ်ား လက္တြဲၿပီးအတူတူ အလုပ္လုပ္ခဲ့ၾကတဲ့ လုပ္ေဖာ္ကိုင္ဘက္မ်ား အားလုံးကို အၿမဲေက်းဇူးတင္ သတိရေနမွာပါ🙏🤍” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အသိေပးခဲ့ပါတယ္။

ေခးဆက္သြင္က MRTV-4 Forever Group နဲ႔ ျပႆနာတစ္စုံတစ္ရာမရွိခဲ့ေပမယ့္ သူမကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔သူမ စာခ်ဳပ္သစ္ထပ္မခ်ဳပ္ျဖစ္ေတာ့တာလို႔ ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းအသိေပးခဲ့တာျဖစ္ပါတယ္။ ေခးဆက္သြင္တစ္ေယာက္ ေရွ႕ဆက္ေလွ်ာက္မယ့္ အႏုပညာလမ္းခရီးမွာ ပိုမိုတိုးတက္ေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Add a Comment

Your email address will not be published.