ခန္ဓာကိုယ်က အနံဆိုးတွေ ပျောက်စေမဲ့ သဘာဝ ဆေးနည်း

ခန္ဓာကိုယ်က အနံဆိုးတွေ ပျောက်စေမဲ့ သဘာဝ ဆေးနည်း

ဂျိုင်းနံ့ ထွက်သူများအတွက်သဘာဝဆေး

ဂျိုင်းနံ နံခြင်း

ကျွန်မက အလှပြင်ဆိုင်ကို ကိုဗစ် first wave အထိ ၉ နှစ်လောက်ဖွင့်ခဲ့ပါတယ် ခုတော့ပိတ်ထားပါတယ်။

အလုပ်သင် ကောင်မလေးတွေ အများအားဖြင့်က ဂျိုင်းနံ့တော်တော် ဆိုးဆိုးဝါးဝါး နံကြတာများပါတယ်။

ဘေးကဖြတ်သွားတာမျိုးဆို ဂျိုင်းနံက ဝေ့ခနဲ မျက်နှာပေါင်းတင်ပေးတာမျိုး ခေါင်းလျှော်ပေးတာမျိုးဆို ဧည့်သည်နဲ့အနီးကပ် ထိတွေ့ရတော့ ပါးစပ်နံ့ ဂျိုင်းနံ့ နံနေရင် ဧည့်သည်နဲ့က အဆင်မပြေပါဘူး။

အလှပြင်ဆိုင်အလုပ်က ဝန်ထမ်းတွေ လှပ သပ်ရပ် အနံ့အသက်ကင်းနေမှ လာတဲ့ ဧည့်သည်လည်း စိတ်ချမ်းသာတာပါ။

ဒါကြောင့် ဝန်ထမ်းတွေကို တယောက်တလှဲ့ ချွေးပုတ်ထုတ်ခိုင်းတာမျိုး ဂျိုင်းကို မန်ကျည်းမှဲ့နဲ့ ပွတ်လိမ်းခိုင်းတာမျိုး တွေ လုပ်ပေးပါတယ်။

ပါးစပ်ကို ထမင်းစားပြီးတိုင်း တိုက်ခိုင်းပါတယ်။ ဂျိုင်းက နေ့တိုင်းပွတ်ပေးတော့ အနံနံတာ ပျောက်လာပါတယ်။

ဒါကြောင့် တချို့လူတွေအတွက် အသုံးဝင်လိမ့်မယ်ထင်ပါတယ်။

နည်းလေးမျှဝေပေးလိုက်ပါတယ်ရှင့်

မန်ကျည်းအနှစ်ကို မျက်နှာ ချေးချွတ်တာ ကိုယ်လုံးချေးချွတ်တာ အပူကင်းစင်ဖို့ အပြင် “ဂျိုင်းနံနံတဲ့သူ”တွေပါ သုံးလို့ရပါတယ်။

ရေချိုးခါနီး ၅ မိနစ် လောက် လက္ဘရည်ဇွန်းတဝက်လောက် ပွတ်လိမ်းပြီး ရေဆေးချလိုက်ရင် လုံးဝ အနံမနံတော့ပါဘူး။

တနေကုန် roll on လိမ်းစရာမလိုအောင် အနံ မနံတာပါ။

ဂျိုင်းချွေးထွက်နေရင်တောင် ဂျိုင်းနံကနံမနေပါဘူး။

နေ့စဥ် ရေချိုးခါနီးတိုင်း သုံးလို့ရသလို တနေကုန်မေ့ပြီး ပွတ်ထားမိလည်း ယားတာ စပ်တာ ဘာမှ မဖြစ်ပါဘူး။

ဒါပေမဲ့ ရေချိုးခါနီး ပဲ ပွတ်တာပိုကောင်းပါတယ် တန်ဆေးလွန်ဘေးမဖြစ်အောင်ပါ။

ဂျိုင်းနံပျောက်တဲ့အပြင် ဂျိုင်းလည်း ဖြူပါတယ်။ Roll on တွေကတော့ ဘာလိမ်းလိမ်း အပေါ်ယံပဲ ဖုံးပေးတဲ့အတွက် ကျွန်မကတော့ မကြိုက်ပါဘူး။

သံပုရာသီးဆိုရင် ပွတ်လိမ်းတာနဲ့ စပ်ပါတယ်။ ကျောက်ချဥ်ဆိုရင်လည်း ကျောက်ပျဥ်မှာ သွေးလိမ်းနေရတာရယ် ကျောက်ပျဥ်ပြန်ဆေးချရတာ ရှုပ်ပါတယ်။

မန်ကျည်းသီးကတော့ အနှစ်လေး နည်းနည်းဖျော်ပြီး ဘူးပိစိလေးထဲထည့်ထားရင် ၃ ရက်လောက်ခံပါတယ်။ ရေခဲသေတ္တာထဲထည့်ရင် ၁ လ လောက် ခံပါတယ်။

ခန္ဓာကိုယ်အပူများတဲ့သူတွေအတွက်က မြန်မာ့တိုင်းရင်းဆေးဆရာကြီး ဦးရန်အောင်က မန်ကျည်းနှစ်ကို ရေမချိုးခင် လက်တွေ ခြေတွေမှာ လူးထား ပြီးမှ ရေချိုးရင် အပူကင်းတဲ့အကြောင်းလည်း MRTV မှာ ဝေမျှထားပါတယ်။

အပူများတဲ့သူတွေလဲ ဒီနည်းအသုံးပြုလို့ရပါတယ်။ သိတဲ့သူတွေလည်း သိမယ်ထင်ပါတယ်။

မသိသေးသူတွေအတွက် လွယ်ကူ တဲ့ နည်းလေးမို့ မျှ ဝေပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေရှင်……

Crd

Add a Comment

Your email address will not be published.