ရန်ကုန်မြို့မှာ နေထိုင်စားသောက်မှုစရိတ်တွေ ကြီးမြင့်လာမှုကြောင့် ရပ်တည်ရခက်ခဲလာတဲ့ ဝန်ထမ်းများ

Unicode

ရန်ကုန်မြို့မှာ နေထိုင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီဝန်ထမ်းတွေနဲ့ အခြေခံလုပ်သားတွေမှာ နေထိုင်စားသောက် စာရိတ်တွေကြီးမြင့်မှုကြောင့် ရပ်တည်ရေး ခက်ခဲလာတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

“ အဆောင်ခ ၊ စားသောက်စရိတ်တွေက အရင်ကထက် နှစ်ဆ ကြီးလာတယ်။ ပဲပြုတ်လို စားစရာတောင် ၂၀၀ ၊ ဒါကလည်း လူတစ်ယောက်အတွက် စားမဖြစ်ဘူး၊ ကြာရင်မလွယ်ဘူး ” လို့ အတည်ချုပ်လုပ်သား တစ်ဦးဖြစ်တဲ့

မသီသီဟန်က ပြောပါတယ်။ လက်ရှိ ဆန်တပြည်ကို ကျပ် ၂၀၀၀ ကျော်၊ ဝက်သား တစ်ပိဿာကျပ် ၁၀၀၀၀ ၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၇၀၀၀ ကနေ ကျပ် ၁၀၀၀၀ ကြား ဈေးရှိတယ်လို့ သိရပါတယ်။

အဲဒီဈေးနှုန်းတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်း မြင့်မားလာတာလို့လည်း အိမ်ရှင်မတစ်ဦးက ပြောပါတယ်။ နေထိုင်တဲ့ အခန်းခ တွေလည်း သုံးပုံနှစ်ပုံလောက် မြင့်တက်နေတယ်လို့လည်း အသီးအနှံလှည့်လည်

ရောင်းချနေသူတစ်ဦးက ပြောပါတယ်။ “အရင် သုံးသောင်းခွဲလောက်ပဲ ရှိတဲ့ အခန်းက အခု ငါးသောင်းငါးထောင်၊ နေစရာမရှိတော့ ငှားရတာပဲ” လို့ ယင်းကပြောပါတယ်။ လက်ရှိ အဆောင်ခတွေမြင့်တက်ရတာဟာ

မြို့နယ်အတွင်း ကျူးကျော်နေအိမ်တွေကို ဖျက်သိမ်းတာတွေ ကြောင့် ဖြစ်တယ်လို့ အဆောင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။ အခန်း ငှားရမ်းတာတွေများပေမယ့် စစ်ကောင်စီက လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်နဲ့

စစ်ဆေးတာတွေကြောင့် လူရွေးငှားရမ်းရလို့ အခန်းခ ဈေးတက်လာတာလို့ သိရပါတယ်။ ကုမ္ပဏီအများအစု လုပ်ငန်းအပြည့်အဝ မလည်ပတ်နိုင်တာကြောင့် ဝန်ထမ်းအရေအတွက်၊ အလုပ်ချိန်နဲ့

လစာလျှော့ချတာတွေကြောင့် ဝန်ထမ်းတွေမှာ ဝင်ငွေနည်းလာတယ်လို့ ကုမ္ပဏီဝန်တမ်း တစ်ဦးကပြောပါတယ်။ “လစာ တဝက်တောင်မရဘူး၊ ပြောမယ်ဆို အိမ်လခတောင်မရဘူး၊ အမျိုးသားကလည်း အလုပ် လက်မဲ့လိုဖြစ်နေတယ်။

အပြင်စာတွေမစားတာဆို နှစ်နဲ့ချီပြီ ၊ ချွေတာမယ်ဆိုရင် ဘယ်အပိုင်းကို ချွေတာရမလဲ ဆိုတာ တွေးလို့မရဘူး၊ နောက်ခြောက်လဆို နယ် (ဇာတိ) ပြန်ရမှ ရမယ်” ကုမ္ပဏီ ဝန်ထမ်းဖြစ်တဲ့ မစုမြတ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ လှဲလယ်ဈေးတွေလည်း မြင့်မားနေတာကြောင့် ဒေါ်လာငွေနဲ့ ဆက်စပ်နေတဲ့ စက်သုံးဆီဈေးဟာလည်း ပြီးခဲ့တဲ့ နှစ်ကထက် နှစ်ဆမြင့်တက်နေတာပါ။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ငွေသားစီးဆင်းမှုတွေကို ထိန်းချုပ်ဖို့ ဘဏ်တွေ အပြည့်အဝ မလည်ပတ်နိုင်အောင် ဆောင်ရွက်တာ တွေကလည်း ကုန်ဈေးနှုန်းတွေ မြင့်မားလာစေတယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

Zawgyi

ရန္ကုန္ၿမိဳ႕မွာ ေနထိုင္လုပ္ကိုင္ေနတဲ့ ကုမၸဏီဝန္ထမ္းေတြနဲ႔ အေျခခံလုပ္သားေတြမွာ ေနထိုင္စားေသာက္ စာရိတ္ေတြႀကီးျမင့္မႈေၾကာင့္ ရပ္တည္ေရး ခက္ခဲလာတယ္လို႔ ဝန္ထမ္းေတြက ေျပာပါတယ္။

“ အေဆာင္ခ ၊ စားေသာက္စရိတ္ေတြက အရင္ကထက္ ႏွစ္ဆ ႀကီးလာတယ္။ ပဲျပဳတ္လို စားစရာေတာင္ ၂၀၀ ၊ ဒါကလည္း လူတစ္ေယာက္အတြက္ စားမျဖစ္ဘူး၊ ၾကာရင္မလြယ္ဘူး ” လို႔ အတည္ခ်ဳပ္လုပ္သား တစ္ဦးျဖစ္တဲ့

မသီသီဟန္က ေျပာပါတယ္။ လက္ရွိ ဆန္တျပည္ကို က်ပ္ ၂၀၀၀ ေက်ာ္၊ ဝက္သား တစ္ပိႆာက်ပ္ ၁၀၀၀၀ ၊ ငါးျမစ္ခ်င္း တစ္ပိႆာ က်ပ္ ၇၀၀၀ ကေန က်ပ္ ၁၀၀၀၀ ၾကား ေဈးရွိတယ္လို႔ သိရပါတယ္။

အဲဒီေဈးႏႈန္းေတြဟာ စစ္ေကာင္စီက အာဏာသိမ္းၿပီး ေနာက္ပိုင္း ျမင့္မားလာတာလို႔လည္း အိမ္ရွင္မတစ္ဦးက ေျပာပါတယ္။ ေနထိုင္တဲ့ အခန္းခ ေတြလည္း သုံးပုံႏွစ္ပုံေလာက္ ျမင့္တက္ေနတယ္လို႔လည္း အသီးအႏွံလွည့္လည္

ေရာင္းခ်ေနသူတစ္ဦးက ေျပာပါတယ္။ “အရင္ သုံးေသာင္းခြဲေလာက္ပဲ ရွိတဲ့ အခန္းက အခု ငါးေသာင္းငါးေထာင္၊ ေနစရာမရွိေတာ့ ငွားရတာပဲ” လို႔ ယင္းကေျပာပါတယ္။ လက္ရွိ အေဆာင္ခေတြျမင့္တက္ရတာဟာ

ၿမိဳ႕နယ္အတြင္း က်ဴးေက်ာ္ေနအိမ္ေတြကို ဖ်က္သိမ္းတာေတြ ေၾကာင့္ ျဖစ္တယ္လို႔ အေဆာင္ပိုင္ရွင္ တစ္ဦးက ေျပာပါတယ္။ အခန္း ငွားရမ္းတာေတြမ်ားေပမယ့္ စစ္ေကာင္စီက လုံၿခဳံေရးဆိုင္ရာ အေၾကာင္းျပခ်က္နဲ႔

စစ္ေဆးတာေတြေၾကာင့္ လူေ႐ြးငွားရမ္းရလို႔ အခန္းခ ေဈးတက္လာတာလို႔ သိရပါတယ္။ ကုမၸဏီအမ်ားအစု လုပ္ငန္းအျပည့္အဝ မလည္ပတ္ႏိုင္တာေၾကာင့္ ဝန္ထမ္းအေရအတြက္၊ အလုပ္ခ်ိန္နဲ႔

လစာေလွ်ာ့ခ်တာေတြေၾကာင့္ ဝန္ထမ္းေတြမွာ ဝင္ေငြနည္းလာတယ္လို႔ ကုမၸဏီဝန္တမ္း တစ္ဦးကေျပာပါတယ္။ “လစာ တဝက္ေတာင္မရဘူး၊ ေျပာမယ္ဆို အိမ္လခေတာင္မရဘူး၊ အမ်ိဳးသားကလည္း အလုပ္ လက္မဲ့လိုျဖစ္ေနတယ္။

အျပင္စာေတြမစားတာဆို ႏွစ္နဲ႔ခ်ီၿပီ ၊ ေခြၽတာမယ္ဆိုရင္ ဘယ္အပိုင္းကို ေခြၽတာရမလဲ ဆိုတာ ေတြးလို႔မရဘူး၊ ေနာက္ေျခာက္လဆို နယ္ (ဇာတိ) ျပန္ရမွ ရမယ္” ကုမၸဏီ ဝန္ထမ္းျဖစ္တဲ့ မစုျမတ္က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အေမရိကန္ေဒၚလာ လွဲလယ္ေဈးေတြလည္း ျမင့္မားေနတာေၾကာင့္ ေဒၚလာေငြနဲ႔ ဆက္စပ္ေနတဲ့ စက္သုံးဆီေဈးဟာလည္း ၿပီးခဲ့တဲ့ ႏွစ္ကထက္ ႏွစ္ဆျမင့္တက္ေနတာပါ။

ဒါ့အျပင္ စစ္ေကာင္စီလက္ေအာက္ခံ ဗဟိုဘဏ္က ေငြသားစီးဆင္းမႈေတြကို ထိန္းခ်ဳပ္ဖို႔ ဘဏ္ေတြ အျပည့္အဝ မလည္ပတ္ႏိုင္ေအာင္ ေဆာင္႐ြက္တာ ေတြကလည္း ကုန္ေဈးႏႈန္းေတြ ျမင့္မားလာေစတယ္လို႔ စီးပြားေရးကြၽမ္းက်င္သူေတြက သုံးသပ္ပါတယ္။

credit all

Add a Comment

Your email address will not be published.