ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုတွေကို ဖေဖော်ဝါရီလကတည်းက စတင်ရရှိနေပြီလို့ ရွှေဘိုခရိုင် အမှတ် ၆ တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူးပြောကြား

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုတွေကို ဖေဖော်ဝါရီလကတည်းက စတင်ရရှိနေပြီလို့ ရွှေဘိုခရိုင် အမှတ် ၆ တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူးပြောကြား

မတ် ၁၀ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုတွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက စတင်ရရှိနေပြီဖြစ်တယ်လို့ ရွှေဘိုခရိုင် အမှတ် ၆ တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူးဖြစ်သူ ရဲဘော်သိစိတ်က ပြောကြားလိုက်ပါတယ်။

အမှတ် ၆ တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူးဖြစ်သူ ရဲဘော်သိစိတ်က ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ကလည်း ရိက္ခာ အထောက်အပံ့တွေကို ပြီးခဲ့တဲ့ ဖေဖော် ဝါရီလကစပြီးတော့ ပေးပို့ နေပြီဖြစ်တယ်ဆိုတာနဲ့ MOD ရဲ့ လမ်းညွှန် ချက်တွေနဲ့ နေထိုင်တာကြောင့် မျှော်လင့်ထားတဲ့ အောင်ပွဲဆီကို တစ်ဆင့်ချင်း တိုးတက်ပြောင်းလဲနေ ပြီလိုပြောပါတယ်။

ဒါအပြင် သိပ်မကြာခင်မှာလည်း မိဘပြည်သူတွေ မျှော်လင့်နေတဲ့ အောင်ပွဲတွေဆီကို ရောက်အောင် ချီတက်နိုင် တော့မှာဖြစ်သလို မိဘပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကိုလည်း နှစ်သိမ့်ပေးနိုင်တော့မှာဖြစ်တယ်လို့ ဆို ထားပါတယ်။

ယခင်အချိန်တွေက တပ်ရင်းတွေရဲ့ လှုပ်ရှားနေထိုင်မှု ကို စစ်လုံခြုံရေးအရ ပြည်သူတွေကို ချပြခြင်းမရှိတာကိုလည်း နားလည်ပေးဖို့ မေတ္တာရပ်ခံထားတာ တွေ့ရပါ တယ်။ နွေဦးတော်လှန်ရေးအတွက် လိုအပ်နေတဲ့ အခက်အခဲတွေကို စိတ်အားထက်သန်စွာနဲ့ ဆက်လက်ပြီးတော့ ပါဝင်ကူညီပေးကြဖို့အတွက်လည်း ပြောထားသလို မရရှိသေးတဲ့ နေရာတွေအတွက်ကိုလည်း အားဖြည့်ပါဝင်လျှု ဒါန်းကြဖို့ပြောထားပါတယ်။

ရဲဘော်သိစိတ်ကတော့ သူတို့ရဲ့ ရွှေဘိုခရိုင် အမှတ် ၆ တပ်ရင်းအနေနဲ့ အမျိုး သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီတပ်ရင်းအလိုက် လိုက်နာကျင့်သုံးပြီး နေထိုင်တယ်လို့ ဆိုထားပါတယ်။

လိုအပ်ချက်တွေအနေနဲ့က တပ်ရင်းအလိုက် စုဖွဲ့နေထိုင်မှုမှာ နေရာထိုင်ခင်း၊ အဝတ်အစား၊ စားနပ်ရိက္ခာ၊ ပွိုင့်ဖိနပ်၊ယူနီဖောင်းကအစ ကျန်းမာရေးအတွက် ဆေးဝါးများစွာနဲ့ ဆရာဝန်များစွာ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။ ဒါအပြင် ဆက်သွယ်ရေးအတွက် ဆက်သွယ်ရေးသုံး စကားပြောစက်တွေ၊ သွားလာဆက်သွယ်ရေးအတွက် ဆိုင်ကယ်၊ကား အစရှိတဲ့ ယာဥ်ယန္တရားတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရက သူတို့လိုတပ်ရင်းတွေကို လက်နက်ရိက္ခာ တွေ ထောက်ပံ့နိုင်ဖို့အတွက် ငွေတိုက်စာချုပ်တွေ ဝယ်ယူပေးကြဖို့လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။

Add a Comment

Your email address will not be published.