မင်းအောင်လှိုင်ကြောင့် ရန်ကုန်မှာ ရေဘေးဒုက္ခတွေ့ကြုံနေရပြီ

ရန်ကုန်မှာ မီးပြတ်တာကြောင့် ရေဘေးဒုက္ခတွေ့ကြုံနေ

မတ် ၁၀၊ ၂၀၂၂

ရန်ကုန်မှာ ဆက်တိုက်မီးပြတ်တဲ့အချိန်များနေတာကြောင့် အထပ်မြင့်မှာနေထိုင်သူတွေအတွက် ရေရဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်သူတွေက Burma VJ ကိုပြောပါတယ်။

“ မီးကတောက်လျောက်ပြတ်တယ်၊ မီးလာတဲ့အချိန်လေး အားလုံးကဝိုင်းဆွဲကျတော့ မီးအားကမနိုင်ဘူး၊ တစ်ခါ ချက်ချင်း မီးကပြန်ပြတ်သွားတာမျိုးတွေဖြစ်နေတော့ ရေကလုံးဝမရဘူး၊ အပေါ်ထက်မှာနေတဲ့သူတွေဆိုရင် အိမ်သာတက်ဖို့တောင် ရေမရဘူး” လို့ပြောပါတယ်။

အများအားဖြင့် အိမ်ယာတွေမှာနေထိုင်သူတွေအတွက် ရေရရှိဖို့ တိုက်ပွဲဝင်နေရတယ်လို့ မြောက်ဒဂုံထဲက အိမ်ယာတစ်ခုမှာ နေထိုင်သူတွေကပြောပါတယ်။

“ မီးက မကြာခဏပျက်နေတော့ အိမ်ယာထဲမှာ စက်နဲ့မောင်းတင်ပြီ အလှည့်ကျပေးရတာ၊ မီးကလည်း လာရင် ခဏပဲ ပြတ်ရင်အရမ်းကြာတယ်လေ၊ ကိုယ့်အလှည့်ကို မရောက်တော့ဘူး။ ရေတစ်စည်ကို ၇၀၀၀ လောက်အထိ ပေးရတယ်။ မီးစက်နဲ့တင်ဖို့ကျတော့လည်း ဆီဈေးကြောင့် ဘယ်သူမှ မတင်နိုင်ဘူး၊ ရေက ကိုယ့်အလှည့်ကို မရောက်နိုင်ရင် စိတ်တွေတိုကြရတာပေါ့ ” လို့ပြောပါတယ်။

ရာသီဥတုပူပြင်းတဲ့အချိန်မှာ မီးပြတ်တာကြောင့် ရေမလာတဲ့အတွက် အပူဒဏ်ကို ပိုခံစားနေရတယ်လို့လည်း ရန်ကုန်မြို့ခံတွေကပြောပါတယ်။ အထပ်မြင့်တွေများတဲ့ကျောက်မြောင်း၊ တာမွေနဲ့ အိမ်ယာ တွေမှာ ရေရရှိဖို့ ပိုမိုခက်ခဲနေတယ်လို့လည်း သိရပါတယ်။

Add a Comment

Your email address will not be published.