ဒီကနေ့ကျရောက်တဲ့မွေးနေ့မှာ ကိုယ့်ကိုကိုယ်ထက် ချစ်ရတဲ့မေမေအတွက်သာ အလိုချင်ဆုံးဆုတစ်ဆုတောင်းဆိုခဲ့တဲ့ ရန်အောင်

နိုင်ငံကျော် အကယ်ဒမီများရှင် ရန်အောင် ကတော့ အနုပညာ သက်တမ်း နှစ်သုံးဆယ်ကျော် အတွင်း အောင်မြင်မှု အရှိန်အဟုန် လုံးဝကျ

ဆင်းသွားခြင်း မရှိပဲ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေကို လွှမ်းမိုးထားနိုင်ဆဲ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ “မယ်သီတာလို

မိန်းကလေး”၊ “ပုဂံမှာ သာတဲ့လ”၊ “အလင်းဖျော့ကောင်းကင်”၊ “ညမင်းသား”၊ “မောဟမျဉ်းပြိုင်များ”၊ “ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ” စ

တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆု (၆) ဆုတိတိရရှိထားတဲ့ ရန်အောင်က တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့ကတော့ အကယ်ဒမီများရှင်ရန်အောင်ရဲ့ (၅၅) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ရန်အောင်က သူ့ရဲ့

မွေးနေ့မှာ သူ့ကိုယ်သူထက် သူချစ်ရတဲ့ မေမေအတွက် “မေမေခေါ်လို့ ကျွန်တော်ရောက်လာခဲ့တာ ဒီနေ့ဆို ၅၅နှစ် တောင်ရှိခဲ့ပြီ။ ချစ်တဲ့

မေမေ နေကောင်းအောင်နေပေးပါ ကျန်းမာအောင် နေပေးပါ (ကပ်ရောဂါဘေးအန္တရာယ်က ရှောင်ရှားနိုင်ခဲ့တဲ့မေမေ) မေမေ့ကိုသား နှစ်ပေါင်းများစွာ ဖေးမစောင့်ရှောက်နိုင်ပါစေခင်ဗျာ…” ဆိုပြီး တောင်းဆုပြုလာပါတယ်။

ရန်အောင်ကတော့ အရမ်းချစ်ရတဲ့မေမေ့ကို သက်ရှည်ကျန်းမာစေဖို့ ဆုတောင်းပေးရင်း မွေးနေ့ကို အေးချမ်းစွာနဲ့ ဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ရန်အောင်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။

Source: Yan Aung ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

credit all

Add a Comment

Your email address will not be published.