မော်လမြိုင်ကတော့ ရှယ်လုပ်ချလိုက်ပြီ (အဝစား ၅၀၀ ကို ကြက်သားဒံပေါက်ပါ ကျွေးတာတဲ့ဗျာ)

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အဝစား ကျပ် ၅၀၀ ထမင်းဆိုင်ကို သီရိမင်္ဂလာရပ် ဓမ္မာရုံမှာ ဒီဇင်ဘာ ၁၂ ရက်က ဒံပေါက်ဖြင့် စတင်ဖွင့်လှစ်ရောင်းချရာ စားညသုံးသူများပြားခဲ့ကြောင်း သိရပါတယ်။…

အဝစား မြန်ကောင်းသက်သာ ထမင်းဆိုင် ဖွင့်ပွဲအနေနဲ့ ကြက်သားဒံပေါက်နဲ့ သီးစုံပဲဟင်း ပွဲ ၄၀၀ စာ ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။ နောက်နေ့တွေမှာ ကြက်နဲ့ ဝက် ဟင်းနှစ်မျိုးနဲ့ အဝစား ထမင်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။…

အဆိုပါ မြန်ကောင်းသက်သာ အဝစား (၅၀၀) ကျပ်တန် ထမင်းဆိုင်ကို မော်လမြိုင်မြို့မှ မနောဖြူညီနောင်တော်များ အဖွဲ့ကနေ တာဝန်ယူ ဆောင်ရွက်ပြီး ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။…

အခြေခံလူတန်းစားတွေ မြန်ကောင်းသက်သာပြီး ထမင်းတနပ်ကို ဝဝလင်လင် စားရဖို့အတွက် အလှူရှင်များရဲ့ ပံ့ပိုးမှုအပေါ် မူတည်ပြီး ဆက်လက် လုပ်ကိုင်သွားမယ်လို့ အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။…

ယခုလို ခက်ခဲနေကြတဲ့ ကာလထဲမှာ မြန်ကောင်းသက်သာ အဝစား (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ တိုင်းနဲ့ ပြည်နယ် အနှံ့မှာ ရှိစေချင်တယ်လို့ ဒေသခံတဦးက ရင်ထဲက ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။…

လှူဒါန်းပေးတဲ့ အလှူရှင်များနဲ့ ဝေယျာဝစ္စလုပ်ကိုင်ပေးတဲ့ စေတနာရှင် လူငယ်မောင်မယ်များ အားလုံး ကျန်းမာရွှင်လန်းပြီး လိုတိုင်းတ တတိုင်းရနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။…

credit all

Add a Comment

Your email address will not be published.