ဝန်ထမ်းတေအပေါ် သားစဥ်မြေးဆက်အထိ တာ၀န်ရှိစွာ လူသားဆန်မှုပြသပေးတဲ့ ဂူးဂဲလ်ကုမ္ပဏီ

လူသားဆန်တဲ့ ဂူးဂဲလ်ကုမ္ပဏီဂူးဂဲလ် ကုမ္ပဏီဟာသူ့ဝန် ထမ်းတစ်ယောက် ဆုံးပါးခဲ့ရင် လစာတစ်ဝက်ကို ကျန်ရစ်သူအိမ်ထောင်ဖက်အား ၁၀ နှစ်စာ ခံစားခွင့်ပေးပါသတဲ့ ဒါ့အပြင် ကလေးငယ်တွေရှိသေးရင် သူတို့အသက် ၁၉ နှစ်ရောက်သည်အထိ တစ်လကို ထောက်ပံ့ကြေးဒေါ်လာ ၁၀၀၀ ပေးပါသေးတယ်။ တော်လိုက်ကြတာ။ စီးပွားရေးလုပ်တာကို တဘို့တည်းမကြည့်ဘဲ မိသားစုအသွင်စဉ်းစားပြီး လုပ်နေကြတာပဲ။

သိပ်အံ့အားသင့်နေသလား နယ်သာလန်မှာဆိုရင် ကျန်ရစ်သူဇနီးခင်ပွန်းဖြစ်သူကို လစာအပြည့်နဲ့ ပင်စင်စားအရွယ်ထိ ကုမ္ပဏီကလစာဆက်ပေးဖို့ ဥပဒေအရ ပြဌာန်းပေးထားပါသတဲ့။ ဂျာမဏီလိုဖွံ့ဖြိုးပြီးတိုင်းပြည်တွေမှာလည်း ဒီလိုလုပ်ဆောင်မှုတွေဟာ မထူးဆန်းဘူးလို့ ဆိုပါတယ်။

မြန်မာပြည်မှာတော့ သဌေးတွေဟာပုဒ်ပြတ်သဘော ကျန် ရစ်သူမိသားစုကို ဂရုဏာကြေးလေးပေးလိုက်ကြတယ် ထင်ပါရဲ့။သင့်အမြင်လေးကိုလည်း ပြောပြခဲ့ပါအုံး။ ကြား ချင်လို့ပါ။

Add a Comment

Your email address will not be published.