“အခြေအနေအရ ဆေးကျောင်းသူဘ၀မှ လမ်းဘေးစျေးသည်ဘ၀သို့ ပြောင်းလဲပြီး ပျော်ရွှင်နေကြတဲ့ ဆေးကျောင်းသူလေးများ”
|ဆေးကျောင်းသူဘ၀မှသည် လမ်းဘေးစျေးသည်ဘ၀ဆီသို့ ပြောင်းလဲခြင်း အနုပညာ
ဟဲ့….
ဒီနေ့ စရောင်းတာ စုစုပေါင်း ဘယ်လောက် ရလဲ…. တွက်ပါအုံး..
အေးဟဲ့… ငါ ရေလိုက်အုံးမယ်..၂ ၃ ၄ ၅ ၆ ၇..
ဟဲ့ရေ… ၇၀၀၀၀ ဖိုးတောင် ရောင်းရတယ်….
Kpay မှာက ၅၀၀၀ ….
ဆိုတော့ စုစုပေါင်း (၇၅၀၀၀ ဖိုး) ပေါ့ဟဲ့…
ဟယ် ပျော်လိုက်တာ….ဟေးးးး
သုံးယောက်သား ပျော်လွန်းလို့ ဘတ်စ်ကား မှတ်တိုင်ရှေ့မှာ ထခုန်နေကြတာ….
ခုလို အသက်ကကြီး…. uni လဲ မတက်ရ….တခြားဘာပညာမှလဲ မတတ်မြောက်နေ.. ဝင်ငွေလဲ မရှိတဲ့ ကိုယ်တွေလို လူမျိုးတွေက ဒီကာလမှာ ကိုယ့်ပိုက်ဆံကိုယ်ရှာမှ ရတော့မယ်ဆိုတဲ့ အတွေးက အချိန်တိုင်းဝင်နေတာပါ….
အဲ့တာနဲ့ ၃ယောက်ပေါင်းပြီး စမယ်ပေါ့…
လှည်းတန်းဆိုတာ ကိုယ်တွေ ကျောင်းတက်တုံးကဆို ဝမ်းဆက်လှလှလေးတွေ ဝတ်…. ပိုက်ဆံအိတ်အလှတွေ လွယ်ပီး ပဲ တစ်ပိဿာနဲ့ လျှောက်လည် ပျော်ပါး မုန့်စားခဲ့တဲ့ နေရာပါ….
အခုလို မြင့်မြတ်ဦးထုပ်တွေဆောင်း.. တီရှပ်အပွတွေ၀တ်…. စလွယ်သိုင်းအိတ်တွေနဲ့ လမ်းဘေးမှာ “ကြိုက်တာယူ တစ်ထည် ၅၀၀၀ ၆၀၀၀ “ဆိုပြီး အော်ရောင်းဖြစ်မယ်လို့ တစ်ခါမှတောင် စိတ်မကူးဖူးဘူး….
နေ့လည်ထဲက အ၀တ်တန်းကြီးကို လသာကနေ လှည်းတန်းထိ ဘတ်စ်ကားနဲ့စီးပြီး တစ်ယောက်တစ်လှည့် သယ် (Taxi ခတောင် အကုန်မခံနိုင်တော့လို့ )
၁၀၀ က အစ တန်ဖိုးရှိနေလို့ပါ….
အထည် ၂၀လောက်ပါတဲ့ အထုတ်တွေ ချိတ်တွေ ကိုယ်စီ ဆွဲပြီး နေရာတွေ ပြောင်းရသေးတာ….
အစပိုင်းတော့ လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့….
ကိုယ်တွေနဲ့ ရွယ်တူ ကောင်မလေးတွေဆို လှပကျော့ရှင်းနေရော….
ကိုယ်တွေကတော့ စျေးသည် အာဂျီးမား စတိုင်နဲ့ပေါ့….
ဒါပေမဲ့ ပျော်နေကြတာ သုံးယောက်သားက..
ရှက်လဲ ရှက်မနေကြဘူး…. (အစကတည်းက ရှက်ကြော ပြတ်နေတာလဲ ပါပါတယ်)
ဘ၀မှာ ပထမဦးဆုံး နေပူကြီးထဲ ခါးတောင့်အောင် မတ်တပ်ရပ်ပြီး ပင်ပင်ပန်းပန်း လုံးပန်းခဲ့ရတဲ့ အကျိုး လေးက ….
ဒီနေ့ ပထမဆုံးနေ့အတွက်တော့ ညနေ ၃နာရီကနေ ၅နာရီထိရောင်းတာ အထည် ၁၆ထည် ၇၅၀၀၀ ဖိုးရောင်းခဲ့ရပီ….
ပြောချင်တာကတော့ ဘာဘဲ လုပ်ချင်ချင် စလုပ်လိုက်ပါ….
မရှက်ပါနဲ့ မကြောက်ပါနဲ့ အများကြီးလဲ မတွေးပါနဲ့….
တစ်လှမ်းချင်းစီ စလှမ်းသွားရင် တစ်နေ့တော့ ပန်းတိုင်ကို ရောက်မှာပါ….
(ပန်းတိုင်ရောက်အောင် ကြိုးစားနေဆဲ လမ်းဘေးစျေးသည်လေး ၃ယောက်)
credit all