ပြည်တွင်းမှာ စစ်ကိုင်းကဗိုလ်နဂါးနဲ့ မြိတ်ကျွန်းစုပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်နေတဲ့ အမေရိကန်ရဲ့ ပင်လယ်နဂါးစစ်ဆင်ရေး ၂ခုကြားဗျာများနေတဲ့ စစ်ကောင်စီ

ဗိုလ်နဂါးနှင့် ပင်လယ်နဂါးစစ်ဆင်ရေးမှာ ဗျာများနေသော စစ်ကောင်စီ

ပြည်သူ့တော်လှန်ရေးဟာ ပြည်သူ့အင်အားနဲ့သာ တိုက်ယူရမယ်ဆိုတာ တော်လှန်ရေးအချိန်ရလာတော့ တဖြေးဖြေး သိလာကြပါပြီ ။ သို့ပေမယ့် ပြည်ပအကူအညီကရော မရဘူးမျှော်လို့မရဘူးဆိုတာကလည်း ပြောလို့တော့မရသေး ပါဘူး ။ တော်လှန်ရေးစခါစကတော့ ကုလ အမေရိကန် ကွာဒ့် နေတိုးအဖွဲ့တွေကို ပြည်သူတွေမျှော်သလို စာရေးသူလည်း မျှော်လင့်ပါတယ် ။ ဒါမှလည်းအချိန်တိုအတွင်းမှာ စစ်အာဏာဝါဒကို အမြစ်နုတ်နိုင်မှာမဟုတ်လား ။

ဒီတော့စာရေးသူလည်း မြန်မာ့ကမ်းလွန်အနီးကိုရောက်လာတဲ့ အမေရိကန်စစ်သင်္ဘောကြီးတွေကို အလေးထားစောင့်ကြည့်ပြီး ပြည်သူတွေကို အသိပေးခဲ့ပါတယ် ။ တကယ်လည်းပဲရောက်လာခဲ့ပါတယ်။ကိုကိုးကျွန်းနဲ့ အနီးတစ်ဝိုက်အထိ မဟာမိတ်လေယာဉ်တင်သင်္ဘောကြီးတွေရောက်လာပြီး စစ်ရေးလေ့ကျင့်ခဲ့တယ်ဆိုတာ အားလုံးအသိပါ ။ သို့ပေမယ့် အခြေအနေက ရုရှားနဲ့ တရုတ်စစ်ရေးပြင်လာတဲ့အတွက်ထင်သလိုဖြစ်မလာခဲ့ပါဘူး။အမေရိကန်စစ်သင်္ဘောကြီး နမ့်မဇ်ဟာ မြိတ်မြို့ရဲ့ အနောက်ဘက်ပင်လယ်ပြင်အထိ ချည်းကပ်လာခဲ့သလိုတရုတ်စစ်တပ်တွေဟာမူဆယ်တစ်ဘက်ကမ်းက နယ်စပ်မှာ အင်အားအလုံးအရင်းနဲ့ အသင့်ပြင်လာပါတယ် ။ အခြေအနေဟာ ကမ္ဘာစစ်အထိ ရောက်သွားနိုင်တယ်လို့ စာရေးသူကသုံးသပ်ခဲ့သလို ကမ္ဘာ့မီဒီယာတွေကလည်း ဒီလိုပဲ သုံးသပ်ခဲ့ပါတယ် ။

တစ်ခါ မြန်မာ့အရေးကို ကုလလက်အောက်ခံ ငြိမ်းချမ်းမှု့ထိန်းသိမ်းရေးတပ်တွေဝင်ဖို့ မဲခွဲတဲ့အခါမှာလည်း ရုရှားနဲ့တရုတ်က ပြည်တွင်းရေး ဝင်မရှုတ်နဲ့ဆိုပြီး ဗီတိုနဲ့ ပယ်ချခဲ့ကြတာ အားလုံးအသိပါ ။ သို့ပေမယ့် ဒီလိုအခြေအတင်ဖြစ်နေတဲ့ ကမ္ဘာ့ရေးရာကိုဂရုမစိုက်တော့ပဲ ကိုယ်ထူ ကိုယ်ထလမ်းကို တော်လှန်ရေးပြည်သူတွေ လျှောက်ခဲ့ကြတာ ဒီနေ့အထိပါပဲ ။

ဒီလိုဇွဲကောင်းတဲ့ တော်လှန်ရေးပြည်သူတွေကို ကမ္ဘာကြီးကလည်းစစ်ရေးမရတဲ့အခါသံတမန်နည်းလမ်းနဲ့ဆက်လက် ကူညီနေပါတယ် ။ သံတမန်အရေးမှာ မြန်မာပြည်သူတွေဘက်က ၉၉ရာခိုင်နှုန်းအသာရထားပြီးလို့ အနိုင်ရမယ်ဆိုတာ သိထားပြီးသားပါ ။ ဒီလို အားတက်စရာတွေ ရှိနေခဲ့လို့လည်း ပြည်တွင်းက တော်လှန်ရေးပြည်သူတွေဟာ တစ်နေ့ထက်တစ်နေ့အင်အားကောင်းလာခဲ့ပါတယ် ခေတ်လူငယ်တွေဦးဆောင်တဲ့ PDF ဆိုတာ တော်လှန်လိုစိတ်ရှိတဲ့ မြန်မာပြည်သူတွေပါပဲ ။PDF အင်အား ဘယ်လောက်ရှိသလဲ ဆိုရင်တော်လှန်လိုစိတ်ရှိတဲ့ ပြည်သူအရေအတွက်ဟာ PDF အင်အားပါပဲ ။ ခန့်မှန်းရရင် ၅၅ သန်းသော ပြည်သူတွေထဲကသန်း ၄၀ ကျော်ဟာPDFတွေပါ။သေနတ် ကိုင်မှ PDF မဟုတ်ပါဘူး ။ စီဒီအမ် သတင်းပေး အား ပေးကူညီ ကလောင်ကိုင် နားကျပ်ကိုင်အလှုငွေပေးထမင်း ချက် အစားအသောက်လှုတာကလည်း တော်လှန်လိုစိတ်ရှိတဲ့ PDF တွေပါပဲ။

ခုတလောမှာ ပြည်တွင်းက ထင်ရှားလာတဲ့ PDF ခေါင်း ဆောင်ကတော့ ဗိုလ်နဂါး ဆိုတာ အားလုံးသိပါလိမ့်မယ် စာရေးသူကတော့ စိတ်ထဲကနေ ကြိတ်ပြီး အားကျနေမိပေမယ့်ဗိုလ်နဂါးရဲ့လုံခြုံရေးနဲ့သူ့နယ်မြေလုံခြုံရေးအတွက် ဗိုလ်နဂါးအကြောင်းကို မရေးဖြစ်ပါဘူး ။ နဂါးတဘောင်ကလည်း ရှိနေလေတော့ ဗိုလ်နဂါးကို တော်လှန်ရေးပြည်သူတွေရော အာဏာသိမ်းအဖွဲ့ကရော အာရုံစိုက်လာကြပါတယ် ။

ပြီးခဲ့တဲ့ တစ်ပတ်ကတော့ မြန်မာနဂါးအပြင် ကမ္ဘာ့နဂါးကြီးတစ်ကောင်လည်းစစ်ရေးလေ့ကျင့်ပြန်ပါတယ်။ တိုက်ဆိုင်မှု့တွေကို စာရေးသူ အံ့သြမိတာပါ။အမေရိကန်ဦး ဆောင်တဲ့ ကနေဒါ သြစတေးလျ အိန္ဒိယ ဂျပန် တောင်ကိုရီးယား နိုင်ငံစုံတပ်ဖွဲ့တွေဟာပင်လယ်နဂါး စစ်ရေးလေ့ကျင့်မှု့ကို ပြုလုပ်ခဲ့ပါတယ် ။ တရုတ်နဲ့ ရုရှားရဲ့ ရေတပ်ကို ရင်ဆိုင်နိုင်ဖို့အတွက် လေ့ကျင့် ပြင်ဆင်ကြတာပါရေ ငုပ်သင်္ဘော ရှာဖွေရေး လေ့ကျင့်ခန်းတွေလည်း ပါဝင်ပါတယ်။

ပင်လယ်နဂါး စစ်ဆင်ရေးဟာ ဒီအတိုင်းမနေပဲ အိန္ဒိယသမုဒ္ဒရာကို ဆက်လက်ချီတက်ခဲ့ပြန်ပါတယ် ။ မလက္ကာရေလက်ကြားမှာ စင်္ကာပူ မလေးရှားတို့ရဲ့ လေယာဉ်တင် စစ်သင်္ဘောကြီးတွေနဲ့စစ်ရေးလေ့ကျင့်ပါတယ်ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ မြန်မာ့ကမ်းလွန်နဲ့နီးတဲ့ ကိုကိုးကျွန်းအနီးကို ရောက်လာခဲ့ပါတယ် ။

ဒီနေရာမှာ စာရေးသူပြောလိုတာက ဒီစစ်ရေးလေ့ကျင့်မှု့ဟာ ဘာအတွက်လည်းဆိုတာအတိအကျမပြောလိုပေမယ့် အာဏာသိမ်းခံခဲ့ရတဲ့

ဖေဖော်ဝါရီ၂၀၂၁ ကစပြီး စစ်ရေးလေ့ကျင့်မှု့ အများစုဟာ မြန်မာ့ကမ်းလွန်အနီးမှာ ဖြစ်နေတာကို အသိပေးချင်တာပါ ။

ဆိုရရင်ဗရုတ်ဗယက်ဖြစ်နေတဲ့ မြန်မာနိုင်ငံအနီးအနားကို မဟာမိတ်ရေတပ်တွေ မကြာခဏရောက်လာပြီး စစ်ရေးလေ့ကျင့်နေတာဟာ အလကားနေရင်း ငြွေဖူန်းနေတယ်လို့တော့ မထင်မိပါဘူး ။ ကိုကိုးကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်ခဲ့တဲ့ အဓိက လေယာဉ်တင်သင်္ဘောကြီး ESSEX ARG ကတော့ အရှေ့အလယ်ပိုင်းကို ဆက်လက်ထွက်ခွာသွားပြီး တိုက်သင်္ဘောတွေနဲ့ ဒုံးခွင်းဒုံးတင်ဆောင်ထားတဲ့ စစ်သင်္ဘောတွေကတော့ အိန္ဒိယသမုဒ္ဒရာအတွင်းမှာ ဆက် လက်ရှိနေဆဲပါ ။

အားလုံးသိထားတဲ့အတိုင်းပါပဲ။၁၉၉၄ ခုနှစ်မှာကတည်းက ကိုကိုးကျွန်းကို တရုတ်ကငှားရမ်းထားတာပါ ။ကမ္ဘာ့ စစ်ရေးမဟာဗျူဟာကျတဲ့ ကိုကိုးကျွန်းမှာ တရုတ်ရေဒါစခန်းရှိပါတယ် ။ ဥရောပက ဝင်လာမယ့် စစ်သင်္ဘောတွေကို ပီကင်းကနေ ရေဒါနဲ့ ကြည့်နေယုံပါပဲ ။ လွန်ခဲ့တဲ့တစ်ပတ်က ကိုကိုးကျွန်းအနီးမှာ ပင်လယ်နဂါး စစ်ဆင်ရေးရောက် လာလို့ တရုတ်သင်္ဘောတွေ ပျာယာခတ်ခဲ့ပါတယ် ။

မြန်မာ့အရေးဟာ ကမ္ဘာ့အရေးနဲ့ ဆက်နွယ်နေသလို ကမ္ဘာ့စစ်ရေးဗျူဟာကျတဲ့ ကိုကိုးကျွန်းဟာ မြန်မာ့ပိုင်နက်ထဲမှာ ရှိနေတာကလည်း မြန်မာ့အရေးအတွက် အဓိကကျတဲ့ပွိုင့် တစ်ခု ဖြစ်နေပါတယ် ။ ဖေဖော်ဝါရီ အာဏာသိမ်းစဉ်ကတည်းကမဟာမိတ်လေယာဉ်တင်သင်္ဘောကြီးတွေ မ ကြာခဏလက်နက်ဆန်းတွေနဲ့စစ်ရေးလေ့ကျင့်တဲ့အခါတိုင်း အာဏာသိမ်းစစ်တပ်ဟာထရမလို ထိုင်ရမလိုနဲ့ အနေခက်နေတာကိုတော့ မိတ်ဆွေတို့ တွေ့မြင်နိုင်မှာပါ။

အာဏာသိမ်းစကတည်းက မြန်မာ့ကမ်းလွန်အနီးကိုရောက် လာတဲ့ စစ်သင်္ဘောကြီးတွေသတင်းကို အသိပေးခဲ့ပေမယ့် ထင်သလိုဖြစ်မလာလို့ဝေဖန်မှု့တွေလည်းခံခဲ့ရပါတယ် ဒါ့ကြောင့်လည်း အမေရိကန်ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှု့တွေကို သိပ်ပြီးအသိမပေးဖြစ်ခဲ့ပါဘူး။သို့ပေမယ့်ဒီတစ်ခါ စစ်ရေးလေ့ကျင့်မှု့ကတော့တဘောင်ထဲကအတိုင်း တိုက် ဆိုင်နေတဲ့ ပင်လယ်နဂါး စစ်ဆင်ရေးကို အသိပေးလိုတဲ့အတွက်တင်ပြလိုက်ရတာပါ။အားကိုးရမယ်လို့အတိ အကျ မပြောလိုပါဘူး ။သတင်းကတော့ သတင်းပါဘဲ ။

Add a Comment

Your email address will not be published.