(၁၀) လတာကြာပြီးတဲ့နောက် အနုပညာအလုပ်တွေပြန်လုပ်မှာဖြစ်ပေမယ့် ပြည်သူနဲ့အမြဲတသားတည်းရှိနေမှာပါဆိုတဲ့ သီရိရှင်းသန့်

သရုပ်ဆောင်နဲ့ မော်ဒယ် သီရိရှင်းသန့်ကတော့ သူမရဲ့ချောမောပြေပြစ်တဲ့မျက်နှာအလှလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေ

တာပဲဖြစ်ပါတယ်။ သီရိရှင်းသန့်ဟာ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ပြည်သူနဲ့အတူတူရပ်တည်ခဲ့ပြီး အခုအခါမှာတော့ စားဝတ်နေ

ရေးကြောင့် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်တော့မယ့်အကြောင်း အခုလိုပဲ အသိပေးလာပါတယ်။

“အလုပ်တွေနားထားရတာ ဖေဖော်ဝါရီလ ကတည်းက ဆိုတော့ ၁၀ လကျော် ၁ နှစ်လောက်ရှိပြီမို့ လှူချင်တာလှူနိုင်ဖို့ရယ် စားဝတ်နေရေး

အတွက်ရယ် တခြားတခြားသော အရာတွေအတွက်ရယ် အလုပ်လေးတွေ လုပ်ခွင့်ပြုရင် ပြန်ပြီးလုပ်ချင်ပါတယ်။ အမှန်တိုင်းပြောရင် ဘာမှ

လုပ်ချင်ကိုင်ချင်စိတ်မရှိ စိတ်မပါခဲ့တာ ကြာပါပြီ။ ပြန်လုပ်မှရတော့မယ့် အခြေအနေမို့ ပြန်လုပ်တဲ့အခါကျရင်လဲ အားလုံးနားလည်ပေးစေ

ချင်ပါတယ်ရှင်။ အခက်ခဲရင်ဆိုင်နေရတဲ့သူများအားလုံးကို ကိုယ်ချင်းစာပါတယ်။ ကိုယ်တိုင်က ခက်ခဲနေသူတွေကို လှူဒါန်း ထောက်ပံ့ပေး

ချင်ပေမယ့် ကိုယ်တိုင်လဲ ရုန်းကန်နေရတဲ့ အခြေအနေနဲ့မို့ ထင်သလောက် မထောက်ပံ့ပေးနိုင်ခဲ့တာတွေကိုလဲ အနူးညွှတ်တောင်းပန်ပါတယ်ရှင့်။ ”

“ပုံတွေ ပြန်တင်နေလို့ လိပ်ပြာလုံရဲ့လားလို့ မေးရင် သူများတွေနဲ့နှိုင်းယှဉ်ရင် ကိုယ်လုပ်ဆောင်ခဲ့တဲ့ အရာတွေက မြူမှုန်လောက်ပဲ ရှိပေ

မယ့် ကျွန်မ တတ်နိုင်သလောက် စွမ်းဆောင်ခဲ့ပြီမို့ “ကျွန်မ လိပ်ပြာလုံတယ် “ လို့ပဲ ပြန်ဖြေပါရစေနော်။ ကိုယ်တွေ အလုပ်ဆိုတာလဲ media

နဲ့ keep in touch ဖြစ်နေရတာ ဆိုတော့ ပုံတွေပြန်တင် အလုပ်တွေ ပြန်လုပ်တဲ့အခါ နားလည်ပေးပါနော်။ “ဘယ်လက်က လှူတာ ညာ

လက်က မသိစေနဲ့တဲ့ “ အလှူအဒါန်းတွက် ဘာပို့စ်မှ တင်မှာမဟုတ်သလို အမြဲ လိုအပ်တဲ့နေရာ လှူနိုင်ဖို့ ကြိုးစားသွားမှာပါ။ တခုပဲ ပြော

ချင်ပါတယ်။ “ချစ်တဲ့ ပြည်သူတွေ ချစ်တဲ့ ပရိသတ်တွေနဲ့ အမြဲတမ်းတသားတည်းရှိနေမှာပါ “။ နောက်များကြုံကြိုက်ရင်တော့ ဒီ ၁၀

လတာ အတွင်း ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ အကြောင်းအရာတွေကို ပြန်ပြီး ပြောပြချင်ပါတယ်….. အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ရည်မှန်းထားတဲ့ အရာတွေ အမြန်ဆုံး ပြည့်ဝပါစေရှင့် ” ဆိုပြီး ပြောလာပါတယ်။

သီရိရှင်းသန့်ကတော့ လှူချင်တာလှူတန်းနိုင်ဖို့နဲ့ စားဝတ်နေရေးအတွက် အလုပ်တွေပြန်လည်လုပ်ကိုင်တော့မယ်ဆိုပေမယ့် ပြည်သူတွေနဲ့အမြဲတမ်းအတူတူရှိသွားမယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။

credit all

Add a Comment

Your email address will not be published.