လေးကေ့ကော်တွင် စစ်ကြောင်းမှူး စနိုက်ပါမိ၍ ေ..သ…ဆုံးမှု အပါအဝင် စစ်တပ်သား ၂၀ နီးပါး ေ…သ…ဆုံး၊ စစ်သား ၂၃ ဦး အရှင်ဖမ်းမိထား၊ ဒုဗိုလ်မှူးကြီးထင်လင်းဇော် ဒဏ်ရာပြင်းထန်မှုအပါအဝင် စစ်သားများ ဒဏ်ရာရသူများပြား………..
|လေးကေ့ကော်တွင် စစ်ကြောင်းမှူး စနိုက်ပါမိ၍ ေ..သ…ဆုံးမှု အပါအဝင် စစ်တပ်သား ၂၀ နီးပါး ေ…သ…ဆုံး၊
စစ်သား ၂၃ ဦး အရှင်ဖမ်းမိထား၊ ဒုဗိုလ်မှူးကြီးထင်လင်းဇော် ဒဏ်ရာပြင်းထန်မှုအပါအဝင် စစ်သားများ ဒဏ်ရာရသူများပြား
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေ့ကော်၊ ယနေ့တိုက်ပွဲတွင် စစ်တပ်တပ်ရင်းမှူး
စနိုက်ပါမိ၍ ေ..သ..ဆုံးမှု အပါအဝင် စစ်တပ်ဘက်မှ ၂၀ နီးပါး…ေ..သ..ဆုံးပြီး ၂၃ ဦးအရှင်ဖမ်းမိကြောင်း
လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။
“တိုက်ပွဲကတော့ ပစ်ခက်မှုတွေရပ်သွားပါပြီ။ ဒီနေ့တစ်နေ့လုံး စစ်ခွေးတွေဘက်က သေတာ ၂၀နီးပါးရှိပါတယ်။
ဘယ်အဆင့်တွေဆိုတာတော့ အတည်ပြုဖို့ခက်ပါတယ်။ အရာရှိတွေလည်းပါတယ်။ အရှင် ၂၃ယောက်မိပါတယ်။
အဲဒါကတော့ သေချာပါတယ်” ဟု လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လေးကေ့ကော်တိုက်ပွဲထဲတွင် ရှိနေသည့် ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကလည်း စစ်တပ်တပ်ရင်းမှူး
စနိုက်ပါမိ၍ ေ…သ…ဆုံးသွားကြောင်း အတည်ပြုပြောဆိုသည်။
“ဒုဗိုလ်မှုးကြီး ထင်လင်းဇော် ပေါင်ဒဏ်ရာရ….စစ်ကြောင်းမှု…း..ေ..သ…ပါတယ်။
စစ်ကြောင်းမှုးနာမည်မသိသေးဘူး” ဟု သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ သထုံမြို့နယ်၊
ကော့လှိုင်းကျေးရွာလမ်းခွ၊ ထီးမင်္ဂလာကျောင်းအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို
ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် KNLA တပ်မဟာ ၁ တပ်ရင်း ၂ တပ်ဖွဲ့နှင့်
သထုံပြည်သူ့ပြောက်ကျားများ TPG၊ သထုံကာကွယ်ရေးတပ်ဖွဲ့ TDO၊ မွန်သထုံအထူးကာကွယ်ရေးတပ်ဖွဲ့ MTHSF၊
သထုံမွို့ပွအထူးစဈဆငျရေးတပျဖှဲ့တို့ ပူးပေါငျးတိုကျခိုကျခဲ့ပွီး စဈသား ၃ ဦ…းေ…သ..ဆုံးကာ ၄ ဦး
ဒဏ်ရာပြင်းထန်ကြောင်း သထုံပြည်သူ့ပြောက်ကျားများတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ KNLA နှင့်
ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်များ။ Photo Credit – Getty Image
credit all