တောထဲမှာ ရှိတာလေးနဲ့ သူငယ်ချင်း ပိုးလေးရဲ့ မွေးနေ့ကို စပရိုက် လုပ်ပေးခဲ့တဲ့ ဟားငါးကောင်အဖွဲ့သားများရဲ့ ဗီဒီယိုဖိုင်လေး

Unicode

ပရိတ်သတ်ကြီးရေ ဟားငါးကောင် အဖွဲ့သားတွေ ကတော့ အနုပညာနယ်မှာ နေရာတစ်ခုကို အခိုင်အမာ ရရှိခဲ့ပြီး စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့အဖွဲ့လေးဟာ အေ ရးတော်ပုံကြီး အောင်မြင်ဖို့အတွက် တောထဲမှာ တော်လှန်ရေးရဲဘော်တွေ နဲ့အတူ တတ်နိုင်တဲ့ ဘက်ကနေ စိတ်အားထက်သန်စွာပါဝင်နေကြတဲ့ ပြည်သူ့အချစ်တော်တွေ ဖြစ်လာခဲ့ပါပြီ။

ဟားငါးကောင်အဖွဲ့ သားတွေဟာ လွတ်မြောက် နယ်မြေထဲရောက်ရှိနေတဲ့ အချိန်လေးမှာလည်းပြည်သူတွေရဲ့ဘဝအေ မာတွေပြေစေဖို့အတွက် ဟာသပြက်လုံးတွေနဲ့ကြိုးစားဖျော်ဖြေပေးနေတာဖြစ်ပါတယ်။

တစ်ခါတလေ တောထဲတောင်ထဲမှာ အနေအထိုင်၊ အစားအသောက်တွေ ဆင်းရဲစွာနေထိုင်ရပေမယ့် သူတို့အဖွဲ့သားတွေပျော်ရွှင်စွာဖြတ်သန်းနေတဲ့ အချိန်လေးတွေကိုလည်း ပရိသတ်တွေကိုအမြဲဖော်ပြပေးပါတယ်။

ဒီကနေ့မှာတော့ ဟားငါးကောင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော်ပိုးလေးရဲ့ ပျော်ရွှင်စရာမွေးနေ့ရက်မြတ်လေး ကျရောက်ခဲ့ပါတယ်။ ကြည်နူးစရာလေးကတော့ တောထဲမှာ မရှိရှိတာလေးနဲ့အဖွဲ့သားတွေက မွေးနေ့ Surprise လေးကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပိုးလေးရဲ့မွေးနေ့ Surprise လုပ်ပေးတဲ့ ဗီဒီယိုလေးကတော့ကြည့်မိသူတိုင်း အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။ ပရိသတ်တွေကလည်း ယနေ့ကျေ ရာက်တဲ့ ပိုးလေးရဲ့မွေးနေ့လေးအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်…။

Zawgyi







credit all

Add a Comment

Your email address will not be published.