အင်္ဂလိပ်၊ ဇီဝဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေမှာ အမှတ်ကောင်းသူတွေကို ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် ပေးသွားမယ်လို့ စစ်ကောင်စီဥက္ကပြော
|အင်္ဂလိပ်၊ ဇီဝဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေမှာ အမှတ်ကောင်းသူတွေကို ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ပေးသွားမယ်လို့ စစ်ကောင်စီဥက္ကပြော
ဒီဇင်ဘာ၊ ၁၄
လာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ခေါ်ဆိုရာမှာ အင်္ဂလိပ်၊ ဇီဝဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေမှာ အမှတ်ကောင်းသူတွေကို ဆေး
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် ပေးသွားမယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံမှ၁၉၉၅ နှစ်မှ၂၀၂၀ ပြည့်နှစ်အထိနိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ်များမှ မွေးထုတ်ပေးခဲ့တဲ့ ဆရာဝန်များ သုံးသောင်းကျော်ရှိ
သော်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ ၁ သောင်းခန့်သာ ရှိတဲ့အတွက် ထက်ဝက်ပင်မရှိတာကို တွေ့ရှိရတယ်လို့ ၎င်းက ပြောပါတယ်။
အဆိုပါဆရာဝန်တွေက အခုဆို အသက်အားဖြင့် ၅၅ နှစ်ဝန်းကျင်သာ ရှိမှာဖြစ်ပြီ နိုင်ငံ့တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်တဲ့ အရွယ်များပင်ဖြစ်သော်လည်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်မှု မပြုတာကြောင့် တိုင်းပြည်အတွက် များစွာနစ်နာရပါတယ်။
ဒါကြောင့် လာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲခေါ်ဆိုရာမှာအင်္ဂလိပ်၊ ဇီဝဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေမှာ အမှတ်ကောင်းသူများကို ဆေးတက္ကသိုလ်ဝင်ခွင့်စာ မေးပွဲဖြေဆိုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။
ယင်းကဲ့သို့ဆေးတက္ကသိုလ်သို့ တက်ရောက် ပညာသင်ကြားရာမှာလည် ပညာသင်ထောက်ပံ့ကြေးပေးကာ ကျောင်းတက်ခွင့် ပေးသွားမှာ
ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်သွားဖို့ ဝန်ခံကတိ လက်မှတ်ရေးထိုးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန်မထမ်းဆောင်လိုသူများ အနေနဲ့ကတော့ပညာသင်ကြားရေး စရိတ်တွေ နိုင်ငံတော်ကို ပြန်လည်ပေးချေရမှာ ဖြစ်ပါတယ်။လို့ ၎င်းက ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာလည်း ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ လူမှုဝန်ထမ်းဘာသာရပ်များ သင်ကြားနိုင်မယ့်
တက္ကသိုလ်တစ်ခုရှိရန်လိုအပ်တာကြောင့်ယင်းအတွက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
credit all
အင်္ဂလိပ်၊ ဇီဝဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေမှာ အမှတ်ကောင်းသူတွေကို ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ပေးသွားမယ်လို့ စစ်ကောင်စီဥက္ကပြော