Unicode
အဆိုတော် အိအိကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ တေးသံရှင်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ အိအိရဲ့သားနဲ့သမီးဖြစ်နဲ့ ချမ်းမြေ့မောင်ချိုနဲ့ သူရမောင်ချိုတို့ကလည်း အနုပညာလမ်းမမှာ ကိုယ်စီလျှောက်လှမ်းနေကြတာဖြစ်ပြီး
အောင်မြင်မှုတွေ အထိုက် အ လျောက် ရရှိနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အိအိက ကိုဗစ်ဖြစ်ပြီးတဲ့အပြင် နှလုံးခုန်တွေအရမ်းမြန်ပြီး မလှုပ်ရှားနိုင်ဖြစ်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုရဲ့ကျန်းမာရေးအခြေအနေကို
ပြောပြလာပါတယ်။ အဆိုတော် အိအိက “ကျမသမီး. July 3rd wave မှာ ကိုဗစ်ဖြစ်လို့ ဆေးကုသလိုက်ရပါတယ် Post covid နှလုံးအရမ်းခုန်ပြီး မလှုပ်နိုင်ဖြစ်လို့ ဆေးဆက်ကုရပါတယ်.
ပထမ Sinopharm ၂ ကြိမ်ထိုးပါတယ်။ ခု Covitshield ထိုးပါတယ်.. ဆေးအရှိန်ကြောင့်လား ချွဲချင်လို့လားမသိ
အကိုက်အခဲပျောက်ဆေး တိုက်ပြီး ဆေးထိုးတဲ့နေရာ နာတယ်ဆိုလို့ ရေခဲအုံပေးရပါတယ်
အမယ်မင်း မောထာဟယ်” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ ကျန်း မာရေးမကောင်းတဲ့ အချိန် မေမေ့အနားမှာနေရင်း အချွဲပိုနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချမ်းမြေ့မောင်ချိုတစ်ယောက် အမြန်ဆုံးကျန်းမာစေဖို့ ဆုတောင်းပေးကြပါဦးနော်။
Zawgyi
Leave a Reply