ခိုင်ဂေဟာက သားသားမီးမီးလေးတွေ အချင်းချင်း ဂရုစိုက်နေကြတဲ့ ဗီဒီယိုဖိုင်လေး မျှဝေလာတဲ့ မေမေခိုင်နှင်းဝေ…






Credit

UNICODE
ခိုင်ဂေဟာက သားသားမီးမီးလေးတွေ အချင်းချင်း ဂရုစိုက်နေကြတဲ့ ဗီဒီယိုဖိုင်လေး မျှဝေလာတဲ့ မေမေခိုင်နှင်းဝေ…

မင်းသမီး ခိုင်နှင်းဝေကတော့ အခုလက်တလောမှာ ပရဟိတလုပ်ငန်းတွေကို တစိုက်မတ်မတ်နဲ့ လုပ်ဆောင်နေတာကြောင့် ပရဟိတ မင်းသမီးလေး တစ်ပါးဆိုပြီး တင်စားခေါ်ဝေါ်နေကြတာပဲ ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတိုင်းမှာ လိုအပ်သလို ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံထားတဲ့ ကလေးတွေကို မွေးစားခေါ်ယူစောင့်ရှောက်တဲ့ ခိုင်မိသားစု ကလေးများဂေဟာကို တည်ထောင်ပြီး လူမမယ် ကလေးတွေကို စောင့်ရှောက်ပေးထားတာလည်း ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ သူမဂေဟာက ကလေးတွေကို ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ သားသမီး အရင်းလေးတွေပမာ ပြုစုစောင့်ရှောက်ထားတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ကလေးလေးတွေရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို မျှဝေပေးလေ့ရှိရာ ဒီတစ်ခေါက်မှာလည်း သားသားမီးမီးလေးတွေ အချင်းချင်း ဂရုစိုက်နေကြတဲ့ ဗီဒီယိုဖိုင်လေး မျှဝေလာတာပဲ ဖြစ်ပါတယ်။

“ချစ်ခြင်း မေတ္တာများသာ အဓိက ပါ..❤️❤️”ဆိုတဲ့ စာသားလေးနဲ့အတူ ရေးသားထားတာပဲ ဖြစ်ပါတယ်။ Video ထဲမှာတော့ ကလေးလေးတွေ အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ အကြီးလေးတွေက လသားအရွယ်ကလေးလေးတွေကို ညီအကို မောင်နှမလို ပုခက်လှုပ်ပေးတဲ့သူက လှုပ်ပေး၊ နို့ဘူးတိုက်နေတဲ့သူက တိုက်နဲ့ မိသားစုလေးတွေလို အငယ်လေးတွေကို ပြုစုနေကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ကလေးလေးတွေ ချစ်ခင်ကြင်နာနေကြတဲ့ Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် …..
Credit

Add a Comment

Your email address will not be published.