ကြီးပွားကြောင်း( ၇ )ရပ် အရမ်းကြိုက်လို့ ပြန်လည်မျှဝေလိုက်ပါတယ်

(၁)ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂)ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ။ ငွေဝင်တဲ့လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်းလိုတယ်။

မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန်လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃)ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ကြက်တွေ အုပ်လိုက်မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။

ကိုယ်ကငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကိုသေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီးလေဖြတ်တဲ့လူလိုငွေတွေလေဖြတ် သွားလိမ့် မယ်။ အင်အားမရှိတော့ဘူး။

(၄)အလုပ်လုပ်ရာတွင် လောင်းကစား မဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံးဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။သေချာတာလောက်ကိုပဲလုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင်ကုန်သွားမယ် ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။

မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ (သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ)

(၅)အိမ်ငှားမနေနဲ့ အိမ်ပိုင်ဖြစ်အောင်လုပ်၊ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင်ကြိုးစား။ ငှားတာဟာ ကြာတော့စရိတ်ထောင်းတယ်။ စိတ်လည်းရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီအပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆)မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ (မတ်တတ်စာပဲရှိတယ်၊ တုံးလုံးစာ မရှိဘူးလို့ မပြောရအောင် ပြင်ဆင် ထားပါ)

(၇)ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ (အားပေးတဲ့ ဖောက်သည်တို့၊အားပေးတဲ့ပရိသတ်တို့ဆိုတာစိတ်ချရတာမျိုး မဟုတ်ဘူး။ကိုယ့်ထက်တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ)

Crd…

(၁)ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂)ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်းလိုတယ်။

မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန်လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃)ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့်နေရာတွေကို ပို့ရမယ်။နွားတွေ၊ကြက်တွေအုပ်လိုက်မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။

ကိုယ်ကငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကိုသေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလိုငွေတွေလေဖြတ်သွားလိမ့် မယ်။ အင်အားမရှိတော့ဘူး။

(၄)အလုပ်လုပ်ရာတွင် လောင်းကစား မဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံးဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။သေချာတာလောက်ကိုပဲလုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင်ကုန်သွားမယ် ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။

မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ (သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ)

(၅)အိမ်ငှားမနေနဲ့ အိမ်ပိုင်ဖြစ်အောင်လုပ်၊ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင်ကြိုးစား။ ငှားတာဟာ ကြာတော့စရိတ်ထောင်းတယ်။ စိတ်လည်းရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီအပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆)မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ (မတ်တတ်စာပဲရှိတယ်၊ တုံးလုံးစာ မရှိဘူးလို့ မပြောရအောင် ပြင်ဆင် ထားပါ)

(၇)ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ (အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ပရိသတ်တို့ဆိုတာစိတ်ချရတာမျိုးမဟုတ်ဘူး။ကိုယ့်ထက်တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ)

Crd…

Add a Comment

Your email address will not be published.