အမေရိကားကို တရားဝင်ထွက်ခွာခဲ့တာဖြစ်ပြီး ထွက်ပြေးခဲ့တာ မဟုတ်ဘူး ဆိုတဲ့ အဆိုတော် ဆောင်းဦးလှိုင်

Unicode

ပရိတ်သတ်ကြီးတို့ရေ မြန်မာနိုင်ငံရဲ့ နာမည်ကျော် Pop အဆိုတော်တစ်‌ယောက်ဖြစ်တဲ့ ဆောင်းဦးလှိုင်ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ ပြည်ပသို့ရောက်ရှိနေပေမယ့်လည်း မြန်မာလူမျိုးတွေနဲ့အတူ အမှန်တရားကို

ချစ်မြတ်နိုးတာကြောင့် ရောက်ရာနေရာကနေပြီးတော့ တက်နိုင်သလောက် ရံပုံငွေပွဲများ ပြုလုပ်ကာ ပါဝင်အားဖြည့်ကူညီနေသူ တစ်ယောက်လဲဖြစ်ပါတယ်။ အဆိုတော် ဆောင်းဦးလှိုင် ဟာ သူ့ကိုနိုင်ငံသားအဖြစ်မှ

ရပ်စဲဟု သတင်းထုတ်ပြန်ချက်ထွက်ရှိလာတဲ့အပေါ် အခုလိုပဲပြောပြလိုက်ပါတယ်။ ” ပြောပြပါရစေ – ကျွန်တော်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့တရားဝင်ထွက်ခွါခဲ့တာဖြစ်ပါတယ်။

ထွက်ပြေးသူ/ ခိုလှုံသူ/ ဒုက္ခသည် မဟုတ်ပါ။ အရေးအကြောင်းမှာ ထွက်ပြေးတတ်သူတစ်ဦးလည်း မဟုတ်ပါ။ ငယ်ပေါင်းကြီးဖော် အကြောင်းသိများကိုမေးကြည့်နိုင်ပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံကို

Family Visa နဲ့ ၂၀၁၉ မှာတရားဝင် ရောက်ခဲ့ပြီး ရောက်ပြီးပြီးချင်း တစ်ပါတ်ခန့်အကြာ မှာဘဲ Green card ချက်ချင်းရပါတယ်။ အကူအညီပေးခဲ့သော လူမှုရေး နိုင်ငံရေးကိစ္စများစွာအတွက် လုပ်မစား

အခွင့်အရေးမယူခဲ့သလို ကျွန်တော့်ဘဝမှာ တစ်ဖွဲ့တည်းသာ အသင်းဝင်အဖြစ်ဝင်ရောက်ခဲ့ရာ ရန်ကုန်နာရေးကူညီမှုအသင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။သစ္စာတရားတို့ဖြင့်” စာဖတ်သူ ချစ်ပရိတ်သတ်ကြီးတို့ရေ

အနုပညာဘက်တွင်သာမက အမှန်တရားဘက်မှာပါ ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ ပြည်သူချစ် အနုပညာရှင်ပေါင်းများစွာအတွက်လည်း ဘေးရန်ကင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

ဆောင်းဦးလှိုင်ကို ချစ်တဲ့ပရိတ်သတ်ကြီးကလည်း အခုဆိုရင်အမှန်တရားတစ်ခုကို သိလောက်ပြီထင်ပါတယ်နော်။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

Zawgyi

ပရိတ္သတ္ႀကီးတို႔ေရ ျမန္မာႏိုင္ငံရဲ႕ နာမည္ေက်ာ္ Pop အဆိုေတာ္တစ္‌ေယာက္ျဖစ္တဲ့ ေဆာင္းဦးလႈိင္ကိုေတာ့ လူတိုင္းသိၾကမယ္ထင္ပါတယ္။ ျပည္ပသို႔ေရာက္ရွိေနေပမယ့္လည္း ျမန္မာလူမ်ိဳးေတြနဲ႔အတူ အမွန္တရားကို

ခ်စ္ျမတ္ႏိုးတာေၾကာင့္ ေရာက္ရာေနရာကေနၿပီးေတာ့ တက္ႏိုင္သေလာက္ ရံပုံေငြပြဲမ်ား ျပဳလုပ္ကာ ပါဝင္အားျဖည့္ကူညီေနသူ တစ္ေယာက္လဲျဖစ္ပါတယ္။ အဆိုေတာ္ ေဆာင္းဦးလႈိင္ ဟာ သူ႔ကိုႏိုင္ငံသားအျဖစ္မွ

ရပ္စဲဟု သတင္းထုတ္ျပန္ခ်က္ထြက္ရွိလာတဲ့အေပၚ အခုလိုပဲေျပာျပလိုက္ပါတယ္။ ” ေျပာျပပါရေစ – ကြၽန္ေတာ္ဟာ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ ျပည္ပသို႔တရားဝင္ထြက္ခြါခဲ့တာျဖစ္ပါတယ္။

ထြက္ေျပးသူ/ ခိုလႈံသူ/ ဒုကၡသည္ မဟုတ္ပါ။ အေရးအေၾကာင္းမွာ ထြက္ေျပးတတ္သူတစ္ဦးလည္း မဟုတ္ပါ။ ငယ္ေပါင္းႀကီးေဖာ္ အေၾကာင္းသိမ်ားကိုေမးၾကည့္ႏိုင္ပါတယ္။ ၿပီးေတာ့ အေမရိကန္ႏိုင္ငံကို

Family Visa နဲ႔ ၂၀၁၉ မွာတရားဝင္ ေရာက္ခဲ့ၿပီး ေရာက္ၿပီးၿပီးခ်င္း တစ္ပါတ္ခန္႔အၾကာ မွာဘဲ Green card ခ်က္ခ်င္းရပါတယ္။ အကူအညီေပးခဲ့ေသာ လူမႈေရး ႏိုင္ငံေရးကိစၥမ်ားစြာအတြက္ လုပ္မစား

အခြင့္အေရးမယူခဲ့သလို ကြၽန္ေတာ့္ဘဝမွာ တစ္ဖြဲ႕တည္းသာ အသင္းဝင္အျဖစ္ဝင္ေရာက္ခဲ့ရာ ရန္ကုန္နာေရးကူညီမႈအသင္းျဖစ္ပါတယ္။ ေက်းဇူးတင္ပါတယ္။သစၥာတရားတို႔ျဖင့္” စာဖတ္သူ ခ်စ္ပရိတ္သတ္ႀကီးတို႔ေရ

အႏုပညာဘက္တြင္သာမက အမွန္တရားဘက္မွာပါ ေရွ႕ဆုံးကေန မားမားမတ္မတ္ ရပ္တည္ေပးေနတဲ့ ျပည္သူခ်စ္ အႏုပညာရွင္ေပါင္းမ်ားစြာအတြက္လည္း ေဘးရန္ကင္းပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းေပးလိုက္ရပါတယ္။

ေဆာင္းဦးလႈိင္ကို ခ်စ္တဲ့ပရိတ္သတ္ႀကီးကလည္း အခုဆိုရင္အမွန္တရားတစ္ခုကို သိေလာက္ၿပီထင္ပါတယ္ေနာ္။ သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

Add a Comment

Your email address will not be published.