“ကံဆိုးမှု များစွာကို ဖြတ်ကျော်ပြီး အောင်မြင်လာသူ၊ ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေကိုဘဲ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့သူ ဟောလိဝုဒ်ရဲ့ နာမည်ကျော် Matrix မင်းသား Keanu Reeves”

ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေကိုဘဲ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ Matrix မင်းသားကြီးရဲ့ ဘဝ…

“သေရင် ဘာတွေယူသွားမှာလဲ”

​​သူက ဟောလိဝုဒ်ရဲ့ နာမည်ကျော် Matrix မင်းသား Keanu Reeves ပေါ့.. အသက် ၃ နှစ်မှာ ဖခင်ဖြစ်သူက စွန့်ပစ်သွားခဲ့လို့ ပထွေး သုံး

ယောက်နဲ့ ကြီးပျင်းလာခဲ့ရသူဖြစ်တယ်.. သူ့မှာ ဦးနှောက်မမှန်ပဲ စာဖတ်ဖို့အခက်အခဲရှိတဲ့ dyslexic ရောဂါကလည်းရှိနေပါတယ်..

သူငယ်စဥ်က ဟော်ကီအားကစားသမားဖြစ်ဖို့ ရည်မှန်းချက်ရှိခဲ့ပေမဲ့ မတော်တဆထိခိုက်မှုတစ်ခုက သူ့အိပ်မက်တွေကိုဖျက်ဆီးခဲ့ပါတယ်..

သူ့သမီးလေးဟာ မီးတွင်းထဲမှာ ဆုံးပါးခဲ့တယ်.. သူ့ဇနီးက ကားတိုက်မှုနဲ့ သေဆုံးခဲ့ရတယ်.. သူ့အမဖြစ်သူဟာ သွေးကင်ဆာဝေဒနာကို ခံ

နေရပြီး သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ River Phoenix ကတော့ ဆေးလွန်ပြီး သူ့ကိုခွဲသွားခဲ့ပါတယ်..

သက်တော်စောင့်မရှိ အိမ်ကြီးအိမ်ကောင်းနဲ့ လည်းမနေဘဲ ပုံမှန်လူတွေနေတဲ့ ရိုးရိုးအခန်းငယ်လေးမှာနေတဲ့ Keanu Reeves ဟာ မြို့ထဲ

မှာတစ်ယောက်ထဲ သွားလာနေလေ့ရှိပြီး နယူးယောက်မြို့ရဲ့ မြေအောက်ရထားတွေပေါ်မှာလည်း သူ့ကိုတွေ့ရတတ်ပါတယ်..

“The Lake House” ဆိုတဲ့ရုပ်ရှင်ကို ရိုက်နေတုန်းက အဝတ်အစားပြင်ဆင်ရေးကအကူ နှစ်ယောက်စကားပြောသံကို သူကြားခဲ့တယ်.. အဲ့

သည့်ထဲကတစ်ယောက်ဟာ ဒေါ်လာ ၂၀၀၀၀ ကိုနေ့ချင်းပြီး မပေးဆပ်နိုင်ရင် အိမ်ကိုဆုံးရှုံးရတော့မယ်ဆိုတာကို သူသိလိုက်တဲ့အခါ သူ့ရဲ့

ဘဏ်အကောင့်ထဲကနေ ချက်ခြင်းကူညီပေးခဲ့ပါသတဲ့.. သူဟာသူ့ရဲ့ဘဝမှာ အောင်မြင်တဲ့ The Matrix ရုပ်ရှင် ကားတွေရိုက်ခရတဲ့

ဒေါ်လာ ၇၅ သန်းအပါအဝင် ငွေကြေးအမြောက်အမြားကို ဆေးရုံတွေမှာ အကြိမ်ကြိမ်လှူဒါန်းခဲ့သူပါ..

၂၀၁၀ တုန်းကသူ့ရဲ့မွေးနေ့မှာသူက ပေါင်မုန့်ဆိုင်တစ်ခုကိုသွားခဲ့ပြီး brioche ပေါင်မုန့်ကလေးတစ်လုံးနဲ့ ဖယောင်းတိုင်တစ်တိုင်ကိုဝယ်ခဲ့

ပြီး ဆိုင်ရှေ့မှာ တစ်ယောက်ထဲထိုင်စားခဲ့တယ်.. ဆိုင်ရှေ့ကဖြတ်သွားကြသူတွေကို သူကသူ့မွေးနေ့အဖြစ် ကော်ဖီသောက်ဖို့ ဖိတ်ခေါ်ခဲ့ပါ

တယ်.. လမ်းသွားလမ်းလာတွေဟာ သူနဲ့အတူ ကော်ဖီသောက်ရင်း မွေးနေ့ဆုတောင်းစကားတွေအပါအဝင် စကားတွေစုဝေးပြောခဲ့ကြပါတယ်..

၁၉၉၇ ခုနှစ်တုန်းကတော့ ပါပါရာဇီတွေဟာ သူ့ကို လော့စ်အင်ဂျလိစ်က အိမ်ရာမဲ့တွေရဲ့ နေရာမှာ သူ့ရဲ့ဘဝဇာတ်လမ်းအတွေ့အကြုံတွေ

ဟောပြောနေတာကို မှတ်တမ်းရယူနိုင်ခဲ့တယ်.. ဘဝမှာ ရင်ထဲက နာကျင်မှုဝေဒနာတွေဟာ စာနာမှုတွေအဖြစ် ပြောင်းလဲသွားတတ်တာ

ကို သူက သက်သေပြခဲ့ပါတယ်.. သူဟာ အရာအားလုံးနီးပါး ဝယ်နိုင်ပါလိမ့်မယ်.. ဒါပေမဲ့ သူက ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေကိုဘဲ ရွေးချယ်ဖို့ မနက်ခင်းတိုင်းမှာ ဆုံးဖြတ်နေသူတစ်ယောက်ဖြစ်နေတာကတော့အမှန်ပါ..

credit all

Be the first to comment

Leave a Reply

Your email address will not be published.


*