“တိုင်ပေါင်း၂၅၄ တိုင်ဖြင့်တည်ဆောက်ထားသည့် ရှေးဟောင်း ပခန်းကျောင်းတော်ကြီး”
|ပခန်းကျောင်းတော်ကြီး
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့ဟောင်းပခန်းကြီးရွာမှာ တည်ရှိပါသည်။
တိုင်ပေါင်း၂၅၄ တိုင်ဖြင့်တည်ဆောက်ထားသည်။ (A.D 1868)ကျီဝန်မင်းကြီး ဦးဘိုးတုတ်၊ဝန်ကတော်မယ်ဖဲတို့ကသက္ကရာဇ်၁၂၃၀ နှစ်တွင် ဆရာတော်ဦးဂုဏအားဆောက်လုပ်လှူဒါန်းခဲ့သည်။
ငယ်စဉ်ကကံကူလက်လှည့်ဆရာအား လှူခဲ့ခြင်းပင်။
အလျား ၂၄ ပင်၊ အနံ ၁၂ ပင် ရှိသည်။ကုန်ကျငွေမှာ ၅၄၇၆၂-ကျပ်[ကွမ်းသီးတစ်လုံးဖိုး] ဖြစ်သည်။
သစ်ဖိုးငွေမပါ၊ အရံဆောက်လုပ်ခသာဖြစ်သည်။ တိုင်အရှည်မှာ အတောင် ၃၀ခန့်ထိရှိသည်။ ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားသည်။
တိုင်ပေါင်းရေတွက် ကျောက်မျက်ရွဲ ဟုမှတ်သားရ၏။
ပခန်းငယ်ကျောင်းပြီးလျှင် မြန်မာနိုင်ငံတွင်ဒုတိယအကြီးဆုံး သစ်ကျောင်းဖြစ်သည်။ရေစကြိုဒေသ၏ ဂုဏ်ယူဖွယ်ရာအဖြစ်တင်ပြအပ်ပါသည်။
#ကျောင်းတော်ကြီးလမ်းညွှန်
ကျောင်းတော်ကြီးရှိရာ ပခန်းကြီးကိုမုံရွာ – ပခုက္ကူ ကားလမ်းမပေါ်မှာတည်ရှိလို့အနယ်နယ်အရပ်ရပ်ကလာနိုင်ပါတယ်။
ပခုက္ကူ မှ ပခန်းကြီးကို ၁၇ မိုင် ဝေးပါတယ်။မုံရွာမှ ပခန်းကြီးကို ၅၉ မိုင်၊ မန္တလေးမှ ပခန်း၁၁၀ မိုင် ဝေးပါတယ်။ ရန်ကုန်ကနေ ကားတိုက်ရိုက် ရောက်ပါတယ်။
ရေစကြိုမြို့ကနေ ၁၁ မိုင်ဝေးပါတယ်။ ပခန်းကြီးရောက်လျှင် ရွာအလယ်လောက် အနောက်ဘက်သို့ညွှန်ထားသော ကျောင်းတော်ကြီးသို့ လမ်းညွှန်အတိုင်းဝင်ရောက်နိုင်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့ဟောင်းပခန်းကြီးရွာ ဖြစ်ပါတယ်။
credit all