မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာဖို့ နိုင်ငံတကာကို SAC-M တောင်းဆို

ဒီဇင်ဘာ ၁၄၊ ၂၀၂၁

ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေသတ်မှတ်ချက်တွေအရ မြန်မာစစ်တပ်ဟာ အကြမ်းဖက်အဖွဲ့ အစည်းဖြစ်ပြီ

း နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဆက်ဆံရမယ်လို

့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့(SAC-M)က ဒီနေ့ ထုတ်ပြန်ပါတယ်။

မြန်မာစစ်ကောင်စီဟာ ပြည်သူလူထုအကြား ကြောက် မက်ဖွယ်အခြေအနေကို တွန်းပို့ဖို့ ရည်ရွယ်တဲ့ ပြင်းထန်သော

ရာဇဝတ်အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေပြီး နောက်ဆုံးမှာ ပြည်သူတွေက စစ်ကောင်စီရဲ့

နိုင်ငံရေးအစီအစဉ်မှာ ပါဝင်လာဖို့ လုပ်ဆောင်နေတယ်လို့ SAC-M က သုံးသပ်ပါတယ်။

“ဖေဖော်ဝါရီမှာ စတင်တဲ့ အာဏာသိမ်းမှုအလွန်အကြမ်း ဖက်ချိန်ကစလို့ မြန်မာပြည်သူတွေက

အကြမ်းဖက်စစ်တပ်အဖြစ် ခေါ်ဝေါ်ခဲ့ကြတာပါ။ သူတို့မှန်ပါတယ်။ အကြမ်းဖက်တွေကပဲ ဒီ

ဆိုးရွားယုတ်မာတဲ့လုပ်ရပ်တွေကို ကျူးလွန်ကြတာပါ”လို့ SAC-M မှ Yanghee Lee က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီး

ကုလသမဂ္ဂနဲ့ အခြားအစိုးရတွေကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သင့်တယ်လို့ SAC-Mက တိုက်တွန်းပါတယ်။

မကြာသေးမီက စစ်ကိုင်းတိုင်းမှာ လူ ၁၁ဦး မီးရှို့အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ ဆန္ဒပြသူတွေကို သေစေနိုင်သည်အထိ

ကားဖြင့်ဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်တွေဟာ စစ်တပ်ရဲ့ ၁၁ လကြာ လူမဆန် စွာ အကြမ်းဖက်လုပ်ရပ်တွေထဲက

နောက်ဆုံးပေါ် ကျူးလွန်မှုတွေဖြစ်တယ်လို့ SAC-M က ဥပမာ ပေးပါတယ်။

credit all

unicode

Add a Comment

Your email address will not be published.