“ဘ၀ကို အရှုံးပေးသွားတဲ့ CDM သူနာပြုဆရာမလေး”
|ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်
မန္တလေးမြို့က CDM သူနာပြုဆရာမတဦး မနေ့ည ပိုင်းက ၄င်းနေထိုင်တဲ့အဆောင်မှာ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၃ လမ်းအ ဆောင်တခုမှာ နေထိုင်တဲ့ အဲ့ဒီသူနာပြုဆရာမဟာ CDM ပြုလုပ်ထားတဲ့ဆရာမ ယုယုဝေဆိုသူဖြစ်ပြီး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ အဲ့ဒီလိုလုပ်ရတဲ့အကြောင်းရင်းကိုမသိရဘူးလို့ ရင်းနှီးသူတွေက ဆိုပါတယ်။
”ယုဘာလို့ လုပ်သွားလဲမေးတဲ့မေးခွန်းတွေကိုတော့ အတိအကျ မသိပါဘူး။ ဒီဖြစ်ရပ်အတွက် အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်”လို့ သူနာပြုဆရာမ ယုယုဝေရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ သူနာပြုဆရာမ ယုယုဝေဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ သူတာဝန်ထမ်းဆောင် နေတဲ့ မန္တလေးဆေးရုံကြီး သူနာပြုတာဝန်ကနေ CDMပြုလုပ်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီသူနာပြုဆရာမ မနေ့ညပိုင်းမှာသေဆုံးသွားတာ ကြောင့် ကူညီမှုတွေပြုလုပ်ပေးခဲ့တယ်လို့ မန္တလေး တိုင်းလူမှုကူညီကယ်ဆယ်ရေးအသင်းဦးဆောင် ကော်မတီက သူတို့ရဲ့Facebook စာမျက်နှာမှာ ရေး သားထားပါတယ်။
မနေ့ညပိုင်းမှာဘဲ သူ့ရဲ့ရုပ်အလောင်းကို မန္တလေးလူမှုကူညီရေးအသင်းတွေက သယ်ဆောင်သွားခဲ့ပြီး အဆိုပါဆရာမရဲ့ဖုန်းကို စစ်ဆေးဖို့ယူဆောင်သွားခံရတယ်လို့ ၄င်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။
#CDM #သူနာပြု #မန္တလေး
#AyeyarwaddyTimes