20.Jan.2022 မှ 26.Jan.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

20.Jan.2022 မှ 26.Jan.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီအပတ်ထဲမိမိလုပ်ရမဲ့ကိစ္စတွေကို အကြီးအကဲတွေရဲ့ ထောက်ခံချက်ရမှလုပ်သင့်ပါတယ်။ လူငယ်များမိဘ နဲ့ဆန့်ကျင်ဘက်ကိုလုပ်မိတာ၊ဝန်ထမ်းများဆို အထက်လူကြီးညွှန်ကြားချက်မရဘဲ မိမိသဘောလုပ်လိုက်တာတွေက နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေပါတယ်။

မင်းအစိုးရနဲ့ ရန်သူသဖွယ်ဖြစ်နေကြသူများ သတိထားစေချင်ပါတယ်။ အဖမ်းအဆီးဆိုတာမျိုးတွေကြုံရတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်သော အကူအညီလိုလို့ တောင်းချင်ပေမဲ့ ငွေကံ ညံ့နေတာမို့ အကူအညီရဖို့မလွယ်ပါဘူး။

အသစ်တစ်ခုခု စမယ်ဆိုရင်တော့ အနည်းငယ်ချင့်ချိန်ပြီးမှလုပ်ပါ။ မြေစမ်း ခရမ်းပျိုးဆိုတာမျိုးမလုပ်ပါနဲ့။ သေချာမှပိုင်မှလုပ်စေချင်ပါတယ်။ အလုပ်များ ခရီးများတဲ့ကာလပါပဲ။ တွေးထင်ထား သလို မဖြစ်လာဘဲ မထင်ထားတာတွေဖြစ်လာကြုံလာတတ်တဲ့ကာလပါ။

အိမ်မကပ်ရဘဲ အလုပ်ထဲနဲ့ အခြားကိစ္စ တွေနဲ့ အချိန်ကုန်နေတတ်ပါတယ်။ အိမ်ထောင်ရှိသူဆို အိမ်ထောင်ရေးကံအားနည်းနေချိန်ပါ။ အိမ်ထောင်ဘက် အချင်း ချင်းစကားအခြေအတင်များရတတ်ပါတယ်။

စိတ်ဝမ်းကွဲတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ ကောင်း မ လိုလို နဲ့ အဖျားရှူးသွားတတ်ပါတယ်။ အလုပ်ထဲမှာလဲ လုပ်နေပေမဲ့ မပျော်ပိုက်တာမျိုးတွေကြုံတွေရမှာပါ။ အိုးအိမ် ပြောင်း၊ အလုပ်ပြောင်း၊နေရာပြောင်း တွေကြုံရတတ်ပါတယ်။

အချစ်ရေးကံ ကောင်းနေပေမဲ့ ကြားစကားတွေကို ယုံမိလိုက်ပါက တစ်ဦးနဲ့တစ်ဦးအထင်လွဲပြဿနာဖြစ်ရတတ်ပါတယ်။ အကျိုးပေးဂဏန်း ၅/ဝ/၇ အထူးဟော ဗျာများနေရတတ်ပါတယ်။ယတြာ ထီးအဟောင်း၊ ဖိနပ်အဟောင်းတွေရှိရင်စွန့်ပစ်လိုက်ပါ။

တနင်္လာ

ငွေကြေးရလိုမှုထက် အကောင်းဆုံးဘာလုပ်ပေးနိုင်မလဲဆိုတာမျိုးတွေ တွေးထားဖို့လိုပါတယ်။ မိမိအတွက် ကောင်းသောမိတ်ဆွေတွေဆီက အကူအညီတွေရလာတတ်ပါတယ်။ လုပ်ငန်းမှာတော့ မိမိလုပ်သမျှ အသိအမှတ်ပြု ခံရဖို့မလွယ်သေးပါဘူး။

ဒီကာလအတွင်းမှာ မိမိအနေနဲ့ လုပ်ချင်တာတွေအရမ်းများနေတတ်ပါတယ်။ ဆောင်ရွက် စရာ တွေလဲပြည့်နှက်နေတတ်ပါတယ်။ အိမ်မှုကိစ္စတွေများနေတတ်တဲ့ကာလပါပဲ။ ကျန်းမာရေးအနေနဲ့ ခေါင်းကိုက် ခေါင်းမူး သွေးတိုးတာမျိုးဖြစ်လွယ်ပါတယ်။ အရက်သောက်သူများသတိထားပါ။

ဦးနှောက်သွေးကြောပြတ်တာမျိုး အလွန်ဖြစ်လွယ်တဲ့ကာလပါပဲ။ ပန်ကာ၊အဲယာကွန်း အလွန်အကျွံအေးအောင်ဖွင့်ပြီးအိပ်တတ်သူတွေလဲ သတိထား ဆင်ခြင်ပါ။ပညာရေးအနေနဲ့က ဆရာရွေးမှားတတ်ပါတယ်။ မိမိကျက်မှတ် ထား တာ တွေလဲ မေ့လွယ်တဲ့အချိန်ပါ။

စိတ်ထဲပေါ်လာတာကို ချက်ချင်းထလုပ်တာမျိုးမလုပ်ပါနဲ့။ စိတ်ရှည်ရှည်ထားပြီး တော့ လုပ်ပါ။ မိမိအရမ်းရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်ဝမ်းကွဲတာမျိုးကြုံရ တတ်ပါတယ်။

အချစ်ရေး ကံတော့ ကောင်းနေပါလိမ့်မယ်။ သာယာ ဖြောင့်ဖြူးတဲ့အချစ်ခရီးလမ်းပါ။ ငွေကြေးကံလဲသင့်တင့်တဲ့ အချိန် ပါပဲ။ အိမ်ထောင်ရေးမှာတော့ အိမ် ထောင်ဦးစီးက အဓိကပါ။အိမ်ထောင်ဦးစီးရဲ့ အမြော်အမြင်ပေါ်မူတည်ပြီး အိမ်ထောင် ရေး သာယာမှု၊မသာယာမှု တွေ ဖြစ်လာပါလိမ့်မယ်။ အကျိုးပေးဂဏန်း ၁/၂/၅ အထူးဟော ခေါင်းစားရမဲ့အချိန်ပါပဲ ယတြာ လူကြီးမိဘတွေကို အားဆေးလှူပါ။

အင်္ဂါ

အရာရာကို စိတ်မြန်လက်မြန်လုပ်မှအဆင်ပြေလိမ့်မယ်။ အချိန်ဆွဲနေသူတွေ၊ပျင်းနေသူတွေအခွင့်အရေး ဆုံးရှုံးရတတ်ပါတယ်။ စုပေါင်းလုပ်ကိုင်ထားတဲ့ အစုစပ်အလုပ်များအမြတ်အစွန်းများမည်။ ကလေးငယ်ရှိသူများ မိမိရင်သွေးငယ် အတွက် မိတ်ဆွေများ ရဲ့ လက်ဆောင်ပေးတာမျိုးကြုံရတတ်သည်။

အောက်လက်ငယ်သားတွေနဲ့ သေချာချိတ်ဆက်ပြီးလုပ်ကိုင်သူများ ပိုမိုလုပ်ငန်းတိုးတတ်နိုင်ပါတယ်။ရစရာရှိသောငွေများဒီကာလအတွင်းရလိမ့် မယ်။ ငွေကြေးလာဘ်လာဘလွန်စွာပေါများတဲ့အချိန်ပါ။ ကျန်းမာရေးအရမ်းကောင်းနေပါမည်။

စိတ်လက်ကြည်လင် ပြီး ပေါ့ပါးသွက်လက်နေပါလိမ့်မယ်။စက်ပစ္စည်းများ ဝယ်ဖို့ ကြံစည်ထားရင် ဒီကာလအတွင်းဝယ်နိုင်ပါ တယ်။ အလုပ်ကံ စီးပွားကံကောင်းနေပါတယ်။ အလုပ်ထဲမှာ မိမိ နေလိုတဲ့နေရာ ၊ပြောင်းလိုတဲ့ ဌာနမျိုးတွေကို လဲပြောင်း ရရောက်ရတတ်ပါတယ်။အဓိဌာန်တွေဝင်ခြင်းဖြင့် ဒီအပတ်ထဲကံ ကောင်းမှုတွေပိုလာတတ်ပါတယ်။ အချစ်ရေး ကံကောင်း ပေမဲ့ ချစ်သူနဲ့ တွေ့ရဖို့မိမိအတွက်ခက်ခဲနေတတ်တာမျိုးပါ။

ချစ်သူရဲ့ မိဘတွေကြောင့် အချစ်ခရီးလမ်း အနှောင့်အယှက် ဖြစ် တတ်ပါတယ်။ ပညာရေးကံတစ်ခုကတော့ အားနည်းနေပါ တယ်။ လွယ်ကူတဲ့ သင်ခန်း စာ တွေ တောင် မိမိအတွက်ခက်ခဲနေတတ်တာမျိုးပါ။အိမ်ထောင်ရေးမှာလဲတစ် ယောက် နဲ့တစ်ယောက်နားလည်မှု တွေ ရလာနိုင်ပါတယ်။အကျိုးပေးဂဏန်း ၂/၅/၆ အထူးဟော ကံမြင့်နေပါတယ်။ယတြာ စတုမဓု တစ်ဘူး ကျန်းမာရေးအားနည်းသူတစ်ဦးကိုလှူလိုက်ပါ

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းအပေါင်းအသင်းဆက်ဆံရေးနယ်ပယ်အားကောင်းလာတတ်ပါတယ်။ ခင်မင်ကြသူတွေရဲ့ အကူအညီတွေရလိမ့်မယ်။ လူချစ်လူခင်များနေတတ်ပါတယ်။မိသားစုအပူတွေများနေသူများ၊ မိသားစုအတွင်းရေး စိတ်မချမ်း မြေ့သူများ၊ဒီကာလများပြေလည်မှုတွေရလာတတ်ပါတယ်။

စီးပွားရေးလုပ်နေသူများ မိမိလုပ်ကိုင်သမျှ ကိစ္စ အဝဝ ကူညီမဲ့ သူပေါ်တတ်ပါတယ်။ ဒီကာလအတွင်း စီးပွားရေးကံမြင့်မားနေပါလိမ့်မယ်။ ခရီးတို ခရီးရှည် တွေလဲ ထွက်ရတတ်ပါတယ်။ အိပ်ရေးပျက်နေခြင်းကြောင့် ခေါင်းတစ်ဆစ်ဆစ်နဲ့ကိုက်နေရတတ်ပါတယ်။

ကျန်းမာ ရေး တော့ အနည်းငယ် ဂရုစိုက်ပါ။ စပ်တူအလုပ်၊ရှယ်ယာအလုပ်တွေ အကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။ ကုန်သွယ်မှု လုပ်ငန်းများ၊နိုင်ငံခြားကနေမှာယူပြီး ပြန်လည်ရောင်းချတဲ့အလုပ်များတိုးတတ်ပါလိမ့်မယ်။

မိမိရဲ့ ချစ်သူ ထံမှ မြတ် နိုး စရာကောင်းသော လက်ဆောင်ပစ္စည်းများရတတ်ပါတယ်။ စန်းပွင့်နေတတ်တဲ့ကာလပါပဲ။စေ့စပ်ဖို့ ၊နားဖောက်ဖို့ ကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။ ပညာရေး ဘက်မှာ ထူးချွန်ဖို့ကံအားနည်းနေတတ်ပါတယ်။

စာမေးပွဲ ကိစ္စ၊ သင်ကြား ရေးနှင့်ပတ်သက်သောကိစ္စအင်တာဗျူးနဲ့ပက်သက်သောကိစ္စရပ်များအခက်အခဲများပါလိမ့်မယ်ဗျ။အိမ်ထောင်သည် များ အိမ်ထောင်ဘက်ရဲ့အကူအညီတွေအများကြီးရလာတတ်ပါတယ်။အကျိုးပေးဂဏန်း ၃/၆/၂ အထူးဟော မိတ်ဆွေကောင်းနဲ့တွေ့မည်။ယတြာ ကန်စွန်းရွက်ကြော်ကို ဘုရားကပ်ပါ

ကြာသပတေး

ဒီအချိန်ကလအတွင်း ကြာသပတေးသားသမီးများအနေနဲ့က စိတ်ထဲမှာမတင်မကျဖြစ်စရာတွေများနေတတ် ပါတယ်။ ဟိုဟာလုပ်ရနိုးနိုး ဒီဟာလုပ်ရနိုးနိုးဖြစ်နေရတတ်တဲ့အချိန်ပါ။ မိသားစုအတွင်းအပူတွေ့တတ်ပါတယ်။ အတူနေသူအချင်းချင်း စိတ်ဝမ်းကွဲနေတတ်ပါတယ်။

ကျန်းမာရေးအတွက် စိတ်ပူရတတ်ပါတယ်။ မိမိကျန်းမာရေး ကောင်းနေရင်တောင် မိသားစုဝင်တွေရဲ့ကျန်းမာရေးကြောင့် စိတ်ညစ်ရ၊ စိတ်ပူရတတ် ပါတယ်။

အလုပ်နဲ့ပတ်သက် ပြီး ရှေ့တိုးဆောင်ရွက်ချင်တဲ့ကိစ္စတွေဒီကာလမှာ စတင်လို့ကောင်းပါတယ်။ငွေကံကတော့ ကောင်းနေပါလိမ့်မယ်။ အဘက်ဘက်က ငွေဝင်လာနိုင်ပေမဲ့ အဖတ်မတင်ဘဲပြန်ထွက်နေမဲ့အချိန်ပါ။ကားကိစ္စ ၊ခြံကိစ္စအဆင်ပြေပါ လိမ့် မယ်။

အထက်လူကြီးက မိမိအပေါ်အမြင်မကြည်လင်တာ၊ ငြိုငြင်တာမျိုးတွေကြုံရပါလိမ့်မယ်။ ဖက်ရှင်လုပ်ငန်း၊ အလှကုန်ပစ္စည်း ရောင်းချသူများ ကြီးမားတဲ့ငွေကြေးမြုပ်နှံမှုများမလုပ်ပါနဲ့အုံး။

အပျော်အပါးကိစ္စတွေကြုံလာရင် သတိထားပါ။ ပျော်လို့ရပါတယ်။အပျော်လွန်ပြီးအပျက်ဖြစ်ရတတ်ပါတယ်။ အချစ်ရေးကိစ္စများ အကောင်းအဆိုး ဒွန်တွဲနေတတ်ပါတယ်။ ပညာရေးအနေနဲ့ ကြိုးစားသလောက်အရာမထင်ဘူးလို့ ခံစားနေရမဲ့အချိန်ပါ။

အိမ်ထောင် ရေး မှာတော့ တော်ရုံအခက်အခဲတွေလောက်ကတော့ ပြန်အဆင်ပြေလိမ့်မယ်။ အိမ်ထောင်ဘက်က အမှားကို မြင်ပြီးပြုပြင်ပါလိမ့်မယ်။အကျိုးပေးဂဏန်း ၈/၂/၅အထူးဟော ကံညံ့နေတတ်ပါတယ်။ယတြာ လိပ်ကို အစာကျွေးလိုက်ပါ။

သောကြာ

သောကြာသားသမီးတွေအနေနဲ့ဒီကာလအတွင်း အယုံမလွယ်ပါနှင့် ။ သူများပြောတာကို နားယောင်းမိတာနဲ့ ဒုက္ခရောက်တတ်လို့ပါ။ မိမိစိတ်ကူးအတွေးအကြံအတိုင်းသာရှေးတိုးဆောင်ရွက်ပါ။ အထူးသဖြင့် ဒီကာလဟာ မိမိ ရဲ့ ဉာဏ်ရည်ကိုသာ ထုတ်သုံးပါ။

ဝန်ဆောင်မှုနဲ့ ဆက်စပ်သောအလုပ်များအဆင်မပြေဖြစ်တတ်ပါတယ်။ ငွေကြေး က အကုန်အကျတွေများပြီးအဖတ်မတင်ဖြစ်ရတတ်ပါတယ်။အဖိုးတန်ပစ္စည်းများဝတ်ဆင်ပြီးသွားလာတာမျိုးသတိ ထားပါ။

သူခိုးခိုးခံရတာ၊အလုခံရတာမျိုးတွေကြုံရတတ်ပါတယ်။အလောတကြီးလုပ်လို့မကောင်းသေးတဲ့ကာလဖြစ်တာမို့ ဖြေးဖြေးမှန်မှန်သာဆောင်ရွက်ကြပါ။စိတ်ထဲလိုချင်တာတွေ ဝယ်လိုက်မိရာကနေ ငွေတွေလဲ ထွက်သွား တတ်ပါတယ်။

ကျန်းမာရေးကတော့ အညံ့အဆိုးအလွန်နည်းပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မည်ကောင်းနေ ပါလိမ့် မယ်။ငယ်ရွယ်သူများ အချစ်နယ်ကျွံမိရာမှ မဖုံးနိုင် မဖိ နိုင်ကိစ္စများ ကြုံရတတ်ပါတယ်။ ရှယ်ယာဆိုတာမျိုး မစဉ်း စားပါနဲ့ ။

ဥပဒေနဲ့မလွတ်ကင်းသောကိစ္စများ လုံးဝမလုပ် မိပါစေနဲ့။ မကောင်းမှုတွေလုပ်မိတိုင်း ချက်ချင်းဆိုးကျိုး ခံစားရနိုင်လို့ပါပဲ။ မိမိစိတ်ကူးအတိုင်းသမာအာဇီဝ ကျကျ သာ လုပ်ကိုင်ပါ။ ပညာရေးကံလွန်စွာမြင့်မားနေ တတ် တယ်။

အခုကာလအတွင်း စတင်အကောင်အထည်ဖော်သော ပညာရေးကိစ္စတွေမှာ အကောင်းဘက်မှာရှိနေ ပါတယ်။ အကျိုးပေးဂဏန်း ၉/၅/၃ အထူးဟော မလောပါနဲ့ ယတြာ မြေပဲကြော်ပြီး ရဟန်းသံဃာတွေကို လောင်းလှူပါ။

စနေ

လက်ရှိလုပ်နေတဲ့ အလုပ်ကို ပိုမိုကောင်းမွန်အောင်ပြုပြင်ဆောင်ရွက်ပါ။ အလုပ်မှာ လိုအပ်တဲ့ ထိန်းသိမ်းမှု၊ ဝန်ထမ်းအင်အား၊စက်ပစ္စည်း အတိုးအလျော့ စတာတွေကအစ သေချာစီစစ်ဆောင်ရွက်စေချင်ပါတယ်။

အလုပ် အကိုင်တွေအဆင်ပြေလာသလို စီးပွားရေးလဲဦးမော့လာပါလိမ့်မယ်။ မိမိစိတ်ကူးထားသောကိစ္စတွေ လက်တွေ့ အကောင် အထည်ဖော်နိုင်ပါလိမ့်မယ်။ ရေနဲ့နီးသောနေရာတွေမှာ တိုင်ပင်ခြင်း ၊ အနာဂတ်အတွက်ကြံစည်ခြင်းတွေ ပြုလုပ်ခြင်းဖြင့် အကျိုးဖြစ်ထွန်းနိုင်စရာရှိပါတယ်။

သားသမီးတွေ၊တပည့်တွေ၊ကိုယ့်အောက်ဝန်ထမ်း တွေရဲ့ ကျန်းမာရေး တော့ ဂရုစိုက်စေချင်ပါတယ်။ အသက်ကြီးသူများ သွေးပေါင် အမြဲချိန်နေသင့်တဲ့ကာလပါ။ ရေထွက် ကုန်လုပ်ငန်း အကျိုးပေးမဲ့အချိန်ပါ။ စက်ပစ္စည်းတွေလဲဝင်လာဖို့ရှိနေပါလိမ့်မယ်။ အချစ်ရေးကံအလွန်ညံ့နေချိန်ပါ။ အလုပ်တစ်ဖက်နဲ့ချစ်သူကိုမေ့ထားမိသလိုဖြစ်သွားတတ်ပါတယ်။ ပညာရေးကံကောင်းနေချိန်ပါ။

ကြိုးစားတာ ထက်ပိုပြီး ရလဒ်ကောင်း တတ်ပါတယ်။အိပ်ထောင်ရေးအဆင်ပြေနေမည်။ဘဝအတွက်အရေးပါသော အိပ်ထောင် ရေးကိစ္စများဆုံးဖြတ်ရတတ်သည်။မစားသင့်သောအစားသောက်ကိုစားမိခြင်း၊ အစားမှားခြင်းဖြစ်ပေါ်တတ်၏။

ကာလ အတန် ကြာမြုပ်နေသောဝေဒနာဟောင်းပြန်ပေါ်တတ်၏။အဖုအပိန့်များထတာမျိုး၊အဆိပ်ရှိတဲ့ အကောင် ကိုက် တာမျိုးဖြစ်တတ်ပါတယ်။အကျိုးပေးဂဏန်း ၆/၈/၄အထူးဟော စီးပွားကံကောင်းမည် ယတြာ သစ္စာပန်း ဘုရားလှူပေးပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695။ 09 44 5555 695

Add a Comment

Your email address will not be published.