(၇) ရက်သားသမီးများအတွက် တစ်ပါတ်စာ ကံကြမ္မာ ဟောစာတမ်း

တနင်္ဂနွေ

လွယ်နေတာကို ခက်အောင်လုပ်နေမိတတ်ပါတယ်။ အရာရာဆရာမလုပ်မိပါစေနဲ့။ အခက်အခဲတွေကောင်း စွာမြင်တတ်ဖို့လိုပါတယ်။

လူပေါ်လူဇော်လုပ်နေတဲ့သူဆို ဒီကာလဒုက္ခရောက်တတ်ပါတယ်။ ငွေကံမညံ့ပေမဲ့ လက်ထဲ မမြဲဘဲအကုန်အကျတွေများနေတတ်ပါတယ်။

စိတ်လေနေမည်။ ရည်ရွယ်ချက်များနေမည်။ ဆုံးဖြတ်ချက် တွေ မြန်နေမည်။ ချစ်သူအချင်းချင်း ၊ လုပ်တူကိုင်ဖက်ချင်း၊ မိသားစုချင်း၊

သူငယ်ချင်း အချင်းချင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်မည်။ အိုးအိမ်ကိစ္စ၊အလုပ်ကိစ္စ၊နေရာထိုင်ခင်းကိစ္စတွေနဲ့ပတ်သက် ပြီး စိတ်ညစ်စရာကြုံရနိုင်ပါတယ်။

ဆီးဝမ်းသွေးလေမမှန်တာမျိုး၊ မိန်းကလေးဆို ဓမ္မတာနဲ့ဆက်စပ်နဲ့ရောဂါတွေခံ စားရတတ်ပါတယ်။ ရပ်ဝေးက ပစ္စည်းမှာသူများရောက်ဖို့

ကြန့်ကြာနိုင်သလို၊ ရပ်ဝေးနဲ့ချိတ်ဆက်စီးပွားလုပ်သူများ အဆင်မပြေဖြစ်တာများနေနိုင် တဲ့ ကာလပါပဲ။ အတိုက်အခံများနှင့် ရင်ဆိုင်ရ

မည်။ အထင်အမြင် လွဲမှားမှုတွေခံရမည်။ ပစ္စည်းပျောက်မည်။ ငွေလိမ် ခံရမည်။ မရည်ရွယ်သောခရီး ထွက်ရမည်။

မမျှော်လင့်ပဲ အိမ်ထောင်ပြုခြင်း၊ စာမေးပွဲအောင်ခြင်း၊ အလုပ်အကိုင် ရခြင်း တို့ ဖြစ်မည်။ အိမ်အပြောင်းအရွှေ့ မြင်သည်။ ကျန်းမာရေး

အနည်းငယ် ချုချာမည်။လုပ်တိုင်းမဖြစ်၍ စိတ် ဓာတ် ကျနေမည်။ချစ်သူနဲ့အဆင်ပြေဖို့အချိန်ယူရမည်။ စာကို စိတ်ပါဝင်စားစွာလိုက်လုပ်

ပေမဲ့ စာမရဖြစ်တတ် တယ်။အကျိုးပေးဂဏန်း ၁ ၅ ၃အထူးဟော – စိတ်ဓာတ်ကြံ့ခိုင်ပါစေ။ယတြာ –တန်ခိုးကြီးဘုရားတစ်ဆူတွင် တံခွန်ကုက္ကားအနီတစ်စုံ ကပ်လှူပါ။

တနင်္လာ

မိမိအနေနဲ့ သံယောဇဉ်ကိုငဲ့ကွက်ပြီးလုပ်ကောင်းဆောင်ရွက်မိနေတယ်ဆို..သတိထားပါ။အဲဒါက လမ်းမှား ဖြစ်ဖို့များပါတယ်။ ငွေကြေးရ

လိုမှုထက် အလုပ်ဖြစ်ရင်ပြီးရောဆိုတာမျိုးကို ပိုဦးစားပေးသင့်တဲ့ကာလပဲဖြစ်ပါတယ် ။အိမ်မွေး တိရစ္ဆာန်လေးတွေ ဖျားနာတာမျိုးဖြစ်

တတ်ပါတယ်။ အပြောနှင့်အလုပ်မကိုက်ညီသလိုတွေ ဖြစ်နေတတ် တယ်။ စကားကိုလွယ်လွယ် မပြောသင့်သလို ကတိကိုလည်း လွယ်လွယ်မပေးလိုက်နှင့်။

ကျေးဇူးဆပ်တဲ့သဘောနှင့် အားနာမှုမပြုလိုက်နှင့်။ ကိုယ်ဘဝပါ ပါသွားလိမ့်မည်။ ပရဟိတလုပ်နေသူတွေ၊အများအကျိုးဆောင်ရွက် နေသူ

တွေ သတိထားပါ။ မနာလိုသူတွေ လိမ်လည်သတင်းပေးပြီး ဒုက္ခရောက်အောင်လုပ်လာနိုင်တာကိုတော့ မေ့ မထားလိုက် ပါနဲ့။ သားသမီးနဲ့

ပတ်သက်ပြီး စိတ်ညစ်စရာများကြုံနေရတတ်ပါတယ်။ငွေကြေးအကူအညီတွေလာ တောင်းတတ် ပါ တယ်။ အမောက်များရင်တော့ မပေးစေချင်ဘူး။

ပြန်ရဖို့ ခက်ခဲနိုင်လို့ပါပဲ။ ညခရီးမသွားသင့်သလို ဘုမ္မိအရပ် ဖြစ်တဲ့ စနေထောင့် အနောက်တောင်အရပ် ကို မသွားသင့်ပါ။ ချစ်သူရဲ့

လှည့်စားခြင်းများခံရတတ်ပါတယ်။ ဒါပေမဲ့ သင့်မှာချစ်သူအသစ်ရလိမ့်မည်။ လက်ဆောင်ရမည်။ စာမေးပွဲအောင်မည်။ အင်တာဗျူးအောင်

မည်။ လစာကောင်း တဲ့ အလုပ်ရမည်။ မိသားစု ပြဿ နာတွေကြောင့် အိမ်မှာမနေချင်ဖြစ်နေတတ်ပါတယ်။အကျိုးပေးဂဏန်း – ၂၊ ၃၊ ၄။အထူးဟော – ကံကောင်းပါတယ်။ယတြာ –ငါးရံ့အရှင်နှစ်ကောင် လွှတ်ပါ။

အင်္ဂါ

စီးပွားရေးကောင်းလာနိုင်တဲ့ကာလတစ်ခုပါပဲ။ မိတ်ရင်းဆွေရင်းတွေရဲ့အကူအညီတွေကလဲ ပိုမိုရလာနိုင်ဖွယ် ရှိနေနိုင်ပါတယ်။ခရီးတို၊ခရီးရှည်တွေထွက်ရရင် ကံကြမ္မာပိုမိုမြင့်မားသွားနိုင်ပါတယ်။ အလုပ်ကို စိတ်ကြည်ကြည် လင်လင်နဲ့လုပ်ဖို့တော့လိုပါတယ်။ အလုပ်ဝန်ပိနေရင်

တော့ လွဲလွဲမှားမှားတွေဖြစ်လာတတ်ပါတယ်။ ကျန်းမာရေး အတွက်ဆေးဝါးစတင်မှီဝဲတာ၊မျက်စိအားနည်းသူများစတင်မျက်စိစမ်းသပ်တာ၊ခွဲစိပ်တာမျိုးတွေဆောင်ရွက်နိုင်ပါ တယ်။

ခန်းဝင်ပစ္စည်းများ၊ဇိမ်ခံပစ္စည်းများဝယ်ယူလို့အကောင်းဆုံးကာလပါပဲ။ အောက်လက်ငယ်သားတွေဆီက အကြံဉာဏ်ကောင်းတွေရတတ်

သလို…ကိုယ့်ဇနီးမယားဆီကနေ အကူအညီတွေ၊ စိတ်ကူးအကြံဉာဏ်တွေရလာနိုင် ပါတယ်။ ငွေကြေးအရှုပ်အထွေးတွေရှိသူများကောင်း

စွာဖြေရှင်းနိုင်ပါလိမ့်မယ်။ ဦးဆောင် ခေါင်းဆောင် ဆရာလုပ်ရ ခြင်းမျိုးကြုံနေရတတ်တယ်။ ရည်ရွယ်ချက်ကြီးပြီး ၊ ရည်မှန်းချက်များသူ

ဖြစ်၍ အောင်မြင်ချမ်းသာ မှု့ ၊ တိုးတက်မှု့ ကောင်းခြင်းတွေ ရှိပါမည်။ စီမံကိန်းဖြင့် ဆောင်ရွက်မှု့ များအောင်မြင်မည်။ သို့သော် အတိုက်အခံ တွေ ကြုံလိမ့် မည်။

ယခုတစ်ပတ်အတွင်း ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားမှု့ နှင့် လွတ်လပ်စွာ လုပ်ကိုင်မှု့တို့ကြောင့် အောင်မြင်မှု့ တွေ အထွဋ်အထိပ် မုချရောက်ရှိ

လိမ့်မည်။ အချစ်ရေးနှင့် ပတ်သက်၍ ကတော့ တစ်ယောက်မကောင်းတစ်ယောက် ပြောင်းချင်နေပါလိမ့်မည်။ အိမ်ထောင်ရှိသူများလည်း

အချစ်ရေးထပ်တွေ့ပါလိမ့်မည်။ ကား ၊ ဆိုင်ကယ် ၊ ရွှေ ၊ စက် တို့ ဝင် ၊ ထွက်မှု့ ဖြစ်မည်။ ကောင်းပါသည်။

အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ၉အထူးဟော – မုချကောင်းပါမည်။ယတြာ –အိမ်ဘုရားကို အုန်းထမင်းဆွမ်းနှင့်ဆိတ်သားကပ်လှူပါ။

ဗုဒ္ဓဟူး/ရာဟု

စိတ်ရှည်ရှည်ထားဖို့လိုပါတယ်။ ဒေါသဖြစ်စရာ၊မကျေနပ်စရာတွေ ကြုံနေတွေ့နေရပါလိမ့်မယ်။ ချိတ်ဆက် ထားတဲ့လုပ်ငန်း

အဆက်အသွယ်တွေပြတ်တောက်သွားပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်ပြီး ရလွယ်နေပေမဲ့ အကုန် အကျတွေများနေနိုင်ပါတယ်။

အိမ်တွင်းရေးအမှုပြဿနာတွေမိမိခေါင်းပေါ်ကျလာတတ်ပါတယ်။အလုပ်ခွင်မှာသူများအလုပ်တွေကူလုပ်ရတာပဲဖြစ်ဖြစ်၊နယ်ဘက်သွားပြီးယာယီတာဝန်ထမ်းဆောင်ရတာပဲဖြစ်ဖြစ်ကြုံလာတတ်ပါ တယ်။

အကြီးအကဲတွေနဲ့အတိုက်အခံမလုပ်ဖို့တော့ ဒီကာလာမှာအထူးမှာချင်ပါတယ်။ ထင်ရာမြင်ရာ လုပ်၍ မဖြစ် ပါ။ဤ တစ်ပတ်မှာအလွဲလွဲ အ

ချော်ချော်တွေဖြစ်တတ်တယ်။ အတိုက်အခံတွေ ကြုံမယ်။ ကျော်နိုင်ဖို့ ကြိုးစားရမည်။ ရရန်ရှိသော ငွေ၊လုပ်ရန်ရှိသော အလုပ်တို့ နှေင့်

နှေးမှု့တွေ ဖြစ်နေမည်။ ကျန်းမာရေး အနည်းငယ်ဂရုစိုက် ပါ။ ကားဆိုင်ကယ် ဂရုစိုက်မောင်းပါ။ အနည်းငယ်ခိုက်မိတတ်ပါတယ်။

ဆွေမျိုးသားချင်းတွေရဲ့ သာရေးနာရေး ကိစ္စ တွေမှာ လိုက်ပါဆောင်ရွက်နေရတဲ့အတွက် မိမိအလုပ်ကိစ္စများလစ်ဟင်းနေတတ်သည်။

အချစ်ရေးမှာ လွယ်လွယ် အဖြေမပေးနှင့်။ စကားပြောဆင်ခြင်ပါ။ ရုတ်တရက် အိမ်ထောင်ကျကိန်းမြင်ပါတယ်။ စီးပွားရေးကောင်းလာ

မည်။ ပညာရေးကံအားနည်းနေမည်။အကျိုးပေးဂဏန်း – ၅ ၊ ၆ ၊ ၁အထူးဟော – အဆင်ပြေပါမည်။ယတြာ -အောင်သပြေ (၉) ညွန့် အိမ်ဘုရားကိုကပ်လှူပါ။

ကြာသပတေး

အနည်းငယ်စိတ်ပင်ပန်းစရာလေးတွေရှိပေမဲ့ အညံ့အဆိုးနည်းတဲ့ကာလပါပဲ။ အလုပ်တွေကောင်းလာတတ် ပါတယ်။ သင်ကြားရေး

အလုပ်များကောင်းနိုင်ပါတယ်။ လူအများနဲ့တွဲဖက်လုပ်လေ အဆင်ပြေလေဆိုတာမျိုးကြုံရ တတ်ပါတယ်။ လူရင်းတွေနဲ့ စိတ်ဝမ်းကွဲ

တတ်၍ စကားပြောဆင်ခြင်ပါ။ စကားများရတတ်သည်။ အလုပ်ပြောင်းလဲမှု့ ၊ နေရာပြောင်းလဲမှု့ တို့ဖြစ်မည်။ အလုပ်မှာ ရှုပ်မည်။ ဖြေရှင်းရတတ်သည်။

အန္တရာယ် လုံးဝမရှိပါ။ ငွေကြေးနဲ့ ပတ်သက်ပြီး ရင်းနှီးမြုပ်နှံမှုအကြီးစားတွေတော့ ဒီအပတ်ထဲမလုပ်စေချင်ပါတယ်။ ကျန်းမာရေးမှာတော့

အရက်သာ လျော့သောက်ပါ။ မိန်းကလေးများ ဟောပေါ့တို့၊ရေလုံပြုတ်တို့ သတိထားစားပါ။ လုပ်ငန်းသစ် လုပ်ရတတ် သည်။ စပ်တူ

ရှယ်ယာလုပ်ငန်း ကြီးတစ်ခု လုပ်ရမည်။ အောင်မြင်မှု့ရမည်။ အဝေးခရီး တစ်ခု သွားဖြစ်မည်။ ကျန်းမာ ရေး ဂရုစိုက်ပါ။ ရုတ်တရက် ခိုက်မိရတတ်သည်။

သူများ အရှုပ်ကိုယ့်အရှုပ် ဖြစ်ရတတ်သည်။ သူတစ်ပါး အတွက် အကျိုးဆောင်မှု့များ အောင်မြင်မည်။ ငွေကြေးကိစ္စ စကားပြောရမည်။ ရ

စရာငွေတို့ မရတတ်ပါ။ ပေးစရာရှိရင်လဲ မပေးနိုင်သေးတဲ့ကာလပါပဲ။ အချစ်ရေးကြောင့် သောကရောက်မအိပ်နိုင်မစားနိုင်ဖြစ်မည်။

ပညာရေးမှာ စာမေးပွဲ ဖြေခါနီးမှ စာမရ၍ပူပန်ရမည်။အကျိုးပေးဂဏန်း – ၅ ၊ ၈ ၊ ဝအထူးဟော – အတိုက်အခံ ဖြစ်ပြီးမှ အောင်မြင်မည်။ယတြာ အောင်သပြေ (၁၉) ညွန့် ဘုရားကို ကပ်လှူပါ။

သောကြာ

ကံအကောင်းဆုံးအချိန်ကာလတွေကိုဖြစ်သန်းနေရတဲ့ကာလပါပဲ။ ငွေကြေးပြည့်စုံကြွယ်ဝမှုကိုရရှိပါလိမ့် မယ်။ကျန်းမာရေးကတော့ သွေး

လည်ပတ်မှုအားကောင်းပြီးဒေါင်ဒေါင်မြည်နေပါလိမ့်မယ်။ ချစ်လို့ခင်လို့ ပေးကြတဲ့ လက်ဆောင်တွေလဲရရှိတတ်ပါတယ်။ အစစအရာရာ

အဆင်ပြေမှု့များ ယခုတစ်ပတ်မှ စ၍ ဖြစ်လာမည်။ ဆန္ဒ စောခြင်းနှင့် အတိုက်အခံ ပြုခြင်းများ ဆင်ခြင်ပါ။ လုပ်ငန်းတိုးချဲ့မှု့များကြုံဖြစ်မည်။

အနုပညာပစ္စည်းတွေ၊ အသံနဲ့ ဆိုင် တဲ့ပစ္စည်းတွေဝင်လာတတ်ပါတယ်။ငွေရှာရ လွယ်သလို၊ကြိုးစားသမျှလဲ အရာထင်လာနိုင်ပါတယ်။

အလှူခရီး၊ ဘုရားဖူးခရီးစတဲ့ခရီးဝေးတွေသွားရတတ်ပါတယ်။ပျောက်ရှနေတဲ့၊အထားမှားနေတဲ့ပစ္စည်းတွေပြန်တွေ့ရတတ်ပါတယ်။ လိမ္မာ

ပါးနပ်မှု့ ရှိလေလေ သင့်လုပ်ငန်း ၊ သင့်ပညာ ရေး ၊ သင့်အချစ်ရေး ၊ သင့်စီးပွားရေး မုချအောင်မြင် လေလေ ဖြစ်မည်။ အချစ်ရေးကောင်းမည်။

စီးပွားရေးလုပ်ငန်းများ ပိုမို သွက်လာမည်။ အိမ်ထောင်ရေး အဆင်ပြေ မည်။ နေအိမ်၊ တိုက် တာ ၊ ကား တို့ ဝင် ၊ ထွက်မည်။ ထီကံပါသည်။

ထီထိုးပါ။ ၇ ထိပ် ၊ ၇ ပိတ် ပေါက်ဂဏန်း ကြုံ မည်။ မိသားစု အတွက် စိတ်ချမ်းသာရမည်။ အပျော်ခရီး အပန်းဖြေ ခရီးတစ်ခု အစီအစဉ်

ပေါ်လာမည်။ လူယုံ မထားသင့်ပါ။ပညာရေးကံကောင်းနေတတ်သလို အချစ်ရေးလဲနားလည်မှုတွေပြန်ရလာပါလိမ့်မယ်။

အကျိုးပေးဂဏန်း – ၇၊၉၊ဝ။အထူးဟော – အားလုံးအောင်မြင်မည်။ယတြာ – အနောက်မြောက်အရပ် က သံဃာတော်ကို စနေနေ့နံနက်တွင် ဆွမ်းလှူလိုက်ပါ။

စနေ

စိတ်ကူးထားတာလေးတွေပြည့်ဝလာမဲ့ကာလပါ။ အရင်အပတ်က စိတ်ပင်ပန်းခဲ့ရသမျှဒီအပတ်မှာစိတ်လက် ကြည်သာနေပါလိမ့်မယ်။

ကုသိုလ်ကံအထောက်အပံ့တွေရလာနိုင်တာမို့ အဓိဌာန်ပုတီးလေးတွေစိပ်စေချင်ပါတယ်။ အဓိပ္ပါယ်ရှိသော လုပ်ရပ်တွေ လုပ်ဖြစ်နေ

လိမ့်မည်။ လုပ်သော အလုပ်တွေ အောင်မြင်မှု့ရမည်။ အပေါင်းအသင်း များအတွက် စိတ်ရှုပ်စရာတွေ ကြားနေရတတ်သည်။

စိတ်ရှုပ်စရာတွေ ကြားရသော်လည်း သင်မကူညီနိုင်သော အရာတွေ ဖြစ်နေတတ်သည်။ စိတ်ချမ်းသာ မှု့ရမည်။ ငွေဝင်ကောင်း နေမည်။

လုပ်ငန်း တွေ အဆင်ပြေနေမည်။ ကောင်းသတင်းတွေ ဝေနေမည်။ အစုလိုက် ငွေဝင်ကိန်း ရှိ၍ ထီစပ်ထိုးပါ။ ထီပေါက်ကိန်း ရှိသည်။

သောကြာသား အင်္ဂါသားတွေနဲ့စပ်ထိုးပါ။ တစ်ပတ်ရစ်ပစ္စည်းတွေဝယ်မယ်ဆို ဒီကာလအထူးကောင်းပါတယ်။ အလုပ်ထဲမှာနေရာ ကောင်း ရ လာနိုင်ပါတယ်။

ရာထူးတိုးတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ အချစ်ရေးကံကောင်းတယ်။ သင့်ချစ်သူ က သင့်ကို စိတ်ချမ်းသာမှု့ ပေးလာလိမ့်မည်။

အိမ်ထောင်ရေးကြောင့် အနည်းငယ်စိတ်ရှုပ်ရလိမ့်မယ်။ နှစ်ဘက် အသိုင်း အဝိုင်းကိုအကြောင်းပြုပြီး လင်မယားအချင်းချင်းစကား

အကြီးအကျယ်များရတတ်ပါ တယ်။ကျန်းမာရေး တွေ လဲ ကောင်းနေမည်သာ။ ပညာရေးလဲထွန်းပေါက်ပါ လိမ့်မယ်။အကျိုးပေးဂဏန်း –

၇၊ဝ၊၂။အထူးဟော – အောင်မြင်နေပါမည်။ယတြာ –သံဃာတော်တွေကို အချိုရည် ကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695//09 44 5555 695

Add a Comment

Your email address will not be published.