ထူးခြားလို့ ကိုယ်တိုင် ဖူးတွေ့ခဲ့ရတယ် မုလအိဆံတော်ရှင်စေတီတော် ရောင်ခြည်တော်ကွ န့်မြူးနေတဲ့ (ရုပ်သံ ဗွီဒီယို)

နတ်ပြည်မှာ.တည်ထားတဲ့ အတိုင်းပါပဲလား…..အမြင့်ကြီးပဲ..““တိမ်တောင် တိမ်တိုက်တွေကြားက မုလအိဘုရား မုလအိတောင်““

ထူးခြားလို့ ကိုယ်တိုင် ဖူးတွေ့ခဲ့ရတယ် မုလအိဆံတော်ရှင်စေတီတော် ရောင်ခြည်တော်ကွ န့်မြူးနေတဲ့ (ရုပ်သံ ဗွီဒီယို) ကရင်ပြည်နယ်ရဲ့ အထင်ကရ နေရာတခု…. ကရင်ပြည်နယ်၊ ဒေသတွင်း အမြင့်ဆုံးတောင်ဖြစ်ပြီး (၆၅၇၈)ပေမြင့်ပါတယ်။

မိုးရာသီမှာ သွားလာ ခက်ခဲပြီး ဘုရားဖူး အများစု ကနွေဦးပေါက်စမှ သွားဖူးတာ များပါတယ်။ ကရင်ပြည်နယ်မြဝတီ- ဝေါလေ-စုကလိ လမ်းကနေ သွားလို့ရသလို..

ကော့ကရိတ်-ကျိုက်ဒုံလမ်း ကနေလည်း သွားလို့ ရပါတယ်။ သို့မဟုတ်..ထိုင်းဘက်ခြမ်း နယ်စပ်ကနေလည်း သွားလို့ရပါတယ်။

တောတောင်ထူထပြီး စေတီဘုရားတည် ရှိတဲ့နေရာဟာတောင် အလွန်မြင့်တော့ ဆောင်းရာသီ မြူနှင်းတွေဝေတဲ့အချိန်မိုးရာသီလို အချိန်

တွေမှာ ဘုရားစေတီနီး နားတောတောင် တမြင်တခွင်မှာ တိမ်စိုင် တိမ်လိတ်တွေနဲ့ ဖုံးလွှမ်းနေတတ် ပါတယ်။

လေအေးတွေလည်း စဉ်ဆက်မပြတ် အမြဲတမ်းတိုက်နေတော့ (တခါတလေ ခပ်ကြမ်းကြမ်းတိုက်နေ)ဘုရားဖူးသူအဖို့ အနွေးထည်တွေ လုံ

လုံလောက်လောက် ယူဆောင် သွားဖို့ လိုအပ်ပါတယ်။ ဆောင်းညတွေဆို မြူနှင်းကျသံ “တဖျောက်ဖျောက်“ကလည်း မိုးကြီးရွာချသလို ထင်မှတ်မှားလောက်အောင်ပါဘဲ။

မုလအိစေတီဘုရာဟာ သမိုင်းရာဇဝင်အရ မြတ်စွာဘုရားရဲ့ဆံတော်ရှင် ဌာပနာထားတဲ့ ဘုရားတဆူလို့ဆိုပါတယ်။

စေတီဘုရားနဲ့ဝန်းကျင် တောတောင်ရေမြေတွေဟာ သန့်ရှင်းစင်ကြယ်တဲ့ နယ်မြေဖြစ်ပြီး ဘုရားဖူးသူများအနေဖြင့် အရက်သေစာသောက်စားခြင်း၊ သားငါးစားခြင်း(သက်သတ် လွတ်နယ်မြေ)၊ ကြမ်းတမ် းစကားပြောဆိုခြင်း၊

သမီးရည်းစားမဖွယ် မရာ (လက်ကိုင်ခြင်းမှစ) လုပ်ဆောင်ခြင်း၊ ခိုက်ရန်ဖြစ်ပွါးခြင်း၊ မဟုတ်မမှန်သော စကားပြောဆိုခြင်း များကို လုံးဝရှောင်ကြဉ် ရပါတယ်။

ငှင်းရှောင်ကြဉ်ရသော အရာတခုခု ဖေါက်ပြန်ပါက အချိန်အခါမဟုတ် လေကြီးမိုးကြီးရွာသွန်းခြင်း၊မိုးကြိုးပစ်ခြင်း၊ တောကောင်များ(ကျားအပါအဝင်)က လူသားများကို အန္တရာယ်ပြုခြင်းများနဲ့ကြုံရတတ်တယ်လို့ဆိုပါတယ်။

တောင်ထိပ်ကိုတက်ပြီး ခရီးတထောက်မှာ ကိုယ်လက်သန့်စင်ခြင်း၊ ခေါင်းလျှော်/ခေါင်းဆေးပြီးမှစေတီဘုရားကို တက်ဖူးရပါတယ်။ မုလ

အိတောင်ထိပ်မှာ သီလမစင်ကြယ်၊ သမာဓိ အားမကောင်းတဲ့ ရဟန်းသံဃာတွေဆိုလျှင် သီတင်းသုံးမမြဲခြင်း၊ပြည်သူမျာ း

အနိုင်ကျင့်စော်ကားတဲ့ နိုင်ငံတော် အကြီးအကဲများရောက် လာလျှင် ကြောက်မက်ဖွယ်ရာလေကြီးမိုးကြီး ၊မိုးကြိုးပစ်ခြင်း အတိတ် နိမိတ်

တွေနဲ့ကြုံရတတ်ပါတယ်။တောင်ထိပ်မှာ အမျိုးသမီးများ ဖူးမျှော်တဲ့ဘုရားနဲ့၊ အမျိုးသားများသာ ဖူးမျှေ်တဲ့ဘုရားရှိပါတယ်။

ကြည်ညိုသူများ သွားရောက်ဖူးမျှေ ာ်နိုင်သလိုရေမြေ တောတောင် သဘာဝ အလှတရားတွေကို ချစ်မြတ်နိုးသူအနေနဲ့လည်း သွားရောက်

လည်ပတ်နို င်ပါတယ်။  လောဘ ဒေါသ အာဃာတစစ်ပွဲ၊ အမုန်းတရားတွေ၊ ပူပင်သောကတွေနဲ့ပြည့်နက်နေတဲ့ ပတ်ဝန်းကျင်တွေကို ခဏတာမေ့ထား/ပစ်ထားပြီး……

သီလသမာဓိရှိရာ၊ သန့်ရှင်းစင်ကြယ်မှုရှိရာ၊လောဘ ဒေါသတွေကင်းဝေးရာ၊စိတ်နှလုံး အေးချမ်းရာ ၊ တောစောင့်နတ်ကောင်း၊တောင်စောင့်နတ်ကောင်း၊ နတ်ကောင်းနတ်မြတ်၊

သူတော်စင်တို့ရှိရာ ၊ အမှန်တရားရှိရာ၊ အရပ်တခုမှာခဏတာလေးဘဲဖြစ်ဖြစ် သွားရောက်လည်ပတ်ကြဖို့ပုထုဇဉ်လူသားအားလုံးကို

တိုက်တွန်း နိုးဆော်လိုက်ပါ၏။ ငြိမ်းချမ်းမှုတခုခုကို သင် ရယူပိုင်ဆိုင်လိမ့်မယ်လို့လည်း မျှေ်လင့်မိပါ၏။

credit all video link here

https://www.facebook.com/100007627597315/videos/1983196995277868/

Add a Comment

Your email address will not be published.