စက်မှု(၁)ဝန်ကြီးဟောင်း၏သား ပိုင်ဆိုင်သည့် UAB ဘဏ်က NUGနှင့်အပြိုင် ငွေတိုက်စာချုပ်များ ရောင်းချရန် ကြိုးစားပြီ

စစ်အစိုးရလက်ထက် စက်မှု( ၁)ဝန်ကြီး​ဟောင်းဦးအောင်သောင်းသား ဦး​နေ​အောင် ပိုင်ဆိုင်ထားသည့် UABဘဏ်က စစ်ကောင်စီ ထုတ်ရောင်းသည့် ငွေတိုက်စာချုပ်များကို အိမ်တိုင်ယာရောက် လိုက်လံရောင်းချပေးနေကြောင်း အဆိုပါငွေတိုက်စာချုပ်ဝယ်ယူရန် စုံစမ်းခဲ့သူတစ်ဦးက ပြောသည်။

အဆိုပါငွေတိုက်စာချုပ်များကို ကျပ်ဆယ်သိန်းတန်မှစပြီး ပမာဏအကန့် အသတ်မရှိဝယ်ယူနိုင်ကြောင်း UABဘဏ်ကုမ္ပဏီ၏ လက်အောက်ခံ စတော့ရှယ်ယာရောင်းချပေးသည့် ကြားခံကုမ္ပဏီ UAB Securities ကုမ္ပဏီက ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်ထားသည်။

သို့​သော် ​ငွေတိုက်စာချုပ်​ရောင်းချ​ကြောင်း ​UAB Securities ​ဖေ့စ်ဘွတ်ခ်စာမျက်နှာ​ပေါ်မှ ကြော်ညာကို စိတ်ဝင်စားသူနည်းပါးလှသည်ကို​တွေ့ရသည်။ ​ကြော်ညာထားသည်မှာ ၂ ရက်ရှိ​ပြီသော်လည်း ​ဖေ့စ်ဘွတ်ခ်တွင် တုန့်ပြန်သူ ၁၀၂ ဦးရှိရာ ၆၉ ဦးကဟဟ ​ပေး၍ ​လှောင်​ပြောင်ထားကြခြင်းဖြစ်သည်။

“ကျွန်တော် ဝယ်ချင်လို့တော့ မဟုတ်ပါဘူး။ ဘယ်လိုပုံစံမျိုးလဲ သိချင်လို့ လှမ်းမေးကြည့်တာ။ စစ်တပ်ရဲ့ ဗဟိုဘဏ်က ထုတ်ရောင်းတာလို့ပြောတယ်။ ဝယ်မယ်ဆိုရင် အိမ်အထိ လာပြီးလုပ်ပေးမယ်လိုပြောတယ်”ဟု ငွေတိုက်စာချုပ်ဝယ်ယူရန် စုံစမ်းခဲ့သူတစ်ဦးက ပြောသည်။

ထိုငွေတိုက်စာချုပ်များကို အတိုးနှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ခြောက်လတကြိမ် အတိုးပေးမည်ဟု ဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ငွေတိုက်စာချုပ်ရောင်းချမူပုံစံကို အားကျ၍ လိုက်လံရောင်းချခြင်းဖြစ်ပြီး

လူထုက စစ်ကောင်စီကို ယုံကြည်ခြင်းမရှိ၍ ရောင်းချရမည်ဟု မထင်ကြောင်း ငွေကြေးရင်းနှီးမြှပ်နှံမူလုပ်ငန်းဆိုင်ရာအကြံပေးတစ်ဦးက ပြောသည်။ “ပုံမှန်အချိန်မှာဆိုရင် ဒါက ကောင်းမွန်တဲ့ ရင်းနှီးမြှပ်နှံမူတစ်ခုပေါ့။

ဒါပေ့မယ့် အခုချိန်က စစ်တပ်ကို ဘယ်သူမှ မယုံတဲ့အချိန် လူထုက သူတို့ငွေတွေကို ငွေတိုက်စာချုပ် ဝယ်ပါ့မလား။ စစ်တပ်ကလူတွေက NUG လုပ်သလိုလိုက်လုပ်တာလို့ဘဲမြင်တယ်။ NUGလိုတော့ အောင်မြင်မှာတော့မဟုတ်ဘူး”ဟု၎င်းကသုံးသပ်​ပြောကြားသည်။

NUG ​ငွေတိုက်စာချုပ်များအ​​ပေါ် ပြည်သူများက အလွန်စိတ်ဝင်တစားဖြင့် ဝယ်ယူအား​ပေးကြပြီး ​ငွေလွှဲစနစ် အခက်အခဲရှိ​နေသည့်ကြားမှ ​ရောင်းချ​ပေး​​သောပုံစံတိုင်းတွင် အားတက်သ​ရော ဝယ်ယူ​နေကြသည်ကို​တွေ့ရသည်။

ငွေတိုက်စာချုပ်ဆိုသည် အစိုးရတစ်ရပ်အတွက် ဘတ်ဂျတ်လိုငွေကို အများပြည်သူထံမှချေးငွေရယူခြင်းဖြစ်သည်။ ထိုချေးငွေအတွက် အစိုးရက နှစ်အလိုက် အတိုးသတ်မှတ်ပေးထားသော ကတိကဝတ်စာချုပ်များထုတ်ပေးခြင်းကိုငွေတိုက်စာချုပ်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ငွေတိုက်စာချုပ်များကို ငွေတိုက်ဦးစီးဌာနအစား ဗဟိုဘဏ်က ဘဏ်များကို ထုတ်ရောင်းပေးလေ့ရှိသည်။ အရပ်သားအစိုးရလက်ထက်တွင် ငွေတိုက်စာချုပ်များကို သက်တမ်း နှစ်နှစ်နှင့် သက်တမ်း လေးနှစ်ခုဟူ၍ နှစ်မျိုးရောင်းချခဲ့ပြီး

အတိုးနှုန်းမှာ တစ်နှစ်လျှင် ၇ ဒသမ ၂၅ နှင့် ၇ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဦးဆုံးအနေဖြင့် ၂၀၂၁ဖေဖော်ဝါရီ ၁၈ရက် ငွေတိုက်စာချုပ် ကျပ် ဘီလီယံ ၂၀၀ဖိုးကိုလေလံစနစ်ဖြင့် အကြမ်းဖက်စစ်ကောင်စီက ထုတ်ရောင်းခဲ့သည်။

သို့သော်လည်း ဝယ်သူနည်းပါးလွန်းပြီးလေလံပွဲရလာဒ်များ ထုတ်ပြန်ရာတွင် ကျပ်၁ ဒသမ ၇ ဘီလီယံသာ ရောင်းချနိုင်ခဲ့သည်ဟု ငွေတိုက်ဦးစီးဌာနက ထုတ် ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီက ငွေတိုက်စာချုပ်များအနက် (၂)နှစ်သက်တမ်းရှိသည့်

ငွေတိုက်စာချုပ်ကို အတိုးနှုန်း ၈ဒသမ ၇၅ ရာခိုင်နှုန်းပေးမည်ဟု ထုတ်ပြန်ထားသည်။ သို့သော် စစ်ကောင်စီက ထုတ်ရောင်းသည့် ငွေတိုက်စာချုပ်များကို ဝယ်ယူသူမရှိဟု ဘဏ်အသိုင်းအဝိုင်းမှ သိရသည်။

ထို​နောက်ပိုင်း ဗဟိုဘဏ်က ​ငွေတိုက်စာချုပ်များထုတ်မ​​ရောင်း​တော့ဘဲ ယခုအခါ UAB ဘဏ်ကတစ်ဆင့်​ရောင်းရန်ကြိုးစားလာခြင်းဖြစ်သည်။ ဘဏ်ပိုင်ရှင် ဦး​နေ​အောင်သည် စစ်​ကောင်စီ၏ ​ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမိုး​အောင်နှင့် ညီအစ်ကို ဖြစ်သည်။

၎င်းတို့ညီအကိုနှစ်ဦးသည် အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်နှင့် နီးကပ်​သော ဆက်ဆံ​ရေးရှိပြီး ၊ အာဏာသိမ်း​ခေါင်း​ဆောင်နှင့်မိသားစုအ​ပေါ် စီးပွား​ရေးတွင်​ရော ၊စစ်ဖက်​ရေးရာတွင်ပါ လွှမ်းမိုးမှုရှိသည်ဟု စစ်တပ်အသိုင်းအဝိုင်းမှ သိရသည်။

credit all

Add a Comment

Your email address will not be published.