သင်သိပါသလား ခြင်ဆေးခွေ အစားလက်ဖက်ခြောက် ဒီလိုသုံးလို့ ရတယ်ဆိုတာ
စွန့်ပစ် ရ တော့ မယ့် လက်ဖက်ခြောက်ရဲ့ အ သုံး ဝင် ပုံ အ မျိုး မျိုး ကို အကျိုး ရှိရှိ သုံးဖြစ်စေရန် ရည် ရွယ် ရင်း မျှ ဝေ လိုက် ပါ တယ် ခင်ဗျာ..
အကြမ်းအိုးထဲက လက်ဖက်ခြောက်ဖတ်တွေ မလွှင့်ပစ်ဘဲ သုံးတတ်ရင် အကျိုး ရှိတယ် ဆိုတာ ပြောပြချင်ပါတယ် ။
– ဈေးက ဝယ်လာတဲ့ ငါးက တော်တော် ညှီတဲ့ ငါး ဆိုရင် လက်ဖက်ခြောက်ဖတ် နဲ့ အတူ ညှီနေတဲ့ ငါးကို အိုးတစ်ခုတည်း ထည့်ပြုတ်လိုက်ပါ ။ငါးညှီနံ လုံးဝ ပျောက် သွား စေပါလိမ့်မယ်။
– လဖက်ခြောက်ဖတ်တွေကို ရေ အေးနဲ့ ရော ပြီး မှန်ပြတင်းပေါက် အိမ်သုံးပစည်းနဲ့ ရွှံ့ ပေ နေ တဲ့ ဘွတ်ဖိနပ်တွေကို ဆေးကြော ပွတ်တိုက်လိုက်ပါ ။
ပြီးမှ အဝတ်သန့် နဲ့ ပြန်သုတ်လိုက်ပါ။ သန့်ပြီးတော့ တောက်ပြောင် သွားပါလိမ့်မယ် ။Crd
– လဖက်ခြောက်ဖတ်တွေကို ရေ အေးနဲ့ ရောစပ်ပြီး မြေသြဇာရည် အဖြစ် အပင်တွေကို လောင်း ပေး နိုင် ရင် သဘာဝ မြေသြဇာကို ရရှိစေပြီး
အပင်တွေကို သန် စွမ်း ကျန်းမာစေမှာပါ။
– လဖက်ခြောက်ဖတ်တွေကို အ ခြောက် လှမ်းပြီး ကြက်ဥနဲ့ ပြုတ်စားရင် မွှေးကြိုင်ပြီး အရသာ ရှိ လှ ပါ တယ် ။
– လဖက်ခြောက်ဖတ်ကို အ ခြောက် လှမ်း ပြီး မီးရှို့ရင် အနံ့အသက် ဆိုး တွေ ပျောက်တဲ့ အပြင် ခြင်လည်း ပြေးတယ် ။
ခြင်ဆေးခွေ အစားထိုး လည်း အသုံးပြုနိုင်ပါတယ် ။
Crd
zawgyi
Crd
Add a Comment
Your email address will not be published.