ခုလိုချိန်မှာတောင် သူမကိုချစ်တဲ့သူတွေရှိသေးတဲ့အပြင် ဂရုစိုက်ပီးလှူဒါန်းပေးလို့ ကျေးဇူးတင်တယ်ဆိုတဲ့ ယွန်းယွန်း

ခုလိုချိန်မှာတောင် သူမကိုချစ်တဲ့သူတွေရှိသေးတဲ့အပြင် ဂရုစိုက်ပီးလှူဒါန်းပေးလို့ ကျေးဇူးတင်တယ်ဆိုတဲ့ ယွန်းယွန်း

အနုပညာလမ်းကြောင်းပေါ်မှာ ငယ်စဉ်ကတည်းကနေ အသက်အရွယ်ရောက်တဲ့အထိအောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်သူလေးကတော့ အကယ်ဒမီယွန်းယွန်းပဲဖြစ်ပါတယ်နော်…ပရိသတ်တွေကလည်း သူမကို ငယ်ငယ်လေးကတည်းကနေ ချစ်လာခဲ့ကြပြီးခုချိန်ထိကိုဆက်တိုက်အားပေးပြီးချစ်နေကြတာဖြစ်ပါတယ်။

ယွန်းယွန်းက ပညာရေးကြောင့်အနုပညာအလုပ်တွေကို ခဏတာကင်းကွာခဲ့ပေမဲ့ သူမကအနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်ပြန်တော့လည်း သူမကိုမေ့မသွားကြပဲ အရင်ကထက်ပိုပြီးချစ်ပေးနေတဲ့ ပရိသတ်ရှိနေတာလည်း သူမရဲ့ကံကောင်းခြင်းတစ်မျိုးပဲပေါ့နော်.. ဆံပင်ရှည်ရှည်လေးနဲ့ မြန်မာဝတ်စုံလေးဝတ်ထားတော့လည်း မြန်မာဆန်ဆန်လေးလှပနေသလို လူငယ်လေးလိုဝတ်ထားတော့လည်း အားလုံးကဝိုင်းချစ်နေကြတာပါနော်..

မကြာခင်တုန်းကတော့ သရုပ်ဆောင် ယွန်းယွန်းဟာ လူမှုရေးဖောက်ပြန်မှုကိစ္စကြောင့် လူမှုကွန်ရက်ပေါ်ကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် စည်သူဝင်းနဲ့ ချစ်သူတွေ အဖြစ် အချိန်အတော်ကြာလက်တွဲခဲ့တာ ဖြစ်ပါတယ်။

ပြသနာတွေ တက်ပြီးချိန်မှာတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေများစွာ ခံခဲ့ ရတာ ဖြစ်ပါတယ်။မနေ့က ဇန်နဝါရီလ (၁၉)ရက်နေ့လေးကတော့ ယွန်းယွန်းက အသက် (၂၂)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ ယွန်းယွန်းကတော့ သူ့ရဲ့မွေးနေ့အတွက်ကို သူရဲ့အမာခံပရိသတ်တွေဖြစ်တဲ့ Yoon’s Blessingလေးတွေ ဆီကနေနှစ်တိုင်းလိုလို မွေးနေ့လက်ဆောင်လေးတွေရရှိနေကြပဲဖြစ်ပါတယ်။

ဒီနှစ်မှာလည်း ယွန်းယွန်းက သူ့ရဲ့ပရိသတ်တွေ ဆီကနေ မွန်မြတ်လှတဲ့ မွေးနေ့လက်ဆောင်လေးလက်ဆောင်ရရှိခဲ့ပါသေးတယ်။မွေးနေ့လက်ဆောင်လေးကတော့ YGW ပရဟိတမိဘမဲ့ကျောင်း (ကယား) ရှိသားငယ်သမီးငယ်လေးများအတွက် လိုအပ်ရာအသုံးပြုနိုင်ရန်နဝကမ္မအလှူတော်ငွေ ၁၀၀,၀၀၀(တစ်သိန်း) ကျပ် ကို ယွန်းယွန်းရဲ့ ပရိသတ်တွေက မွေးနေ့အလှူအနေနဲ့ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ယွန်းယွန်းရဲ့ မွေးနေ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုေ ပးခဲ့ကြပါဦးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*