လေးကေ့ကော်မြို့တွင်းမှ စစ်ကောင်စီတပ်များဆုတ်ခွာသွားပြီးနောက် ကေအန်ယူက နယ်မြေရှင်းလင်းနေ

လေးကေ့ကော်မြို့တွင်းမှ စစ်ကောင်စီတပ်များဆုတ်ခွာသွားပြီးနောက် ကေအန်ယူက နယ်မြေရှင်းလင်း

တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်ကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာထွက်သွားပြီးနောက်

ဒီဇင်ဘာ ၁၆ ရက် ဒီမနက်ပိုင်းမှာ KNU/ KNLA တပ်တွေက မြို့တွင်း ရပ်ကွက် ၆ ခုလုံးမှာ စစ်ကောင်စီတပ်တွေ ခိုအောင်းနေတာ ရှိမရှိ နယ်မြေရှင်းလင်းမှုတွေ စတင်ပြုလုပ်နေ ပါတယ်။

လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်သားတွေ ဒီဇင်ဘာလ ၁၄ ရက်မှာ ဝင်ရောက်လာပြီ လွှတ်တော်အမတ်အပါအဝင် လူ ၆၀

လောက်ကို ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။မနေ့ညကစစ်ကောင်စီတပ်တွေပြန်လည်ဆုတ်ခွာထွက်

သွားပြီးနောက်ဒီမနက် နယ်မြေ ရှင်းလင်းချိန်မှာ စစ်ကောင်စီ တပ်သားတချို့ရဲ့ ရုပ်အလောင်းတွေ ကျန်ရှိခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

 

လေးကေ့ကော်မြို့မြင်ကွင်း

နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်တွေက လေးကေ့ကော်မြို့သစ်အတွင်း စစ်ဘေးရှောင်ထွက်ပြေးသွားတဲ့ ပြည်သူတွေရဲ့ နေအိမ်

အတော်များများကို တံခါး ရိုက်ချိုးဖွင့်ကာ အိမ်တွင်းပစ္စည်းပျောက်ဆုံးတာနဲ့ ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ဒီနေ့မနက်

မှာတော့ မြို့တွင်းမှာ တပ်စွဲထားတဲ့ စကခ ၁၃ က လေးကေ့ ကော်မြို့သစ်ကနေ ဖယ်ရှားဆုတ်ခွာသွားပြီး ကျန်ရှိနတဲ့ စကစ တပ်သား အလောင်းတွေကို နှစ်ဘက် တာဝန်ရှိသူတွေ ဆက်သွယ်ဆောင်ရွက်မယ်လို့ သိရပါတယ်။

မနေ့ကလေးကေ့ကော်မြို့သစ်ကို စစ်ကောက်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့သလို KNU/ KNLA တပ်တွေ၊

DKBA ခွဲထွက်အဖွဲ့၊ KNDO စတဲ့ ကရင်လက်နက်ကိုင်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်တွေဘက်က အရာရှိတချို့

အပါအဝင် အများအပြား သေဆုံး ထိခိုက် ဒဏ်ရာရခဲ့ကြတာပါ။လေးကေ့ကော်မြို့သစ်ဟာ ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ စစ်ပြေးရှောင်

ဒုက္ခသည်တွေ အတွက် တည်ဆောက်ထားတဲ့ မြို့သစ်ဖြစ်ပြီး မနေ့က တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူတွေ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံနေကြရတာလည်း ဖြစ်ပါတယ်။

zawgyi Font

လေးကေ့ကော်မြို့တွင်းမှ စစ်ကောင်စီတပ်များဆုတ်ခွာသွားပြီးနောက် ကေအန်ယူက နယ်မြေရှင်းလင်း

တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်ကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာထွက်သွားြ

ပီးနောက် ဒီဇင်ဘာ ၁၆ ရက် ဒီမနက်ပိုင်းမှာ KNU/ KNLA တပ်တွေက မြို့တွင်း ရပ်ကွက် ၆ ခုလုံးမှာ စစ်ကောင်စီတပ်တွေ ခိုအောင်းနေတာ ရှိမရှိ နယ်မြေရှင်းလင်းမှုတွေ စတင်ပြုလုပ်နေ ပါတယ်။

လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်သားတွေ ဒီဇင်ဘာလ ၁၄ ရက်မှာ ဝင်ရောက်လာပြီ လွှတ်တော်အမတ်အပါအဝင် လူ ၆၀ လော

က်ကို ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။မနေ့ညကစစ်ကောင်စီတပ်တွေပြန်လည်ဆုတ်ခွာထွက်သွားြ

ပီးနောက်ဒီမနက် နယ်မြေ ရှင်းလင်းချိန်မှာ စစ်ကောင်စီ တပ်သားတချို့ရဲ့ ရုပ်အလောင်းတွေ ကျန်ရှိခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်တွေက လေးကေ့ကော်မြို့သစ်အတွင်း စစ်ဘေးရှောင်ထွက်ပြေးသွားတဲ့ ပြည်သူတွေ

ရဲ့ နေအိမ်အတော်များများကို တံခါး ရိုက်ချိုးဖွင့်ကာ အိမ်တွင်းပစ္စည်းပျောက်ဆုံးတာနဲ့ ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီနေ့မနက်မှာတော့ မြို့တွင်းမှာ တပ်စွဲထားတဲ့ စကခ ၁၃ က လေးကေ့ ကော်မြို့သစ်ကနေ ဖယ်ရှားဆုတ်ခွာသွားပြီး ကျန်ရှိနတဲ့ စကစ တပ်သား အလောင်းတွေကို နှစ်ဘက် တာဝန်ရှိသူတွေ ဆက်သွယ်ဆောင်ရွက်မယ်လို့ သိရပါတယ်။

မနေ့ကလေးကေ့ကော်မြို့သစ်ကို စစ်ကောက်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့သလို KNU/ KNLA တပ်ေ

တွ၊ DKBA ခွဲထွက်အဖွဲ့၊ KNDO စတဲ့ ကရင်လက်နက်ကိုင်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်တွေဘက်က အရာရှိတ

ချို့အပါအဝင် အများအပြား သေဆုံး ထိခိုက် ဒဏ်ရာရခဲ့ကြတာပါ။လေးကေ့ကော်မြို့သစ်ဟာ ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ စ

စ်ပြေးရှောင် ဒုက္ခသည်တွေ အတွက် တည်ဆောက်ထားတဲ့ မြို့သစ်ဖြစ်ပြီး မနေ့က တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူတွေ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံနေကြရတာလည်း ဖြစ်ပါတယ်။

credit all

Be the first to comment

Leave a Reply

Your email address will not be published.


*