ကိုဗစ်ပျောက်ကင်းပြီး နေကောင်းစမှာပဲ ဆေးရုံထပ်တက်လိုက်ရတယ်ဆိုတဲ့ Project K အဖွဲ့ဝင် ဘုန်းနေလင်း

Project K အဖွဲ့ကတော့ ချောမောတဲ့ လူငယ်လူရွယ်လေးတွေနဲ့ ဖွဲ့စည်းထားပြီး KPop ဆန်ဆန် သီချင်းတွေကို ဖန်တီးတင်ဆက်ကြတာပဲဖြစ်ပါတယ်။ Project K အဖွဲ့ဟာ အဖွဲ့ဝင် (၇) ဦးပါဝင်ကြပြီး အမြွှာညီအစ်ကိုတွေဖြစ်တဲ့ ဘုန်းနေလင်းနဲ့ ဘုန်းနေမင်းတို့ကတော့ မိန်းကလေးပရိသတ်တွေကြား နာမည်ကြီးကြတာပဲဖြစ်ပါတယ်။ ဘုန်းနေမင်းကတော့ မကြာသေးခင်က လက်ထပ်သွားခဲ့ပြီဆိုပေမယ့် ဘုန်းနေလင်းကတော့ တစ်ကိုယ်တည်းလူပျိုကြီးအဖြစ် အနုပညာအလုပ်တွေလုပ်ကိုင်နေဆဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဘုန်းနေလင်းက ကိုဗစ်ပျောက်ကင်းပြီး နေကောင်းစမှာပဲ ဆေးရုံထပ်တက်လိုက်ရတယ်ဆိုပြီး သူ့ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာပါတယ်။ ဘုန်းနေလင်းက “အစာအိမ် အူအတက် ရောင် 😨😨😨 Positive ဖြစ်ပီးလို့ နေကောင်းခါစ ပဲရှိသေးတယ် ဆေးရုံ ထပ်တက်ရပြန်ပီ 😔 😔😔” ဆိုပြီး အစာအိမ်အူအတက်ရောင်လို့ ဆေးရုံရောက်နေကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။

ဘုန်းနေလင်းကတော့ ကိုဗစ်ပျောက်ကင်းပြီး နေကောင်းစမှာပဲ အစာအိမ်အူအတက်ရောင်လို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘုန်းနေလင်းတစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာလာစေဖို့ ဆုတောင်းပေးကြပါဦးနော်။

Source: Bhone Nay Linn Kai’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*