ငွေနဲ့တောင် ဝယ်မရနိုင်တဲ့ စိတ်ချမ်းသာခြင်းမျိုးဆိုတာ

လိပ်တစ်ကောင်နဲ့ ငှက်တစ်ကောင် လိပ်တစ်ကောင်က သစ်ပင်အောက်မှာ အနားယူနေပါတယ်။ ထိုသစ်ပင်မှာလည်း ငှက်တစ်ကောင်က အ သိုက်လုပ်ပြီးနေထိုင်ပါတယ်။လိပ်က ငှက်ကို လှောင်ပြောင်လိုက်ပါတယ်။ “သင့်အိမ်ကလည်း ကြည့်ပါအုံး၊

ကျိုးလွယ်ပဲ့လွယ်တဲ့အကိုင်းတွေနဲ့ လုပ်ထားတယ်၊ အမိုးလည်းမရှိဘူး။ စုတ်ပြတ်နေတာပဲ။ ကိုယ့်အတွက်ဆောက်တဲ့အိမ်တောင်မှ ဘာလို့စုတ်ပြတ်အောင် ဆောက်ရတာလဲ။ငါ့အခွံဆိုရင် မင်းရဲ့အသိုက်ထက်တောင် ပိုကောင်းသေး” လို့ လှောင်လိုက်ပါတယ်။

“ဟုတ်တယ်…ကျိုးပဲ့လွယ်တဲ့အကိုင်းတွေနဲ့ ဆောက်ထားတာ။ သဘာဝတရားကို မြင်ရအောင် ဖွင့်ထားတာ။ စုတ်ပြတ်မယ်။ ဒါပေမယ့် ငါကိုယ်တိုင်ဆောက်လုပ်ထားတာ။ ငါကြိုက်တယ်”“ငါထင်တယ်….မင်းအသိုက်က အခြားအသိုက်တွေနဲ့အတူတူပါပဲ။

ဘာမှမထူးပါဘူး။ ငါ့ထက်တော့ပိုမကောင်းနိုင်ပါဘူး။ ငါ့အခွံတွေကိုတောင် မင်းမနာလိုဖြစ်နေအုံးမှာ” လို့ လိပ်ကပြောလိုက်ပါတယ်။“ဆန့်ကျင်ဘက်ပဲ။ ငါ့အိမ်က ငါ့အတွက်တော့ ငါ့မိသားစုတွေ…..ငါ့သူငယ်ချင်းတွေအတွက်တော့ ငါ့အိမ်ကအကောင်းဆုံးပဲ။

မင်းရဲ့အခွံ့ မင်းတစ်ယောက်ကလွဲပြီး အခြားသူတွေအတွက် အဆင်မပြေနိုင်ဘူး။ မင်းအတွက်တော့ အကောင်းဆုံးအိမ်ဖြစ်ရင်ဖြစ်မှာပေါ့။ ငါ့အတွက်တော့ ငါ့အိမ်ကသာ ငါ့အတွက်အကောင်းဆုံးပဲ” လို့ ပြန်ပြောလိုက်ပါတယ်။

သင်ခန်းစာ။ ။ အထီးကျန်နေတဲ့အိမ်ကြီးအိမ်ကောင်းထက် ဆင်းရဲနိမ့်ကျနေပေမယ့် ဖော်ရွေတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စုပြုံနေရတာက ပိုပျော်စရာကောင်းပါတယ်။ ဘယ်လောက်ပဲခိုင်ခံတဲ့အိမ်ကြီးဖြစ်ပါစေ၊ ကိုယ့်ကိုချစ်ခင်သူတွေမရှိပဲ

အထီးကျန်နေရတာက ဘဝမှာ ဘယ်လောက်တောင် ကြေကွဲစရာကောင်းလိုက်မလဲ။ ငွေမပေါပေမယ့် သင့်ကိုချစ်ခင်တဲ့သူတွေနဲ့သာနေရခြင်းက ဘဝမှာ ချမ်းသာခြင်းတစ်မျိုးပါပဲ။ ငွေနဲ့တောင်ဝယ်မရနိုင်တဲ့စိတ်ချမ်းသာခြင်းမျိုးပေါ့လို့ ဒီအ ကြောင်းအရာလေးက သင်ခန်းစာပေးထားတာဖြစ်ပါတယ်။

Credit

Zawgyi

ငွေနဲ့တောင် ဝယ်မရနိုင်တဲ့ စိတ်ချမ်းသာခြင်းမျိုးဆိုတာလိပ်တစ်ကောင်နဲ့ ငှက်တစ်ကောင် လိပ်တစ်ကောင်က သစ်ပင်အောက်မှာ အနားယူနေပါတယ်။ ထိုသစ်ပင်မှာလည်း ငှက်တစ်ကောင်က အ သိုက်လုပ်ပြီးနေထိုင်ပါတယ်။လိပ်က ငှက်ကို လှောင်ပြောင်လိုက်ပါတယ်။ “သင့်အိမ်ကလည်း ကြည့်ပါအုံး၊ ကျိုးလွယ်ပဲ့လွယ်တဲ့အကိုင်းတွေနဲ့ လုပ်ထားတယ်၊ အမိုးလည်းမရှိဘူး။ စုတ်ပြတ်နေတာပဲ။ ကိုယ့်အတွက်ဆောက်တဲ့အိမ်တောင်မှ ဘာလို့စုတ်ပြတ်အောင် ဆောက်ရတာလဲ။

ငါ့အခွံဆိုရင် မင်းရဲ့အသိုက်ထက်တောင် ပိုကောင်းသေး” လို့ လှောင်လိုက်ပါတယ်။ “ဟုတ်တယ်…ကျိုးပဲ့လွယ်တဲ့အကိုင်းတွေနဲ့ ဆောက်ထားတာ။ သဘာဝတရားကို မြင်ရအောင် ဖွင့်ထားတာ။ စုတ်ပြတ်မယ်။ ဒါပေမယ့် ငါကိုယ်တိုင်ဆောက်လုပ်ထားတာ။ ငါကြိုက်တယ်”

“ငါထင်တယ်….မင်းအသိုက်က အခြားအသိုက်တွေနဲ့အတူတူပါပဲ။ ဘာမှမထူးပါဘူး။ ငါ့ထက်တော့ပိုမကောင်းနိုင်ပါဘူး။ ငါ့အခွံတွေကိုတောင် မင်းမနာလိုဖြစ်နေအုံးမှာ” လို့ လိပ်ကပြောလိုက်ပါတယ်။

“ဆန့်ကျင်ဘက်ပဲ။ ငါ့အိမ်က ငါ့အတွက်တော့ ငါ့မိသားစုတွေ…..ငါ့သူငယ်ချင်းတွေအတွက်တော့ ငါ့အိမ်ကအကောင်းဆုံးပဲ။ မင်းရဲ့အခွံ့ မင်းတစ်ယောက်ကလွဲပြီး အခြားသူတွေအတွက် အဆင်မပြေနိုင်ဘူး။ မင်းအတွက်တော့ အကောင်းဆုံးအိမ်ဖြစ်ရင်ဖြစ်မှာပေါ့။ ငါ့အတွက်တော့ ငါ့အိမ်ကသာ ငါ့အတွက်အကောင်းဆုံးပဲ” လို့ ပြန်ပြောလိုက်ပါတယ်။

သင်ခန်းစာ။ ။ အထီးကျန်နေတဲ့အိမ်ကြီးအိမ်ကောင်းထက် ဆင်းရဲနိမ့်ကျနေပေမယ့် ဖော်ရွေတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စုပြုံနေရတာက ပိုပျော်စရာကောင်းပါတယ်။ ဘယ်လောက်ပဲခိုင်ခံတဲ့အိမ်ကြီးဖြစ်ပါစေ၊ ကိုယ့်ကိုချစ်ခင်သူတွေမရှိပဲ

အထီးကျန်နေရတာက ဘဝမှာ ဘယ်လောက်တောင် ကြေကွဲစရာကောင်းလိုက်မလဲ။ ငွေမပေါပေမယ့် သင့်ကိုချစ်ခင်တဲ့သူတွေနဲ့သာနေရခြင်းက ဘဝမှာ ချမ်းသာခြင်းတစ်မျိုးပါပဲ။ ငွေနဲ့တောင်ဝယ်မရနိုင်တဲ့စိတ်ချမ်းသာခြင်းမျိုးပေါ့လို့ ဒီအ ကြောင်းအရာလေးက သင်ခန်းစာပေးထားတာဖြစ်ပါတယ်။

Credit

Add a Comment

Your email address will not be published.