မဟာသမယသုတ်ဒေသနာတော် ကျေးဇူးကြောင့် ကားမှောက်သည့် အသက်ဘေး မှ လွတ်မြောက်ခဲ့ရသည့်ဆရာတော်တစ်ပါး၏ကိုယ်တွေ့ဖြစ်ရပ်

မဟာသမယသုတ်ဒေသနာတော် ကျေးဇူးကြောင့် ကားမှောက်သည့် အသက်ဘေး မှ လွတ်မြောက်ခဲ့ရသည့်ဆရာတော်တစ်ပါး၏ကိုယ်တွေ့ဖြစ်ရပ်

သာသနာကိုနတ်စောင့် နာဂတောင်တန်းတွေကအပြန် ကား-ဘရိတ်ပေါက်ပြီးကားတိမ်းမှောက်သလိုဖြစ်သွားခဲ့ပါတယ်။ဖြစ်စဉ်က ဒီလိုပါ(15-11-2021) မနက်ခင်းမှာကုံကိုင်လုံရွာ (ဆွမ္မရာမြို့)ဘက်ကနေလေရှီးမြို့ ကို

ပြန်လာကြတယ်။အဲ့ဒီမနက် အစောထပြီး ပြန်လာရတော့ကားပေါ်ရောက်မှပဲမဟာသမယ(၈)သုတ်ကို ပူဇော်ကန်တော့ရပါတယ်။ပြီးတာနဲ့

အမျှပေးဝေနေကျအတိုင်းထွက်လာသည့်နေရာမှစ၍ သွားမည့်နေရာအထိလမ်းဘေးဝဲယာပတ်ဝန်းကျင်မှာ ကျင်လည်ကျက်စားနေထိုင်ကြတဲ့

သမ္မာ ဒေဝ နတ်ကောင်းနတ်မြတ်များမြင်အပ်-မမြင်အပ်သတ္တဝါအားလုံးများကိုတိုင်တည်ပြီး အမျှပေးဝေခဲ့ပါတယ်။အမျှပေးဝေပြီးတာနဲ့

တောတောင်ရှု့ခင်းတွေ ကြည့်လိုက်ဓာတ်ပုံရိုက်လိုက်နဲ့ လိုက်ပါလာတာပေါ့။ကားက လမ်းမှာလည်း ဆီပေါက်လိုက်ပျက်လိုက် ၂ခါလောက်ဖြစ်သေးတယ်။

အဲ့ဒီအတွက် မိမိစိတ်ထဲဘာမှ သတိမထားမိဘူး။အေးဆေးပါပဲ။လေရှီးမြို့ရောက်ခါနီးနမိယူပီရွာမ အရောက်မှာတောင်ပေါ်ဘုရားလေးဖူး

ချင်တာနဲ့ထိုဘုရားတောင်ကုန်းပေါ်မှာဥပ္ပါတသန္တိကျမ်းပူဇော်ချင်တာနဲ့ကားဆရာကို ခဏရပ်ပေးဖို့ပြောပြီးဘာ အစီစဉ်မှမရှိပဲ

ကားဆရာရေ ဥုးဇင်းနေရစ်ပြီဆက်ပြီး မလိုက်တော့ဘူးဒီမှာ ရေချိုး ဆွမ်းစား တရေးအိပ်ပြီးဘုရားကန်တော့ပြီးမှအေးအေးဆေးဆေးနေ

ပြီးညနေပိုင်းမှ လေရှီးတက်လာမယ်ပြောပြီးမိမိ၏ အဓိက သုံးစရာပါတဲ့တချို့အိတ်လေးတွေ ချပြီးနေရစ်ပါတော့တယ်။ကားနဲ့အတူပြန်ကြွလာတာကသံဃာ(၄)ပါး

လူ၂ယောက်ပါ။အားလုံးက မနေရစ်ခဲ့ဖို့လေရှီး ရောက်ဖို့ ဘာမှ မလိုတော့ဘူးပြန်လိုက်ပို့နေရရင်အားနာရစရာဖြစ်ပါမယ်လို့အတူလိုက်ခဲ့ဖို့

ပြောကြပါတယ်။မိမိကလည်း ထိုစေတီတော်မှာဥပ္ပါတသန္တိကျမ်း ပူဇော်ချင်တဲ့ဆန္ဒြပြင်းပြတာရယ်သိမ်တစ်လုံးဆောက်ပေးဖို့မြေပြင်အနေအထားကြည့်ပြီး

မေတ္တာပို့ အမျှပေးဝေချင်တာရယ်ကြောင့်ဘာအစီစဉ်မှ မရှိပဲမဆိုင်းမတွနဲ့ ဘယ်သူတားတား မရတော့ဘူးနေရစ်ခဲ့ပါတယ်။ရေချိုး ပြီး ဆွမ်း

ဘုဉ်းပါတယ်။ဆွမ်းဘုဉ်းအပြီးမှာ ဖုန်းဝင်လာပါတယ်အခုနာ ဥုးဇင်းစီးလာတဲ့ကားလေးဟာဥုးဇင်း ဆင်းနေရစ်ပြီး

မကြာခင်မှာဘရိတ်ပေါက်ပြီးတောင်နံရံနဲ့ တိုက်မိပြီး မြောင်းထဲကျသွားတယ် တဲ့တော်သေးတာ တောင်အောက်ထိုးမကျသွားပေလို့ပေါ့

ဘုန်းကြီးတစ်ပါး အနည်းငယ်ပဲထိခိုက်သွားတာပဲရှိတာ ကျန်တဲ့သူဘာမှ မထိခိုက်သွားကြပါဘူးပစ္စည်းကားပေါ်ကချရဘရိန်ပေါက်သွားတဲ့ကားကိုနောက်ထပ်ကားတစ်စီးနဲ့

ဆွဲခေါ်ရတော့အလုပ်တွေကတော့ရှုပ်သွားကြတာပေါ့။သူတို့က အရှင်ဘုရားတော်တော် ကံထူးပြီးကံကောင်းပါတယ်လို့ ပြောကြပါတယ်။

ထိုနာဂတောင်တန်းမှာမိမိသည် ရောက်ရာအရပ်တိုင်းဥပ္ပါတသန္တိကျမ်း ပူဇော်ခဲ့ပါတယ်။ထိုထိုပြုသမျှ ကုသိုလ်အားလုံးကိုမြင်အပ်-မမြင်အပ်မျာအားလုံးကိုလည်းသေချာ မေတ္တာပို့ အမျှပေးဝေခဲ့ပါတယ်။

နာဂတောင်တန်းမှာ မထင်မှတ်ပဲကထိန်၂ခုလည်း ခင်းခဲ့ လှူခဲ့ပါတယ်။သွားရချင်းရည်ရွယ်ချက်ကသိမ်ကျောင်းတစ်လုံးဆောက်ပေးဖို့ပါ။

တကယ်တော့ မိမိ ဦးဆောင်ပြီးသိမ် ၃လုံးတောင်ဆောက်ပေးဖြစ်ဖို့အထိဖြစ်သွားပါတယ်။ထိုနာဂတောင်တန်းမှာဥပ္ပါတသန္တိကျမ်းဒေသနာတော်

အကြိမ်(၃၀)ခန့် ပူဇော်ခဲ့ပါသည်။မဟာသမယသုတ်ဒေသနာတော်များကိုလည်းအကြိမ်ကြိမ် ပူဇော် အမျှပေးဝေခဲ့ပါသည်။ခရစ်ယာန်

ဘာသာခြားတွေနဲ့လည်းမိသားစု ဆွေမျိုးပမာ ဖြစ်ခဲ့ပါတယ်။တောစောင့် တောင်စောင့်နတ်များကိုအစထားလို့ ၃၁-ဘုံသားများကိုမေတ္တာပို့သ

အမျှတွေ အကြိမ်ကြိမ်ပေးခဲ့ပါသည်။မဟာဝါခန္ဓက မှာ လာသည့်အတိုင်းပင်နတ်တွေရဲ့ ချစ်ခင်မှု မေတ္တာထားအစောင့်အရှောက်ခံရတဲ့

ပုဂ္ဂိုလ်တိုင်း ဟာအကောင်းတွေချည်းပဲ တွေ့ရတယ်။မကောင်းတာတွေ ဖယ်ရှားပေးတယ်။အန္တရာယ်တွေ ကင်းစေတယ်။အကောင်းတွေ

ချည်းပဲ တွေ့ရတယ်။တိုးတက်ဖို့ အခွင့်အလမ်းတွေအများကြီး ကြုံလာတယ်။ဘာလုပ်လုပ် အဆင်တွေပြေလာတယ်။မိခင်က သားသမီးတွေအပေါ်

စောင့်ရှောက်သလို နတ်တွေကကိုယ့်အပေါ်မှာ မေတ္တာတွေအများကြီးနဲ့ကိုယ့်ကို စောင့်ရှောက်လာတယ်။ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ

ရှိတဲ့မြင်အပ်-မမြင်အပ် နတ်ဒေဝတာအပေါင်းများစွာတို့အား အစထား၍ကုသိုလ်ကောင်းမှု လုပ်ပြီးတိုင်းမေတ္တာပို့သ အမျှပေးဝေရပါမယ်။ဘုရားကန်တော့ပြီးတဲ့အခါတို့အလှူဒါန တစ်ခုခု

လုပ်ပြီးတဲ့အခါတို့ဘာကုသိုလ်ပဲ လုပ်လုပ် ပြီးတာနဲ့အနီးအနား ပတ်ဝန်းကျင်တိုင်းကမြင်အပ်-မမြင် သတ္တဝါအားလုံးတို့ကိုသေသေ ချာချာ

အမျှပေးဝေရပါတယ်။၃၁-ဘုံသား သတ္တဝါအားလုံးကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာကျန်းမာ ချမ်းသာကြပါစေနှလုံးစိတ်ဝမ်း အေးချမ်းကြပါစေပြန်လည်ပူဇော်သည် Dar Li မေတ္တာဖြင့်မိဘမေတ္တာကိုရင်သထုံရာမည.မြေ

Credit – Original Writer

Add a Comment

Your email address will not be published.