အစ်ကိုဖြစ်သူရေမွန်ခေါ်နေကျနာမည်လေးနဲ့ အိမ်တွင်းစီးပွားရေးလုပ်ငန်း လုပ်ကိုင်တော့မယ်ဆိုတဲ့ လပြည့်ကဗျာ

အဆိုတော်ရေမွန်ကတော့ လူကြီး၊ လူငယ်၊ လူလတ်ပိုင်းအားလုံးကြိုက်နှစ်သက်အားပေးရတဲ့ အဆိုတော်တစ်ယောက်ပါပဲ။ အောင်မြင်မှု

တွေရရှိနေတဲ့ အနုပညာရှင်ဖြစ်ပေမယ့် အောင်မြင်မှုကို ကြာရှည်မခံစားလိုက်ရတဲ့ ရေမွန်က ပြီးခဲ့တဲ့ ဇူလိုင်လကပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်

ပါတယ်။ ရေမွန်ကွယ်လွန်သွားပြီးတဲ့နောက် ရေမွန့်ရဲ့ညီမလေး လပြည့်ကဗျာက အစ်ကိုခေါ်နေကျနာမည်လေးနဲ့ စီးပွားရေးခြေလှမ်းစတင်တော့မယ့်အကြောင်းကို ပရိသတ်တွေကို အသိပေးလာပါတယ်။

လပြည့်ကဗျာက “Hello…. တံဆိပ်ကလေးနဲ့ မိတ်မဆက်ပေးခင် နာမည်ပေးဖြစ်ပုံလေးအရင်ပြောပါရစေနော်။ Onlineshop ကို စလုပ်

လာတာ 2015 ခုနှစ် (ပိုပိုးမွေးပီးနောက်ပိုင်းလောက်)ပေါ့။ အဲ့တုန်းကတော့ မိန်းကလေးပစ္စည်း၊ အဝတ်ထည် အိတ် ဖိနပ်တွေရောင်းပါ

တယ်။ တနိုင်တပိုင်လုပ်ငန်းလေးမို့ အရင်းနှီးလဲ သိပ်မရှိ အမြတ်လဲနည်းနည်း နဲ့ ၄/၅သိန်းကို လုံးလည်ချာလည်လိုက်ရင်း လုပ်လာတဲ့

အလုပ်ကလေးက တခါတလေကျ ဝင်ငွေကောင်းလိုက် တခါတလေကျ အရင်းပြုတ်လိုက်နဲ့ လုပ်လာရင်း 2019 မှာ Covid ကြောင့် ထိုးရပ်

သွားတာအခုထိပါပဲ။ ဘပီဆုံးပီးတဲ့ နောက်ပိုင်းတော့စိတ်လေပီး ရူးပီး လမ်းမှားရောက်သွားမှာရယ်ကြောင့် ကိုယ့်စိတ်ကို အလုပ်ပေးတဲ့အနေနဲ့ အကြော်လှော်လေးတွေ စရောင်းဖြစ်တယ်။”

“ပင်ပန်းတာတော့ စလုပ်ကတည်းကပါပဲ။ အော်ဒါကောက် ပစ္စည်းမှာ ပစ္စည်းသွားရွေး။ ပစ္စည်းထုတ် Deli အပ် အကုန်လုံးတယောက်ထဲ

တခါတလေ အိမ်နီးရင် ကိုယ်တိုင်ပို့ (အမေကတော့ သွားလေရာ ကားလိုက်မောင်းပေး) အဆိုးဆုံးက ၆လွှာမှာနေရတဲ့ ဒုက္ခ။ မုန့်ထည့်

ပေးလိုက်တဲ့ ဖာလိုက်ကြီးရောက်လာရင် အနီးနားအလုပ်သမားမရှိတော့ ပီနံအိတ်နဲ့ ခေါက်တုန့်ခေါက်ပြန် ၆လွှာကို အခါ ၂၀ လောက်

အဆင်းတက်လုပ်ပြီး သယ်ရတယ်။ ထောပတ်သီးတွေ ဝိုင်ပုလင်းတွေ အချိုရည်ပုလင်းတွေဆိုပိုဆိုး အရမ်းပင်ပန်းပေမယ့် ဘာလေးရောင်း

ရောင်း အားပေးကြတဲ့ ကိုယ့်မိသားစုလေးကို ချစ်ကြတဲ့ (အထူးသဖြင့် ဘပီ ကိုချစ်ကြတဲ့သူတွေကြောင့် ) တော်တော်လေး အားတက်ခဲ့ပါတယ်”

“မှတ်မှတ်ရရ Covid ကြောင့် အိမ်ဝင်ငွေမရှိ အလုပ်တွေအကုန်ရပ်ခဲ့ရတုန်းက ငါတို့မိသားစု ဝင်ငွေမရှိရင် ဘေထုပ်တွေဝယ်ပီး Live ရောင်း

ကြမယ်လေ ဆိုပြီးတော့တောင် ဘပီနဲ့ပြောဖြစ်သေးတယ် မိန်းကလေးအဝတ်ဂါဝန်ကြီးတွေပါလာရင်တော့ငါဝတ်မရောင်းရဲဘူး

ယောကျာ်းလေး အဝတ်ဆို ငါဝတ်ပြပြီး ကူရောင်းပေးမယ်ဆိုပြီး တိုင်ပင်ဖူးတယ်။ (ရီစရာအမှတ်တရလေးပေါ့ ) အခုလုပ်ငန်းလေးနဲ့ အိမ်

ကို အပြည့်အဝမထောက်ပံ့နိုင်သေးပေမယ့်လဲ သမီးကြီးနေရာ ရောက်သွားပြီမို့ အရင်ကထက် တာဝန် ၂ဆနဲ့ ပိုကြိုးစားသွားမှာပါ။

အစားအသောက်ချစ်သူပီပီ ကိုယ်ကြိုက်တဲ့အကြော်လှော်လေးတွေကို အကောင်းဆုံး အသန့်ရှင်းဆုံး အလတ်ဆတ်ဆုံး ရောင်းချပေးမှာဖြစ်

ပါတယ်။ တံဆိပ် နာမည်လေးကတော့ သူခေါ်နေကျ ` ပြူးစိန် ‘ ပါ…. ” ဆိုပြီး အသိပေးလာတာပဲဖြစ်ပါတယ်။

လပြည့်ကဗျာကတော့ အစ်ကိုဖြစ်သူရေမွန်ကွယ်လွန်သွားပြီးတဲ့နောက် မိသားစုရဲ့သမီးကြီးအဖြစ် တာဝန်တွေထမ်းဆောင်ရတောမှာမို့

သူမရဲ့ကိုယ်ပိုင်စီးပွားရေးအလုပ်တွေကို လုပ်ကိုင်တော့မှာဖြစ်ကြောင်း ပရိသတ်ကို အသိပေးလာတာပဲဖြစ်ပါတယ်။

credit all

Be the first to comment

Leave a Reply

Your email address will not be published.


*