သရုပ်ဆောင် ရဲတိုက် ဒီကနေ့ ရုံးထုတ်စဉ် သတိလစ်မေ့မြောသွားတာကြောင့် အရေးပေါ်ကုသပေးလိုက်ရ

သရုပ်ဆောင် ရဲတိုက် ဒီကနေ့ ရုံးထုတ်စဉ် သတိလစ်မေ့မြောသွားတာကြောင့် ဖမ်းဆီးခံဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးက အရေးပေါ်ကုသပေးလိုက်ရ

အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်မနက်ပိုင်းက ရုံးထုတ်စဉ် မေ့မြောသွားတဲ့သရုပ်ဆောင်ရဲတိုက်ကို စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးက အရေးပေါ်ကုသပေးခဲ့ပါတယ်။

ဒေါက်တာမော်မော်ဦးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရပြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်ဆေးရုံကြီးက ပါမောက္ခဆရာဝန်ကြီးတစ်ဦးဖြစ်ပါတယ်။

ရဲတိုက်လိုပဲ ဒီနေ့ အထူးတရားရုံး(လသာတရားခွင်)မှာ သူ့ကိုစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အမှုအတွက် ရုံးချိန်းမှာ ထွက်ဆိုနေစဉ် ခုလို ကုသမှုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို အရေးပေါ်ကုသပေးလိုက်နိုင်တဲ့နောက်မှာ ရဲတိုက်ကို ထောင်အာဏာပိုင်တွေက အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဒီဇင်ဘာ ၁၅

ရက်ညနေပိုင်းမှာတော့ သူဟာ အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ခံခဲ့ရတယ်လို့ သူ့ရှေ့နေအဖွဲ့ကပြောပါတယ်။

credit

zawgyi

သရုပ်ဆောင် ရဲတိုက် ဒီကနေ့ ရုံးထုတ်စဉ် သတိလစ်မေ့မြောသွားတာကြောင့် ဖမ်းဆီးခံဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးက အရေးပေါ်ကုသပေးလိုက်ရ

အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်မနက်ပိုင်းက ရုံးထုတ်စဉ် မေ့မြောသွားတဲ့သရုပ်ဆောင်ရဲတိုက်ကို

စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးက အရေးပေါ်ကုသပေးခဲ့ပါတယ်။

ဒေါက်တာမော်မော်ဦးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရပြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်ဆေးရုံကြီးက ပါမောက္ခဆရာဝန်ကြီးတစ်ဦးဖြစ်ပါတယ်။

ရဲတိုက်လိုပဲ ဒီနေ့ အထူးတရားရုံး(လသာတရားခွင်)မှာ သူ့ကိုစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အမှုအတွက် ရုံးချိန်းမှာ ထွက်ဆိုနေစဉ် ခုလို ကုသမှုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို အရေးပေါ်ကုသပေးလိုက်နိုင်တဲ့နောက်မှာ ရဲတိုက်ကို ထောင်အာဏာပိုင်တွေက အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဒီဇင်

ဘာ ၁၅ ရက်ညနေပိုင်းမှာတော့ သူဟာ အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ခံခဲ့ရတယ်လို့ သူ့ရှေ့နေအဖွဲ့ကပြောပါတယ်။

credit all

Be the first to comment

Leave a Reply

Your email address will not be published.


*