အမေနဲ့အတူတူနေခဲ့တဲ့အိမ်မှာ အမေမရှိတဲ့နောက် တစ်ယောက်တည်းဖြတ်သန်းနေထိုင်ရတာ လုံးဝမလွယ်ဘူးဆိုတဲ့ အိုင်ရင်းဇင်မာမြင့်

အိုင်ရင်းဇင်မာမြင့်ကတော့ မယ်လိုဒီဝေါ သီချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကကို စတင်ဝင်ရောက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အသံပါဝါအားကောင်းပြီး ထူးခြားကောင်းမွန်တာကြောင့် ပရိသတ်ရဲ့ရင်ထဲမှာ အခိုင်အမာနေရာတစ်ခုနဲ့ ရပ်တည်နိုင်ခဲ့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်မှာ မိခင်ကို ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့်က နေ့စဉ်နေ့တိုင်းမိခင်ကို သတိရနေပြီး အမေ့ကိုတမ်းတသတိရတဲ့အကြောင်းတွေရင်ဖွင့်တတ်သလို ဒီတစ်ခေါက်မှာလည်း သူမရဲ့ရင်ထဲက ခံစားချက်တွေကို အခုလိုပဲပြောလာပါတယ်။

“တစ်နေ့မှာ၂၄ဆိုရင် အဆိုးအကောင်းအတူဖြတ်သန်းကြတာ အိပ်ချိန်မှအပပေါ့ အမေနဲ့တစ်အိမ်ထဲအတူနေ အတူသွား အတူတူဖြတ်သန်းခဲ့ရတာ။ အိမ်တစ်အိမ်ထဲ တစ်ဦးတစ်ယောက်ထဲ ဖြတ်သန်းရတာ တကယ်တော့လုံးဝကိုမလွယ်တာပါ 17.2.2022 မှာ တစ်နှစ်တဲ့လေ အမှတ်တရပါ.. ပြန်လုပ်ဖို့ခက်ခဲမယ့်အမှတ်တရကို တင်ဆက်ပေးသွားဖို့ပြင်ဆင်ထားပါတယ်💔” ဆိုပြီးပြောလာပါတယ်။

အိုင်ရင်းဇင်မာမြင့်ကတော့ လာမယ့် (၁၇)ရက်နေ့မှာ သူမဘဝအတွက် ပြန်လုပ်ဖို့ခက်ခဲမယ့်အမှတ်တရကိုလည်း တင်ဆက်ဖို့ပြင်ဆင်ပေးနေတယ်ဆိုပြီး ပြောလာတာမို့ အိုင်ရင်းဇင်မာမြင့်ပြောတဲ့ အစီအစဉ်လေးက ဘာများဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

Source: Irene Zin Mar Myint ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*