မြေကြီးကို စားစရာအဖြစ်ရောင်းတယ် စားရတယ်ဆိုတာ မသိတာ ကျနော် တစ်ယောက်တည်းလား

ရှေးခေတ် ဗြဟ္မာကြီးတွေ မြေသင်းစားလို့ ထူးဆန်းတဲ့အချစ် ဖြစ်ပေါ်ခဲ့သတဲ့ (မင်းအောင် သီချင်းထဲကြားဖူးခဲ့တာ)

တစ်ကယ် မြေကြီးကို စားစရာအဖြစ်ရောင်းမှန်း ခုမှသိတယ်။ တစ်သက်နဲ့တစ်ကိုယ် အခုမှ မြင်ဖူးကြားဖူးတာပါ။

မိတ်ဆွေတို့ရော ဗဟုသုတအနေနဲ့ မျှဝေပါရစေ။ အောင်ပန်းဈေး နေ့တိုင်း မြေကြီးခဲ လာရောင်းတဲ့ မို့အို။ စားလို့ရတဲ့ မြေခဲလေးတွေပါ။

မြေခဲတိုင်း စားလို့မရပါဘူး ပအိုဝ်းလူမျိုးအခေါ်အဝေါ်က ‘ဟမ်းတော့’လို့ခေါ်တယ်။

မြေကြီးတော့ဟုတ်တယ်၊ ရိုးရိုးမြေကြီးတော့ မဟုတ်ပါဖူး။ လွယ်လွယ်နဲ့ ရှာလို့မရပါဘူး။

ဒီစားလို့ရတဲ့ မြေကြီးတွေက နေရာသက်သက်ရှိပါတယ်။ များသောအားဖြင့် အဖိုးအဖွား တွေကြိုက်ကြတယ်။

အစာပြေပေါ့ ထမင်းစားပြီးရင် စားကြတာများတယ်။ တချို့ကြ စားတာစွဲသွားရင် မစားဘဲမနေနိုင်ဖြစ်သွားပါတယ်။

နို့ဆီဘူးတဘူး ငါးရာပါ။ အရသာက စိမ့်ပါတယ်။ ထုံးဓါတ် အနဲငယ်ပါပါတယ်။ အနဲငယ် စပ်ပါတယ်။

ရှမ်းလို လိန်ဟွမ်းလို့ခေါ်တယ်။ ဗမာလို မြေကြီးမွေး လို့အဓိပ္ပါယ်ရတယ်။

ရှမ်းပြည်တောင်ပိုင်းမှာဆို ဗအို့လူမျိုးတွေ အစားများတယ်။ထူးထူးဆန်းဆန်းလေးမို့ မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်တာပါ။

credit all

Be the first to comment

Leave a Reply

Your email address will not be published.

*