နှစ်ချီပြီးကိုက်နေတဲ့ သွား ၃ ရက်နဲ့ အမြစ်ပြတ်သွားတဲ့ဆေးနည်း
|နှစ်ချီပြီးကိုက်နေတဲ့ သွား ၃ ရက်နဲ့ အမြစ်ပြတ်သွားတဲ့ဆေးနည်းလေး ဖော်ပြပေးလိုက်ပါတယ်
ကြိုတင်ဝန်ခံပါရစေ။ ကျုပ်က ဆရာဝန်မဟုတ်ဘူး။
ဝေတနာရှင်ဗျ။ကိုယ့်ရောဂါ ကိုယ့်ဝေတနာကို ကိုယ့်ဖာသာမှန်းကု ရမ်းကု ဒေါက်တာရမ်းကုလုပ်ရင်းရရှိလာတဲ့အကျိုးကို မျှဝေလိုက်တာ။
ဒီလိုဗျ ၂၀၁၇ ခုနှစ်မှာ ကျုပ်အံသွားတစ်ချောင်းလှုတ်ပြီး မခံမရပ်ကိုက်လွန်းလို့
ဆရာဝန်သွားပြတယ် ။ဆရာဝန်ကသွားရဲ့တန်ဖိုးကိုသိတော့ မနုတ်စေချင်ဘူး စားဆေးပေးပြီးထိန်းလိုက်တယ်။သက်သာသွားတယ်။ဒါပေမယ့်သွားရဲ့ဘေးမှာဖုကလေးလိုဖြစ်ပြီးပြီတည်လာတယ်။
ဆရာဝန်ထပ်ပြ ဆေးထပ်ပေး ဒီလိုနဲ့ပဲသံသရာလည်နေတာပေါ့။ ၂၀၁၇မှ၂၀၁၉ခုနှစ်ခုချိန်ထိပဲ။
နှစ်နှစ်ပြည့်တော့မယ်။တစ်နေ့ ဖုန်းပွတ်ရင်း
ကျောက်ချဉ်အာနိသင်အကြောင်းပင်စိမ်းရွက်နဲ့
သံပုရာသီးအကြောင်းရေးထားတာလေးတွေ့လို့
ဖတ်ကြည့်ရင်းအကြံပေါ်လာတာနဲ့ထုံးစံအတိုင်း စမ်းသတ်တာပေါ့။(သွားနဲ့ပါတ်သက်တာတော့မပါပါဘူး)
အဲဒီမှာ ကြက်ကန်းဆန်အိုးတိုးတော့တာပဲဗျို့”တစ်ကယ်အံ့သြစရာပါ”နှစ်နဲ့ချီခံစားနေရတဲ့ရောဂါ နှစ်ရက်သုံးရက်အတွင်းအစအနမကျန် ပျောက်ကင်းသွားတယ်။ဆိုရင် ခင်ဗျားတို့ယုံမလား…အံ့သြမလား။
ကျုပ် ဘယ်လိုခံစားရမလဲစဉ်းစားသာကြည့်တော့။
ယိုင်နဲ့နေတဲ့သွားလည်း ပြန်ခိုင်သွားပြီလေ။
ဒါကြောင့အရမ်းဝမ်းသာလွန်းလို့အသက် ၆၀ ကျော် ၇၀ ကိုယ့်လိုသင်္ဂျိုင်းခြေတစ်လှန်းရောက်နေတဲ့ဘဝတူတွေအတွက်စိတ်ဒါဏ်ရာတစ်ချို့သက်သာစေရန် စေတနာနဲ့ဝေမျှလိုက်တယ်။ကုနည်း
၁-ကျောက်ချဉ် နှစ်ရာတန်တစ်ထုပ်ဝယ်ပြီး အမှုန့်ကြိတ် အဲ့ဒီအမှုန့်ကို အနာရှိတဲ့ဒါဏ်ရာထဲထည့်။
တစ်နေ့နှစ်ကြိမ်။
၂-ပင်စိမ်းပင်တစ်ရာဖိုးဝယ် ငငြုပ်ဆုံသန့်သန့်နဲ့ထောင်း။ သံပုရာသီးတစ်လုံးမှညှစ်လို့ရတဲ့အရည်နဲ့ပင်စိမ်းရောသမပြီးလျှင်တစ်နေ့သုံးကြိမ်ထည့် ဒါပဲ။
ဘဝတူများဝေတနာပျောက်၍လိုရာခရီးရောက်ကြပါစေ။(အများသိအောင်ရှယ်ပေးကြပါ)
credit all