ရုပ်ရှင်ရိုက်ကွင်းမှာ ခြံစောင့်ပေးဖူးတဲ့ အဖိုးအဖွားအတွက် လိုအပ်တဲ့စားသောက်ရိက္ခာတွေထောက်ပံ့ပေးခဲ့တဲ့ ဝေဠုကျော်

ကိုယ်ကျိုးမကြည့်ပဲ မြန်မာပြည်အရပ်ရပ်က အခက်အခဲဖြစ်နေတဲ့ နေရာတွေမှာ အကူအညီတွေပေးနေတဲ့ ဝေဠုကျော်ကို ပရိသတ်တွေက

ပရဟိတမင်းသားကြီးလို့တောင် တင်စားကြတာပဲ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်လာတဲ့ ဝေဠုကျော်ဟာ အနုပညာလုပ်ငန်း

တွေထက် ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ရတာ ပျော်မွေ့နေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာလည်း ဝေဠုကျော်က

တစ်ချိန်က ရုပ်ရှင်ရိုက်ကွင်းမှာ ခြံစောင့်ပေးတဲ့ အဖိုး၊ အဖွား ဇနီးမောင်နှံအတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ စားသောက်ရိက္ခာတွေလှူဒါန်းပေးခဲ့ကြောင်းကို အခုလိုပဲပြောပြလာပါတယ်။

ဝေဠုကျော်က ” နွမ်းပါးအဖိုးအဖွားထောက်ပံ့ကူညီ.. တချိန်က ရုပ်ရှင်ရိုက်ကွင်း တနေရာမှ ခြံစောင့်အဖိုးအဖွားလင်မယားပါ။ အခုတော့

အသက်ကကြီး၊ ထောက်ပံ့သူကမရှိ။ အခက်အခဲတွေနဲ့အဆင်မပြေလို့ ဖုန်းဆက် အကူအညီတောင်းလာတာကြောင့် လတ်တလော

အဆင်ပြေစေဖို့ ဆန်၊ဆီ စားနပ်ရိက္ခာ အချို့နဲ့ ဆောင်းရာသီအေးတာသက်သာစေဖို့ စောင်အထူလေးတွေ ၊အဝတ်အထည်တွေ ကူညီ ထောက်ပံ့ပေးခဲ့ပါတယ်။” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။

ဝေဠုကျော်ကတော့ သူကျင်လည်ခဲ့ဖူးတဲ့ ရုပ်ရှင်ရိုက်ကွင်းနေရာက အဖိုး၊ အဖွား ဇနီးမောင်နှံအတွက် စားသောက်ရိက္ခာနဲ့ အဝတ်အထည်တွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

Source: Wai Lu Kyaw Foundation’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

credit all

Add a Comment

Your email address will not be published.