ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှေ့နေများမှတဆင့် CRPH NUG ၎င်းရဲ့ မှတ်ချက်များပေးနိုင်တဲ့ အခွင့်အရေးရှိတယ်လို စစ်ကောင်စီဆိုပြန်

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှေ့နေများမှတဆင့် ၎င်းရဲ့ မှတ်ချက်များပေးနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ စစ်ကောင်စီဥက္ကဌပြော

ဒီဇင်ဘာ၊ ၁၄

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှေ့နေများမှတဆင့် ၎င်းရဲ့ မှတ်ချက်များပေးနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်မြင့်တို့ကို အမှုစစ်ဆေးနေချိန်ကာလမှ စီရင်ချက် ချမှတ်

တဲ့အချိန်အထိ သတ်မှတ်ချက်များအတိုင်း ၎င်းရဲ့ရှေ့နေများနဲ့ လွတ်လပ်စွာ တွေ့ခွင့်ပေးထားတယ်လို့ ၎င်းက ဆိုပါတယ်။

“အဆိုပါရှေ့နေများကတစ်ဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေ CRPH၊ NUG အဖွဲ့များ ဖွဲ့စည်းတာတွေကို သိရှိပြီးဖြစ်မယ်လို့ ယူဆပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ရှေ့နေများကတဆင့် ၎င်းရဲ့ မှတ်ချက်များပေးနိုင်တဲ့ အခွင့်အရေးရှိပါတယ်။”လို့ ၎င်းက ပြောပါတယ်။

လက်ရှိမှာတော့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားတဲ့ အမှုဖြစ်စဉ်တွေကို ရှေ့နေတွေက ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ပြောဆိုခွင့် စစ်ကောင်စီက ပိတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်မြင့်တို့ကို ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၄ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး ၂ နှစ်လျှော့ပေါ့ ပေးခဲ့ရာ

ကျန်ရှိတဲ့အမှုတွေကို ဆက်လက် စစ်ဆေးနိုင်ဖို့အတွက် အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းမရှိဘဲ ယခုလက်ရှိနေရာမှာသာ ဆက်လက်ထားရှိဖို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

credit all

Be the first to comment

Leave a Reply

Your email address will not be published.

*