မျက်စဉ်းဖိုးမတတ်နိုင်လို့ မျက်လုံးတစ်ဖက် ဆုံးရှုံးသွားတဲ့ လူကြမ်း မင်းသားကြီး ဦးဘဂျမ်း

Unicode

ပရိသတ်ကြီးရေ မြန်မာရုပ်ရှင်တွေထဲမှာ ငယ်စဥ်ကထည်းကြည့်ခဲ့ရတဲ့ အထိုးအကြိတ်ကားတွေထဲမှာ အမြဲပါစမြဲဖစ်တဲ့ လူကြမ်းမင်းသားကြီး ရုပ်ဆောင် ဦးဘကြမ်း ကိုလူတိုင်းသိလိမ့်မယ်ထင်ပါတယ်။

နိုင်ငံရေးမကောင်းတဲ့အချိန်ဖြစ်လို့ ဦးဘကြမ်း ကတော့အခုအချိန်မှာ အလုပ်အကိုင်တွေနားထားရတာကြောင့် သူ့ရဲ့မျက်စိအတွက် မျက်စဉ်းစျေးတွေကြီးလွန်းတာကြောင့် မျက်စိတစ်ဖက်က တော်တော်ပျက်ဆီးသွားပါတယ်။

သူ့ရဲ့မျက်စိနဲ့ပတ်သတ်ပြီး ဦးဘဂျမ်း ကတော့ ” “ မျက်လုံးတိမ်ဝင်တာက ဖြစ်နေတာတော့ကြာပါပြီ။ ဒါပေမယ့် အနုပညာအလုပ်လေးရှိတဲ့အချိန်မှာ အလုပ်လုပ်ခဲ့ရတော့ မျက်လုံးအတွက်လည်း အချိန်မပေးနိုင်တော့ဘူး။

အခု အနုပညာအလုပ်တွေနားထားရတဲ့အချိန်မှာ မျက်စဉ်းဆေးလေးပဲပုံမှန်ခတ်ဖြစ်တယ်။ မျက်စဉ်းကလည်း ခတ်ရတာက၂ဘူးကို ၅သောင်းလောက်ရှိတယ်ဆိုတော့ အလုပ်မရှိတဲ့အချိန်ကြတော့ ဝယ်မခတ်နိုင်ဘူး။

အဲ့ဒါနဲ့ ရူတင်မန်နေဂျာဦးဆွေဆီမှာ မျက်စဉ်းဖိုးလေးတောင်းရင်းအဲ့ကနေပဲ ကူညီမယ့်သူတွေပေါ်လာတယ်။ အဲ့ဒီအတွက်အကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်အလုပ်လုပ်ပြီး ရှာတဲ့ပိုက်ဆံထပ် ပရိသတ်ကပေးတဲ့ပိုက်ဆံက ပိုပြီး တန်ဖိုးရှိပါတယ်။

“လို့ပရိသတ်တွေနဲ့အလှူရှင်တွေကို ကျေးဇူးတင်ကြောင်းပြောထားပါတယ်။ လူကြမ်းမင်းသားကြီး သရုပ်ဆောင် ဦးဘဂျမ်း ဟာဆိုရင် သူ့ရဲ့မျက်လုံးတစ်ဖက်တိမ်ဝင်နေပြီး ၉၅ရာခိုင်နှုန်းလောက်ဆုံးရှုံးနေပြီ

ဖြစ်တာကြောင့် မျက်လုံးကုသရန် အနုပညာရှင်တချို့မှ အလှူငွေများကိုလှူဒါန်းပေးခဲ့ကြပါတယ်။ ဦးဘဂျမ်း မျက်စိလဲ အမြန်ဆုံးပြန်ကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi


နိုင်ငံရေးမကောင်းတဲ့အချိန်ဖြစ်လို့ ဦးဘကြမ်း ကတော့အခုအချိန်မှာ အလုပ်အကိုင်တွေနားထားရတာကြောင့် သူ့ရဲ့မျက်စိအတွက် မျက်စဉ်းဈေးတွေကြီးလွန်းတာကြောင့် မျက်စိတစ်ဖက်က တော်တော်ပျက်ဆီးသွားပါတယ်။






Add a Comment

Your email address will not be published.