အသက်လေးဆယ်နီးပါးရှိနေပြီဆိုပေမယ့် သမီးလေးနဲ့အပြိုင်ဆော့ကစားနိုင်အောင် နုပျိုဖို့ကြိုးစားနေတယ်ဆိုတဲ့ စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်ကတော့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်ပြီး အနုပညာလောကမှာ မသိတဲ့သူမရှိလောက်အောင် နာမည်ကြီးသူတစ်ယောက်ပဲဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က အခုဆိုရင် အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး သူမရဲ့ မိသားစုလေးကို ဂရုစိုက်ပြုစုစောင့်ရှောက်နေတဲ့အပြင် စီးပွားရေးနဲ့ အနုပညာအလုပ်တွေကိုပါ သင့်တင့်မျှတစွာလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ဟာ အသက်သုံးဆယ်ကျော်မှ အိမ်ထောင်ကျပြီး ရင်သွေးရခဲ့တာမို့ သမီးလေးနဲ့အပြိုင် ဆော့နိုင်အောင် ကြိုးစားနေရကြောင်းကို “ကလေးအမေဆိုတာကလေးနဲ့အပြိုင်လိုက်ဆော့ပေးနိုင်မှရမယ်🤷‍♀️ ဒီမေမေ အသက်၃၃နှစ်မှာ မွေးခဲ့တဲ့သမီးလေးဆိုတော့ ခုဆို ထရက်ရှာက၂နှစ်ခွဲမှာတင်ဒီမေမေက ၃၆ ပြည့်တော့မယ်ပေါ့နော်🤦‍♀️ဆိုတော့အသက်ကအဓိကမဟုတ်ပါဘူးစိတ်ရောလူရောသူနဲ့တူတူနုပျိုဆော့နိုင်မောနိုင်ကစားနိုင်အောင်လို့စိတ်ကိုလဲ နုအောင် အတက်နိုင်ဆုံးnegative တွေ မတွေးသလို လူကိုလဲ ကိုယ့်ခန္ဒာကိုယ် ကိုယ်ထိန်းနိုင်အောင်ပေါ့ပါးနေအောင် လေ့ကျင့်ခန်း အမြဲလုပ်ဖြစ်ပါတယ် ဒါမှသူနဲ့တူတူဖလန်းနိုင်မှာမေမေတို့ရေ ကိုယ့်ကိုကိုယ်ပိုချစ်ကြပါနော် ဒါမှကိုယ့်ပါတ်ဝန်းကျင်ကိုပြန်လည်စောင့်ရှောက်နိုင်မှာပါ” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ကတော့ အသက် (၃၆) နှစ်ရှိနေပြီဆိုပေမယ့် သမီးလေးနဲ့အတူတူ ဆော့နိုင်ကစားနိုင်အောင် စိတ်ရောလူပါ နုပျိုလန်းဆန်းအောင် နေထိုင်နေတယ်ဆိုပြီး သူမရဲ့ နေထိုင်မှုပုံစံကို ပြောပြလာတာပဲဖြစ်ပါတယ်။

Source: Sandy Myint Lwin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*