သူမဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်တဲ့သူတွေကို ဒဲ့စိန်ခေါ်လိုက်တဲ့ စိုးမြတ်နန္ဒာ

သူမဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်တဲ့သူတွေကို ဒဲ့စိန်ခေါ်လိုက်တဲ့ စိုးမြတ်နန္ဒာ

ပရိသတ်ကြီးရေ သရုပ်ဆောင် စိုးမြတ်နန္ဒာ ကတော့ နောက် အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာလောက ကနေအပြီးတိုင် အနားယူသွားခဲ့တာ ဖြစ်ပါတယ်။ ညီအစ်မတွေနဲ့အတူ ဖွင့်ထားတဲ့ ပိုးထည်ဆိုင်ကို ဦးစီးနေပြီး ဘဝကိုအေးချမ်းစွာဖြင့် ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အနုပညာ မလုပ်တော့ပေမယ့်လည်း ဒါဒါကို အခုချိန်ထိ ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။

ဒါဒါတစ်ယောက် လတ်တလော မှာ စိတ်သောက ရောက်စရာ ကိစ္စတစ်ခုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ မကြာသေးခင် က စိုးမြတ်နန္ဒာရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူမကိုရစရာမရှိအောင် ဂုဏ်သိက္ခာချထားသော မိတ်ဆွေတစ်ဦးရဲ့အောက်တန်းကျတဲ့ လုပ်ရက်တွေကို တစ်ခုမကျန် ဖွင့်ဟ ပြောပြလိုက်တာ ဖြစ်ပါတယ်။

” ပြန်လာခဲ့စမ်းပါ …ပြန်လာမယ့်နေ့ ကို ငါ သိမှာ ကြောက်စရာ မလိုဘူး ( မဟုတ်တာမလုပ်ထားရင်ပေါ့ )ကိုယ်က မမှန်ကန်ပဲ … တစ်ပါးသူကို သိက္ခာချထားတဲ့ ကိစ္စတစ်ခုမှာ သွေးပျက်နေပြီလား

အခုတော့ လူမွဲစာရင်းခံ ၊ တစ်မြို့ပြီးတစ်မြို့ပြောင်းပြေး .. ( ဘောင်ကျဉ်းသွားပြီဆိုတော့လေ )ကိုယ့်ပြုသည့်ကံ ကိုယ့်ထံပြန် လာနေပြီပေါ့..ပြန်လာခဲ့စမ်းပါ …မြန်မာပြည်မှာ မဟုတ်တာလုပ်ထားတာတွေအများကြီးကို နေ့/ည မအိပ် ၊ နှလုံးဆေးတွေ ၊ အိပ်ဆေး တွေ သောက်ပြီးပြန်စဉ်းစား …. ပြီးရင်တော့ ပြန်လာခဲ့ပါဦး Page မှာတင်မှ သူတို့ မြင်မှာမို့ ချစ်တဲ့သူတွေ စိတ်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်နော် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*